Breaking News

သမီးမိန်းကလေး အမြဲလိုချင်ခဲ့တဲ့ မင်းသမီးဒိုင်ယာနာ။

တော်ဝင်မင်းသမီးနှစ်ယောက်ဖြစ်တဲ့ ကိတ်မစ်ဒယ်တန်နဲ့ ဒိုင်ယာနာတို့ နှစ်ယောက်ဟာ လူအများရဲ့ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရတဲ့အပြင် သူတို့နှစ်ဦးကြား နှိုင်းယှဉ်ပြောဆိုမှုများကိိုလည်း အမြဲလိုလို ရင်ဆိုင်ခဲ့ရပါတယ်။ မင်းသမီးနှစ်ယောက်လုံးဟာ ဗြိတိန် တော်ဝင်မိသားစုက မင်းသားနှစ်ယောက်နဲ့ ဖူးစာဆုံခဲ့ပြီး ကိတ်မစ်ဒယ်လ်တန်က ဝီလျံမင်းသား၊ ဒိုင်ယာနာက ချားလ်မင်းသားတို့နဲ့ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မင်းသမီးနှစ်ယောက်လုံးကတော့ တော်ဝင်မိသားစုတွေရဲ့ ပုံစံအတိုင်း နန်းဆန်ဆန်နဲ့ နေထိုင်လိုတဲ့ ဆန္ဒမရှိခဲ့ဘဲ ဂန္တဝင်ဆန်ဆန်နဲ့ပဲ ဖက်ရှင်ကျကျ လှလှပပနေထိုင်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်လုံးဟာ ကြီးကျယ်ခမ်းနားတဲ့ မိခင်တွေဖြစ်လာချိန်မှာလည်း ဖက်ရှင်မီးရောင်တွေအောက်က သူတို့ရဲ့ နေထိုင်မှုပုံစံအားလုံးကို ပြောင်းလဲပစ်ခဲ့ကြပါတယ်။ ဒိုင်ယာနာရဲ့ အိမ်တွင်းအစေခံမှူးဖြစ်တဲ့ ပေါလ်ဘာရယ်လ်ရဲ့ ပြောကြားချက်အရ ဒီမင်းသမီးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ ကွဲပြားတဲ့ လူမျိုးတွေ ဖြစ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဘာရယ်လ်က “ဒိုင်ယာနာက အမြဲတမ်း သမီးမိန်းကလေး လိုချင်ခဲ့တာပါ။ သူမဆီမှာလည်း သားတွေချည်းပဲ နှစ်ယောက်ရှိခဲ့တာပါ။ သူတို့က ဝီလျံမင်းသားနဲ့ ဟယ်ရီမင်းသားတို့ပေါ့။ သူမက အံ့အားသင့်စရာ ကောင်းလောက်အောင် သူမရဲ့ သားတွေကို တုန်နေအောင် ချစ်တာပါ။ ဝီလျံနဲ့ ဟယ်ရီတို့နှစ်ယောက်ကလည်း သူတို့ အမေရဲ့ အကြင်နာတရားနဲ့ မေတ္တာတရား ကြီးမားပုံတွေအကြောင်းကို အမြဲတမ်း နွေးနွေးထွေးထွေးနဲ့ ပြန်ပြောပြပါတယ်။ ဝီလျံမင်းသားဆိုရင်လည်း သူ့အမေရဲ့ လမ်းစဉ်အတိုင်းပဲ ချစ်ခြင်းတရား၊ ဂရုစိုက်ခြင်း၊ ပျော်ရွှင်သော မိသားစုဖြစ်စေခြင်း ဆိုတဲ့ အရာတွေကို ဖန်တီးနိုင်ဖို့ ကြိုးစားနေပါတယ်။” ဆိုပြီး Express သတင်းဌာနကို ပြောကြားသွားပါတယ်။

ကိတ်မစ်ဒယ်လ်တန်ကတော့ ဝီလျံမင်းသားနဲ့ လက်ထပ်ပြီးချိန် (၂၀၁၅) ခုနှစ်မှာ မင်းသမီးလေး Charlotte ကို မွေးဖွားပေးခဲ့ပါတယ်။ မင်းသမီးလေး Charlotte တစ်ယောက် သူ့မိဘတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်မယ့် မျက်စိအောက်မှာ ကြီးပြင်းလာမှာကို တစ်ကမ္ဘာလုံးက ပရိသတ်တွေအနေနဲ့ မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရဖို့ အခွင့်အရေး ရှိနေပါတယ်။

<Unicode Version>

 

 

သမီးမိန္းကေလး အၿမဲလိုခ်င္ခ့ဲတ့ဲ မင္းသမီးဒုိင္ယာနာ။

ေတာ္ဝင္မင္းသမီးႏွစ္ေယာက္ျဖစ္တ့ဲ  ကိတ္မစ္ဒယ္တန္နဲ႔ ဒုိင္ယာနာတို႔ ႏွစ္ေယာက္ဟာ လူအမ်ားရဲ႕ ခ်စ္ခင္ျမတ္ႏိုးျခင္းကို ခံခ့ဲရတ့ဲအျပင္ သူတု႔ိႏွစ္ဦးၾကား ႏိႈင္းယွဥ္ေျပာဆိုမႈမ်ားကိုိလည္း အၿမဲလိုလို ရင္ဆုိင္ခ့ဲရပါတယ္။ မင္းသမီးႏွစ္ေယာက္လံုးဟာ ၿဗိတိန္ ေတာ္ဝင္မိသားစုက မင္းသားႏွစ္ေယာက္နဲ႔ ဖူးစာဆံုခ့ဲၿပီး ကိတ္မစ္ဒယ္လ္တန္က ဝီလ်ံမင္းသား၊ ဒုိင္ယာနာက ခ်ားလ္မင္းသားတို႔နဲ႔ လက္ထပ္ခ့ဲၾကတာလည္း ျဖစ္ပါတယ္။ ဒါေပမ့ဲ မင္းသမီးႏွစ္ေယာက္လံုးကေတာ့ ေတာ္ဝင္မိသားစုေတြရဲ႕ ပုံစံအတိုင္း နန္းဆန္ဆန္နဲ႔ ေနထိုင္လိုတ့ဲ ဆႏၵမရွိခ့ဲဘဲ ဂႏၱဝင္ဆန္ဆန္နဲ႔ပဲ ဖက္ရွင္က်က် လွလွပပေနထိုင္ခ့ဲၾကပါတယ္။

သူတုိ႔ႏွစ္ေယာက္လံုးဟာ ႀကီးက်ယ္ခမ္းနားတ့ဲ မိခင္ေတြျဖစ္လာခ်ိန္မွာလည္း ဖက္ရွင္မီးေရာင္ေတြေအာက္က သူတို႔ရဲ႕ ေနထိုင္မႈပုံစံအားလံုးကို ေျပာင္းလဲပစ္ခ့ဲၾကပါတယ္။ ဒုိင္ယာနာရဲ႕ အိမ္တြင္းအေစခံမွဴးျဖစ္တ့ဲ  ေပါလ္ဘာရယ္လ္ရဲ႕ ေျပာၾကားခ်က္အရ ဒီမင္းသမီးႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီဘဲ ကြဲျပားတ့ဲ လူမ်ိဳးေတြ ျဖစ္ခ့ဲၾကတယ္လို႔ သိရွိရပါတယ္။

ဘာရယ္လ္က “ဒိုင္ယာနာက အၿမဲတမ္း သမီးမိန္းကေလး လိုခ်င္ခ့ဲတာပါ။ သူမဆီမွာလည္း သားေတြခ်ည္းပဲ ႏွစ္ေယာက္ရွိခ့ဲတာပါ။ သူတို႔က ဝီလ်ံမင္းသားနဲ႔ ဟယ္ရီမင္းသားတုိ႔ေပါ့။ သူမက အံ့အားသင့္စရာ  ေကာင္းေလာက္ေအာင္ သူမရဲ႕ သားေတြကို တုန္ေနေအာင္ ခ်စ္တာပါ။ ဝီလ်ံနဲ႔ ဟယ္ရီတို႔ႏွစ္ေယာက္ကလည္း  သူတုိ႔ အေမရဲ႕ အၾကင္နာတရားနဲ႔ ေမတၱာတရား ႀကီးမားပုံေတြအေၾကာင္းကို အၿမဲတမ္း ေႏြးေႏြးေထြးေထြးနဲ႔ ျပန္ေျပာျပပါတယ္။ ဝီလ်ံမင္းသားဆိုရင္လည္း သူ႔အေမရဲ႕ လမ္းစဥ္အတိုင္းပဲ ခ်စ္ျခင္းတရား၊ ဂရုစုိက္ျခင္း၊ ေပ်ာ္ရႊင္ေသာ မိသားစုျဖစ္ေစျခင္း ဆိုတ့ဲ အရာေတြကုိ ဖန္တီးႏုိင္ဖုိ႔ ႀကိဳးစားေနပါတယ္။” ဆိုၿပီး Express သတင္းဌာနကို ေျပာၾကားသြားပါတယ္။

ကိတ္မစ္ဒယ္လ္တန္ကေတာ့ ဝီလ်ံမင္းသားနဲ႔ လက္ထပ္ၿပီးခ်ိန္ (၂၀၁၅) ခုႏွစ္မွာ မင္းသမီးေလး Charlotte ကို ေမြးဖြားေပးခ့ဲပါတယ္။ မင္းသမီးေလး Charlotte တစ္ေယာက္ သူ႕မိဘေတြရဲ႕ အရိပ္တၾကည့္ၾကည့္နဲ႔  ေစာင့္ေရွာက္မယ့္ မ်က္စိေအာက္မွာ ႀကီးျပင္းလာမွာကို တစ္ကမာၻလံုးက ပရိသတ္ေတြအေနနဲ႔ မ်က္ဝါးထင္ထင္ ေတြ႔ျမင္ခြင့္ရဖို႔ အခြင့္အေရး ရွိေနပါတယ္။

<Zawgyi Version>

 

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro