Breaking News
Liverpool's new signing Joe Cole and manager Roy Hodgson (left) during the unveiling at Anfield, Liverpool.

အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သော ဆိုးရွာသည့် အပြောင်းအရွှေ့များ။

၁။ ဂျိုကိုးလ် (ချဲလ်ဆီးမှလီဗာပူးသို့ ၊ ၂၀၁၀)

“မက်ဆီက အံ့အားသင့်စရာတွေကို စွမ်းဆောင်ပြနိုင်တယ်ဆိုရင် ဂျိုကိုးလ်ကလည်း သူ့ထက် ပိုကောင်းအောင် မစွမ်းဆောင်ပြနိုင်ရင်တောင် မက်ဆီလောက်တော့ ကောင်းအောင် စွမ်းဆောင်ပြနိုင်ပါတယ် . . .” လို့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျာရတ်က ဂျိုကိုးလ်နဲ့ ပတ်သက်ပြီး တစ်ချိန်က ချီုးကျူးပြောကြားခဲ့ဖူးပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဂျိုကိုးလ်ဟာ (၂၀၁၀) ခုနှစ်တွင် လီဗာပူးအသင်းထံသို့ တစ်ပတ်လုပ်ခ ပေါင် (၉) သောင်းဖြင့် လေးနှစ်စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျိုကိုးလ်ဟာ လီဗာပူး ကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက်ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဂျိုကိုးလ်တစ်ယောက် လီဗာပူးအသင်းကို ရောက်ရှိပြီး (၁၃) လအကြာမှာပဲ ပြင်သစ်လီဂူးကလပ် လိုင်လီအသင်းကို အငှားနဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါတယ်။

 

၂။ မိုက်ကယ်အိုဝင် (ယူနိုက်တက်မှစတုတ်သို့ ၊ ၂၀၁၂)

ငှက်မြန်လေးလို့ ပရိသတ်တွေရဲ့ တင်စားခြင်းကို ခံခဲ့ရတဲ့ မိုက်ကယ်အိုဝင်ဟာ (၂၀၁၂) ခုနှစ်မှာ ယူနိုက်တက်အသင်းမှ စတုတ်စီးတီးအသင်းထံ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ စတုတ်အသင်းကို ပြောင်းရွှေ့ရတဲ့ ရည်ရွယ်ချက်က ပွဲထွက်ကစားသမား စာရင်းမှာ ပုံမှန်ပါဝင်ခွင့် ရရှိဖို့ ဖြစ်ခဲ့ပေမယ့် အိုဝင်တစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် အသင်းရဲ့ အဓိကတိုက်စစ်မှူး ပီတာခရော့ချ်ရဲ့ နောက်အရံခုံမှာသာ ရုန်းကန်ခဲ့ရပါတယ်။

လီဗာပူးအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ မိုက်ကယ်အိုဝင်ဟာ စတုတ်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲထွက် ကစားသမားစာရင်းမှာ တစ်ကြိမ်မျှ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ အသင်းအတွက် ပြိုင်ပွဲစုံ (၉) ပွဲသာ ကစားခွင့်ရရှိခဲ့တဲ့ အခြေအနေမှာ (၈) ပွဲက လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာလည်း အိုဝင်ဟာ တစ်ဂိုးသာသွင်းယူနိုင််ခဲ့ပြီး (၂၀၁၃) ခုနှစ်နွေရာသီမှာတော့ ကစားသမား ဘဝကနေ အနားယူသွားခဲ့ပါတယ်။

 

၃။ ရောဘတ်ပီရက်စ် (ဗီလာရီးရဲယ်မှအက်စတွန်ဗီလာ ၊ ၂၀၁၀)

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရောဘတ်ပီရက်စ်ဟာ အာဆင်နယ်အသင်းကို စွန့်ခွာပြီး လေးနှစ်အကြာမှာ အင်္ဂလန်ဘောလုံးလောကထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး အက်စတွန်ဗီလာအသင်းနဲ့ (၂၀၁၀) ခုနှစ် နိုဝင်ဘာမှာ (၆) လ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်သူ ရောဘတ်ပီရက်စ်ဟာ သူ့ရဲ့ အကောင်းဆုံးအချိန်တွေကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ဂျာရတ်ဟူလီယာ ကိုင်တွယ်နေတဲ့ ဗီလာအသင်းအတွက် ပရီးမီးယားလိဂ် (၉) ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ဲခြင်း မရှိတော့ပါဘူး။

 

၄။ အနယ်လ်ကာ (ရှန်ဟိုင်းရှန်ဟွာ မှ ဝက်စ်ဘရွန်းသို့ ၊ ၂၀၁၃)

ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီး၊ ဘော်လ်တန်နဲ့ ချဲလ်ဆီး အသင်းများမှာ ကစားခဲ့ဖူးတဲ့ အနယ်လ်ကာဟာ သူ့ရဲ့ ခြောက်သင်းမြောက် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ ဝက်စ်ဘရွန်းအသင်း၌ ကစားရန်အတွက် (၂၀၁၃) ခုနှစ်တွင် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းကို စွန့်ခွာခဲ့ပါတယ်။

အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အနယ်လ်ကာဟာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့့ပွဲစဉ်တစ်ခုတွင် ဂိုးသွင်းအပြီး ပြင်သစ်နိုင်ငံရေးနဲ့ ပတ်သက်ဆက်စပ်နေသည့် အောင်ပွဲခံဟန်တစ်မျိုးဖြင့် အောင်ပွဲခံခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေချမှတ်ခြင်းများကို ခံခဲ့ရပြီးနောက် ဝက်စ်ဘရွန်းအသင်းအတွက် လုံးဝ ပြန်မကစားပေးဖြစ်တော့တာလည်း ဖြစ်ပါတယ်။

 

၅။ ဟားဂရေ့ဗ်စ် (ယူနိုက်တက် မှ မန်စီးတီးသို့ ၊ ၂၀၁၁)

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု လေးကြိမ်၊ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားများကို ဆွတ်ခူးရရှိခဲ့တဲ့ အိုဝင်ဟားဂရေ့ဗ်စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာများရှိခဲ့ပါတယ်။

(၂၀၁၁) ခုနှစ် နွေရာသီမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကာ အသင်းနဲ့လမ်းခွဲပြီးနောက် သူ့ရဲ့ You Tube ဗီဒီယိုများမှတစ်ဆင့် ဟားဂရေ့ဗ်စ်အနေနဲ့ ကြံ့ခိုင်မှု အပြည့်အဝရှိသေးကြောင်း ပြသခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ဟားဂရေ့ဗ်စ််ကို ခေါ်ယူခဲ့ပါတယ်။ နှစ်ပေါင်း (၄၄) နှစ်ကြာ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ရတဲ့ မန်စီးတီးအသင်းအတွက် ဒီခေါ်ယူမှုဟာ ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုအဖြစ်ယူဆခဲ့ကြပေမယ့် ဟားဂရေ့ဗ်စ်တစ်ယောက် ဒဏ်ရာပြဿနာတွေကြောင့် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲသာ ပါဝင်ကစားခဲ့ရပြီး မန်စီးတီးအသင်းက အမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်တိုင်အောင် သတ်မှတ်ထားတဲ့ပွဲအရေအတွက် ပြည့်အောင် မကစားနိုင်ခဲ့တာကြောင့် ချန်ပီယံဆုတံဆိပ်ကိုလည်း ရရှိခဲ့ဲခြင်းမရှိပါဘူး။

<Unicode Version>

 

 

 

အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ေခၚယူခ့ဲေသာ ဆုိးရြာသည့္ အေျပာင္းအေရႊ႕မ်ား။

၁။ ဂ်ိဳကိုးလ္ (ခ်ဲလ္ဆီးမွလီဗာပူးသို႔ ၊ ၂၀၁၀)

“မက္ဆီက အံ့အားသင့္စရာေတြကို စြမ္းေဆာင္ျပႏုိင္တယ္ဆုိရင္ ဂ်ိဳကိုးလ္ကလည္း သူ႔ထက္ ပိုေကာင္းေအာင္ မစြမ္းေဆာင္ျပႏုိင္ရင္ေတာင္ မက္ဆီေလာက္ေတာ့ ေကာင္းေအာင္ စြမ္းေဆာင္ျပႏုိင္ပါတယ္ . . .” လို႔ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်ာရတ္က ဂ်ိဳကိုးလ္နဲ႕ ပတ္သက္ၿပီး တစ္ခ်ိန္က ခ်ီုးက်ဴးေျပာၾကားခ့ဲဖူးပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေဟာင္းျဖစ္တ့ဲ ဂ်ိဳကိုးလ္ဟာ (၂၀၁၀) ခုႏွစ္တြင္ လီဗာပူးအသင္းထံသုိ႔ တစ္ပတ္လုပ္ခ ေပါင္ (၉) ေသာင္းျဖင့္  ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိကာ  ေရာက္ရွိလာခ့ဲပါတယ္။

ဒါေပမ့ဲ အဂၤလန္လက္ေရြးစင္ကစားသမား ဂ်ိဳကိုးလ္ဟာ လီဗာပူး ကစားသမားဘဝ ပထမဆံုး  ေဘာလံုးရာသီတြင္ ပရီးမီးယားလိဂ္ပြဲစဥ္ (၉) ပြဲသာ ပြဲထြက္ကစားခြင့္ရခ့ဲၿပီး ဒဏ္ရာ ျပႆနာေတြနဲ႔ ဆက္တုိက္ရုန္းကန္ခ့ဲရပါတယ္။ ေနာက္ဆံုးမွာေတာ့ ဂ်ိဳကိုးလ္တစ္ေယာက္ လီဗာပူးအသင္းကို ေရာက္ရွိၿပီး (၁၃) လအၾကာမွာပဲ ျပင္သစ္လီဂူးကလပ္ လိုင္လီအသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ေရာက္ရွိသြားခ့ဲပါတယ္။

 

 

၂။ မုိက္ကယ္အိုဝင္ (ယူႏုိက္တက္မွစတုတ္သို႔ ၊ ၂၀၁၂)

ငွက္ျမန္ေလးလုိ႔ ပရိသတ္ေတြရဲ႕ တင္စားျခင္းကို ခံခ့ဲရတ့ဲ မုိက္ကယ္အိုဝင္ဟာ (၂၀၁၂) ခုႏွစ္မွာ ယူႏုိက္တက္အသင္းမွ စတုတ္စီးတီးအသင္းထံ ေျပာင္းေရႊ႕ကစားခ့ဲပါတယ္။ စတုတ္အသင္းကို ေျပာင္းေရႊ႕ရတ့ဲ ရည္ရြယ္ခ်က္က ပြဲထြက္ကစားသမား စာရင္းမွာ ပုံမွန္ပါဝင္ခြင့္ ရရွိဖို႔ ျဖစ္ခ့ဲေပမယ့္ အိုဝင္တစ္ေယာက္ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အသင္းရဲ႕ အဓိကတိုက္စစ္မွဴး ပီတာခေရာ့ခ်္ရဲ႕ ေနာက္အရံခုံမွာသာ ရုန္းကန္ခ့ဲရပါတယ္။

လီဗာပူးအသင္းရဲ႕ ဂႏၱဝင္တုိက္စစ္မွဴးျဖစ္တ့ဲ မုိက္ကယ္အုိဝင္ဟာ စတုတ္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ပြဲထြက္ ကစားသမားစာရင္းမွာ တစ္ႀကိမ္မွ် ပါဝင္ႏုိင္ခ့ဲျခင္းမရွိဘဲ အသင္းအတြက္ ၿပိဳင္ပြဲစံု (၉) ပြဲသာ ကစားခြင့္ရရွိခ့ဲတ့ဲ အေျခအေနမွာ (၈) ပြဲက လူစားဝင္ ကစားသမားအျဖစ္သာ ပါဝင္ကစားခြင့္ရခ့ဲတာလည္း ျဖစ္ပါတယ္။ ဒီကာလအတြင္းမွာလည္း အိုဝင္ဟာ တစ္ဂိုးသာသြင္းယူႏုိင္္ခ့ဲၿပီး (၂၀၁၃) ခုႏွစ္ေႏြရာသီမွာေတာ့ ကစားသမား ဘဝကေန အနားယူသြားခ့ဲပါတယ္။

 

 

၃။ ေရာဘတ္ပီရက္စ္ (ဗီလာရီးရဲယ္မွအက္စတြန္ဗီလာ ၊ ၂၀၁၀)

အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ကစားသမားေဟာင္းတစ္ဦးျဖစ္တ့ဲ ေရာဘတ္ပီရက္စ္ဟာ အာဆင္နယ္အသင္းကို စြန္႔ခြာၿပီး ေလးႏွစ္အၾကာမွာ အဂၤလန္ေဘာလံုးေလာကထံ ျပန္လည္ေရာက္ရွိလာခ့ဲၿပီး အက္စတြန္ဗီလာအသင္းနဲ႔ (၂၀၁၀) ခုႏွစ္ ႏုိဝင္ဘာမွာ (၆) လ စာခ်ဳပ္ခ်ဳပ္ဆုိခ့ဲပါတယ္။

အသက္ (၃၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ ေရာဘတ္ပီရက္စ္ဟာ သူ႔ရဲ႕ အေကာင္းဆံုးအခ်ိန္ေတြကို  ေက်ာ္လြန္ခ့ဲၿပီျဖစ္ၿပီး ဂ်ာရတ္ဟူလီယာ ကိုင္တြယ္ေနတ့ဲ ဗီလာအသင္းအတြက္ ပရီးမီးယားလိဂ္ (၉) ပြဲသာ ပါဝင္ကစားခြင့္ရရွိခ့ဲၿပီး ပုံစံေကာင္းေတြ ျပသႏုိင္ခ့ဲဲျခင္း မရွိေတာ့ပါဘူး။

 

 

၄။ အနယ္လ္ကာ (ရွန္ဟိုင္းရွန္ဟြာ မွ ဝက္စ္ဘရြန္းသို႔ ၊ ၂၀၁၃)

ပရီးမီးယားလိဂ္ ကလပ္အသင္းမ်ားျဖစ္တ့ဲ အာဆင္နယ္၊ လီဗာပူး၊ မန္စီးတီး၊ ေဘာ္လ္တန္နဲ႕ ခ်ဲလ္ဆီး အသင္းမ်ားမွာ ကစားခ့ဲဖူးတ့ဲ အနယ္လ္ကာဟာ သူ႔ရဲ႕ ေျခာက္သင္းေျမာက္ ပရီးမီးယားလိဂ္ ကလပ္အသင္းျဖစ္တ့ဲ ဝက္စ္ဘရြန္းအသင္း၌ ကစားရန္အတြက္ (၂၀၁၃) ခုႏွစ္တြင္ တရုတ္စူပါလိဂ္ကလပ္ ရွန္ဟုိင္းရွန္ဟြာအသင္းကို စြန္႔ခြာခ့ဲပါတယ္။

အသက္ (၃၄) ႏွစ္အရြယ္ရွိၿပီျဖစ္တ့ဲ အနယ္လ္ကာဟာ ဝက္စ္ဟမ္းအသင္းနဲ႔ ကစားခ့ဲတ့ဲ့ပြဲစဥ္တစ္ခုတြင္ ဂိုးသြင္းအၿပီး ျပင္သစ္ႏုိင္ငံေရးနဲ႔ ပတ္သက္ဆက္စပ္ေနသည့္  ေအာင္ပြဲခံဟန္တစ္မ်ိဳးျဖင့္  ေအာင္ပြဲခံခ့ဲတာေၾကာင့္  အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္ (FA) ရဲ႕ ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေငြခ်မွတ္ျခင္းမ်ားကို ခံခ့ဲရၿပီးေနာက္ ဝက္စ္ဘရြန္းအသင္းအတြက္ လံုးဝ ျပန္မကစားေပးျဖစ္ေတာ့တာလည္း ျဖစ္ပါတယ္။

 

 

၅။ ဟားဂေရ႕ဗ္စ္ (ယူႏုိက္တက္ မွ မန္စီးတီးသို႔ ၊ ၂၀၁၁)

ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံဆု ေလးႀကိမ္၊ ယူႏုိက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား၊ ခ်န္ပီယံလိဂ္ဖလားမ်ားကို ဆြတ္ခူးရရွိခ့ဲတ့ဲ အုိဝင္ဟားဂေရ႕ဗ္စ္ရဲ႕ ႀကံ႕ခုိင္မႈ အေျခအေနနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာမ်ားရွိခ့ဲပါတယ္။

(၂၀၁၁) ခုႏွစ္ ေႏြရာသီမွာ ယူႏုိက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးကာ အသင္းနဲ႔လမ္းခြဲၿပီးေနာက္ သူ႔ရဲ႕ You Tube ဗီဒီယိုမ်ားမွတစ္ဆင့္ ဟားဂေရ႕ဗ္စ္အေနနဲ႔ ႀကံ႕ခုိင္မႈ အျပည့္အဝရွိေသးေၾကာင္း ျပသခ့ဲတာေၾကာင့္ ယူႏုိက္တက္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းက ဟားဂေရ႕ဗ္စ္္ကို ေခၚယူခ့ဲပါတယ္။ ႏွစ္ေပါင္း (၄၄) ႏွစ္ၾကာ အမွတ္ေပးခ်န္ပီယံဆုနဲ႔ ေဝးကြာေနခ့ဲရတ့ဲ မန္စီးတီးအသင္းအတြက္ ဒီေခၚယူမႈဟာ ေကာင္းမြန္တ့ဲ ေခၚယူမႈ တစ္ခုအျဖစ္ယူဆခ့ဲၾကေပမယ့္ ဟားဂေရ႕ဗ္စ္တစ္ေယာက္ ဒဏ္ရာျပႆနာေတြေၾကာင့္  မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ တစ္ပြဲသာ ပါဝင္ကစားခ့ဲရၿပီး  မန္စီးတီးအသင္းက အမွတ္ေပးခ်န္ပီယံဆုဆြတ္ခူးႏုိင္ခ့ဲသည့္တိုင္ေအာင္ သတ္မွတ္ထားတ့ဲပြဲအေရအတြက္ ျပည့္ေအာင္ မကစားႏုိင္ခ့ဲတာေၾကာင့္ ခ်န္ပီယံဆုတံဆိပ္ကိုလည္း ရရွိခ့ဲဲျခင္းမရွိပါဘူး။

<Zawgyi Version>

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချယ်ဆီးအသင်းပိုင်ရှင်အသစ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလေဟာ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုတာကို ဆွေးနွေးခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro