Breaking News

ဗြိတိန်အိမ်ရှေ့မင်းသား ဟယ်ရီနဲ့ ကျောင်းသားဘဝအဖြစ်အပျက်တစ်ခု။

ဗြိတိန်အိမ်ရှေ့မင်းသား ဟယ်ရီနဲ့ ကျောင်းသားဘဝအဖြစ်အပျက်တစ်ခု။ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီတစ်ယောက် Ludgrove ဆိုတဲ့ ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားအဖြစ် ပညာသင်ယူနေတဲ့အချိန်တုန်းက အဖြစ်အပျက်တစ်ခုကိုတော့ မှတ်မိနိုင်တော့မယ်မထင်ပါဘူး။ ဟယ်ရီမင်းသားနဲ့ သူ့ရဲ့ ညီအစ်ကိုတော်စပ်သူ ဝီလျံမင်းသားတို့နှစ်ဦးဟာ Ludgrove ဆိုတဲ့ ဘော်ဒါကျောင်းတစ်ခုတွင် တက်ရောက်ပညာသင်ကြားခဲ့စဉ်က အခြားသော ကျောင်းသားများနည်းတူ ကျောင်းမှ အိမ်သို့ ပြန်ခွင့်မရှိဘဲ ကျောင်းအိပ်ကျောင်းစားဘဝနဲ့ နေထိုင်ခဲ့ရပါတယ်။

တော်ဝင်မင်းသားနှစ်ပါးဖြစ်တဲ့ သူတို့နှစ်ယောက်အတွက် ကိုယ်ရံတော်တွေကလည်း ကျောင်းတွင်းပတ်ဝန်းကျင်မှာပဲ ရှိနေခဲ့ပြီး မင်းသားငယ်နှစ်ယောက်ရဲ့ လုံခြုံရေးအတွက် လိုက်ပါစောင့်ကြပ်ပေးကြပါတယ်။ မင်းသားနှစ်ယောက်လုံးရဲ့ လက်တွေမှာလည်း GPS Satellite ခြေရာခံစက်ကို အချိန်ပြည့် တပ်ဆင်ထားစေပြီး အကြောင်းရင်းမှာတော့ ကိုယ်ရံတော်တွေအနေနဲ့ မင်းသား နှစ်ယောက်လုံးကို မျက်စိနဲ့တပ်အပ်မမြင်ရသည့်တိုင် ရောက်ရှိနေတဲ့ တည်နေရာတွေကိုတော့ သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါက တော်တော်လေးကို ပြင်းထန်တဲ့ ကိစ္စတစ်ခုလို့ ယူဆနိုင်ဖွယ်ရှိပေမယ့် တော်ဝင်မိသားစုအတွက် လိုအပ်တဲ့ လုံခြုံရေး စောင့်ရှောက်မှုလည်း ဖြစ်ပါတယ်။ တော်ဝင်မိသားစုတွေရဲ့ အတ္ထုပတ္တိကို ရေးသားတဲ့ စာရေးဆရာမဖြစ်သူ ကေတီနီကိုးလ်ကတော့ (၂၀၁၀) ခုနှစ်က ထွက်ရှိခဲ့တဲ့ သူမရဲ့ စာအုပ်တစ်အုပ်မှာ ဝီလျံမင်းသားနဲ့ ဟယ်ရီမင်းသားတို့နှစ်ဦးအကြောင်းကို ထည့်သွင်းဖော်ပြခဲ့ပြီး ဟယ်ရီမင်းသားဟာ သူ့ရဲ့ GPS ခြေရာခံစက်ကို ပျောက်ဆုံးခဲ့ပုံအကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။

“တစ်ညနေရောက်တော့ ဟယ်ရီဟာ ကျောင်းရဲ့ လုံခြုံရေး Alarm တစ်ခုကို နှိပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ GPS ခြေရာခံစက် ပျောက်သွားလို့ပါ။ သူနဲ့ ဝီလျံတို့ နှစ်ယောက်လုံးဟာ ဒီစက်တွေကို အမြဲလိုလို ဝတ်ဆင်ထားရတာဖြစ်ပြီး အဲ့ဒါမှလည်း သူတို့ရဲ့ ကိုယ်ရံတော်အရာရှိတွေက သူတို့နဲ့ အတူရှိမနေသည့်တိုင် သူတို့ရဲ့ တည်နေရာကို ခြေရာခံနိုင်မှာမို့လို့ပါ။ ဟယ်ရီက ဒါကို ပျောက်သွားတော့ တော်တော်ကြီး ပရမ်းပတာဖြစ်သွားကြပါတယ်။ အချိန်အတော်ကြာ ဗျာများနေပြီးတော့မှ ဒီစက်က ဟယ်ရီရဲ့ အဝတ်လျှော်ခန်းထဲက ညစ်ပတ်နေတဲ့ အဝတ်အစားတွေအောက် ရောက်နေတာကို ခြေရာခံမိကြပါတော့တယ် . . .” ဆိုပြီး ရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဟယ်ရီမင်းသားကို လက်ရှိအချိန်ထိ (၂၄) နာရီလုံးလုံး စောင့်ကြပ်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေဆဲဖြစ်ပေမယ့် သူ့အသက် (၁၇) နှစ်အရွယ်ရောက်ချိန်မှစပြီး GPS Satellite ခြေရာခံစက်ကို ကိုယ်နဲ့မကွာ ဆောင်ထားစရာ မလိုတော့့ဘူးလို့ သိရှိရပါတယ်။

<Unicode Version>

 

 

ၿဗိတိန္အိမ္ေရွ႕မင္းသား ဟယ္ရီနဲ႕ ေက်ာင္းသားဘဝအျဖစ္အပ်က္တစ္ခု။

ၿဗိတိန္အိမ္ေရွ႕မင္းသား ဟယ္ရီနဲ႕ ေက်ာင္းသားဘဝအျဖစ္အပ်က္တစ္ခု။ၿဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီတစ္ေယာက္ Ludgrove ဆိုတ့ဲ ေက်ာင္းမွာ ေက်ာင္းအိပ္ေက်ာင္းစားအျဖစ္ ပညာသင္ယူေနတ့ဲအခ်ိန္တုန္းက အျဖစ္အပ်က္တစ္ခုကိုေတာ့ မွတ္မိႏုိင္ေတာ့မယ္မထင္ပါဘူး။ ဟယ္ရီမင္းသားနဲ႔ သူ႔ရဲ႕ ညီအစ္ကိုေတာ္စပ္သူ ဝီလ်ံမင္းသားတုိ႔ႏွစ္ဦးဟာ Ludgrove ဆိုတ့ဲ  ေဘာ္ဒါေက်ာင္းတစ္ခုတြင္ တက္ေရာက္ပညာသင္ၾကားခ့ဲစဥ္က အျခားေသာ  ေက်ာင္းသားမ်ားနည္းတူ  ေက်ာင္းမွ အိမ္သို႔ ျပန္ခြင့္မရွိဘဲ ေက်ာင္းအိပ္ေက်ာင္းစားဘဝနဲ႔ ေနထိုင္ခ့ဲရပါတယ္။

ေတာ္ဝင္မင္းသားႏွစ္ပါးျဖစ္တ့ဲ သူတို႔ႏွစ္ေယာက္အတြက္ ကိုယ္ရံေတာ္ေတြကလည္း ေက်ာင္းတြင္းပတ္ဝန္းက်င္မွာပဲ ရွိေနခ့ဲၿပီး မင္းသားငယ္ႏွစ္ေယာက္ရဲ႕ လံုၿခံဳေရးအတြက္ လုိက္ပါေစာင့္ၾကပ္ေပးၾကပါတယ္။ မင္းသားႏွစ္ေယာက္လုံးရဲ႕ လက္ေတြမွာလည္း GPS Satellite ေျခရာခံစက္ကို အခ်ိန္ျပည့္ တပ္ဆင္ထားေစၿပီး အေၾကာင္းရင္းမွာေတာ့ ကိုယ္ရံေတာ္ေတြအေနနဲ႔ မင္းသား ႏွစ္ေယာက္လုံးကုိ မ်က္စိနဲ႔တပ္အပ္မျမင္ရသည့္တုိင္   ေရာက္ရွိေနတ့ဲ တည္ေနရာေတြကိုေတာ့ သိရွိႏုိင္မွာပဲ ျဖစ္ပါတယ္။

ဒါက ေတာ္ေတာ္ေလးကို ျပင္းထန္တ့ဲ ကိစၥတစ္ခုလို႔ ယူဆႏုိင္ဖြယ္ရွိေပမယ့္ ေတာ္ဝင္မိသားစုအတြက္ လုိအပ္တ့ဲ လံုၿခံဳေရး ေစာင့္ေရွာက္မႈလည္း ျဖစ္ပါတယ္။ ေတာ္ဝင္မိသားစုေတြရဲ႕ အတၳဳပတၱိကို ေရးသားတ့ဲ စာေရးဆရာမျဖစ္သူ ေကတီနီကိုးလ္ကေတာ့ (၂၀၁၀) ခုႏွစ္က ထြက္ရွိခ့ဲတ့ဲ သူမရဲ႕ စာအုပ္တစ္အုပ္မွာ ဝီလ်ံမင္းသားနဲ႕ ဟယ္ရီမင္းသားတို႔ႏွစ္ဦးအေၾကာင္းကို ထည့္သြင္းေဖာ္ျပခ့ဲၿပီး ဟယ္ရီမင္းသားဟာ သူ႔ရဲ႕ GPS ေျခရာခံစက္ကုိ ေပ်ာက္ဆံုးခ့ဲပုံအေၾကာင္းကုိလည္း ေရးသားခ့ဲပါတယ္။

“တစ္ညေနေရာက္ေတာ့ ဟယ္ရီဟာ ေက်ာင္းရဲ႕ လံုၿခံဳေရး Alarm တစ္ခုကို ႏွိပ္ခ့ဲပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ GPS ေျခရာခံစက္ ေပ်ာက္သြားလုိ႔ပါ။ သူနဲ႔ ဝီလ်ံတို႔ ႏွစ္ေယာက္လုံးဟာ ဒီစက္ေတြကုိ အၿမဲလိုလို ဝတ္ဆင္ထားရတာျဖစ္ၿပီး အ့ဲဒါမွလည္း သူတုိ႔ရဲ႕ ကိုယ္ရံေတာ္အရာရွိေတြက သူတုိ႔နဲ႔ အတူရွိမေနသည့္တုိင္ သူတို႔ရဲ႕ တည္ေနရာကို ေျခရာခံႏုိင္မွာမို႔လို႔ပါ။ ဟယ္ရီက ဒါကို ေပ်ာက္သြားေတာ့ ေတာ္ေတာ္ႀကီး ပရမ္းပတာျဖစ္သြားၾကပါတယ္။ အခ်ိန္အေတာ္ၾကာ ဗ်ာမ်ားေနၿပီးေတာ့မွ ဒီစက္က ဟယ္ရီရဲ႕ အဝတ္ေလွ်ာ္ခန္းထဲက ညစ္ပတ္ေနတ့ဲ အဝတ္အစားေတြေအာက္ ေရာက္ေနတာကို ေျခရာခံမိၾကပါေတာ့တယ္ . . .” ဆုိၿပီး ေရးသား ေဖာ္ျပခ့ဲတာျဖစ္ပါတယ္။

ဟယ္ရီမင္းသားကို လက္ရွိအခ်ိန္ထိ (၂၄) နာရီလံုးလံုး ေစာင့္ၾကပ္တ့ဲ လံုၿခံဳေရးတပ္ဖြဲ႕ေတြ ရွိေနဆဲျဖစ္ေပမယ့္ သူ႔အသက္ (၁၇) ႏွစ္အရြယ္ေရာက္ခ်ိန္မွစၿပီး  GPS Satellite ေျခရာခံစက္ကုိ ကိုယ္နဲ႔မကြာ ေဆာင္ထားစရာ မလိုေတာ့့ဘူးလို႔ သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro