HomeLifeStyleGalentine’s Day ကို မိန်းကလေးတွေအနေနဲ့ ဘယ်လိုဖြတ်သန်းကြမလဲ?

Galentine’s Day ကို မိန်းကလေးတွေအနေနဲ့ ဘယ်လိုဖြတ်သန်းကြမလဲ?

- Advertisement -

Galatine’s day ဆိုတာကတော့ Parks and Recreation ဆိုတဲ့ TV show ကနေ စတင်ဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ်ဆန်ဆန် နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းမှာတော့ ဒီဖေဖော်ဝါရီ ၁၃ ရက်နေ့ Galatine’s day ရောက်တဲ့အခါကျရင် မိန်းကလေးတွေ စည်းစည်းရုံးရုံး ပျော်ပျော်ပါးပါး စားကြသောက်ကြ ပျော်ပါးကြတဲ့ နေ့လေးတစ်နေ့ ဖြစ်လာခဲ့ပါတယ်။

၁။ ကောင်မလေးတွေစုပြီးတော့ မနက်ပိုင်းကနေ နေ့လည်အထိ အတူတူ မုန့်စားကြပါတယ်။

- Advertisement -

၂။ မိန်းကလေးသူငယ်ချင်းတွေစုပြီး ကိုယ့်အတွက်အားတက်စရာ အမျိူးသမီးဇာတ်ဆောင်တွေပါဝင်တဲ့ ရုပ်ရှင်တွေအတူတူကြည့်ရင်း ဖြတ်သန်းကြပါတယ်။

- Advertisement -

၃။ ကောင်မလေးတွေ အတူတူစုပြီး မုန့်အချိူတွေ လုပ်စားကြပါတယ်။

၄။ ကိုယ့်ရဲ့ အချစ်ဆုံး မိန်းကလေးသူငယ်ချင်းတွေနဲ့ Date လုပ်ပြီး ညစာအတူတူ စားတာပဲဖြစ်ဖြစ်၊ ရုပ်ရှင် အတူတူကြည့်တာပဲဖြစ်ဖြစ်၊ Chit Chat လုပ်တာမျိူးပဲဖြစ်ဖြစ် အတူတူဖြတ်သန်းလို့ရပါတယ်။

၅။ အနုပညာ ဝါသနာပါသူအချင်းချင်းတွေဆိုရင် ပန်းချီအတူတူဆွဲတာမျိူး၊ ကိုယ့်ရဲ့အကြိုက်ဆုံးဓာတ်ပုံတွေစုပြီး Handmade Album လုပ်ကြတာမျိူး၊ ဝိုင်ပုလင်းအဟောင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မီးသီးအဟောင်းတွေနဲ့ပဲဖြစ်ဖြစ်၊ လက်မှု အပျော်တီထွင်မှုများကိုလုပ်ကြည့်ရင်း အချိန်ကုန်ဆုံးနိုင်ပါတယ်။

၆။ Shopping ထွက်တာ ကြိုက်နှစ်သက်သူတစ်ယောက်လား ? ? ? ပိုက်ပိုက်တွေကြိုစုထားပြီး ကိုယ့်ရဲ့အနှစ်သက်ဆုံး Shopping Partner သူငယ်ချင်းလေးနဲ့အတူ Shopping တွေ တစ်နေကုန်ထွက်ပြီးလည်း ကုန်ဆုံးနိုင်ပါတယ်။

- Advertisement -

၇။ အလှအပကြိုက်တဲ့ ကောင်မလေးတွေစုပြီး Beauty Saloon သွားကာ ခေါင်းကနေခြေအဆုံး အလှပြင်ရင်းလည်း ကုန်ဆုံးနိုင်ပါတယ်။

၈။ အဝေးရောက်ချစ်သူငယ်ချင်းမလေးနဲ့လည်း Video Call တွေပြောပြီး အလွမ်းသယ်ရင်း ဖြတ်သန်းနိုင်ပါတယ်။

၉။ Wine လေးသောက်ပြီး ရီဝေဝေနဲ့ စကားတွေမရပ်မနားလုပြောကြရင်းနဲ့လည်း ဖြတ်သန်းနိုင်ပါတယ်။

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × five =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...