Kylie Jenner က Valentine’s Day အမီ ပျိုမေတွေအတွက် ရည်ရွယ်၍ သူမရဲ့ အလှကုန်ပစ္စည်းအသစ်တွေကို စောစောထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ထိုသို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ နေရာမှာလည်း သူမရဲ့ အစ်မဖြစ်သူ Kim Kardashian နဲ့ Taylor Swift တို့ရဲ့ အရှုပ်တော်ပုံကြား မသိမသာ ဝင်ပါထားပါတယ်။
ဒီကိစ္စက ဘယ်လိုဖြစ်တာလဲဆိုတော့ Kylie Jenner က သူမရဲ့ instagram story မှာ အလှကုန်ပစ္စည်းအသစ်တွေကို unboxing လုပ်ပြီး နာမည်တွေနဲ့တကွ တင်ထားခြင်းဖြစ်ပါတယ်။ ဒီနာမည်တွေက Taylor Swift ရဲ့ သီချင်းနာမည်တွေဖြစ်တဲ့ Story of Us, Forever and Always စတဲ့ သီးချင်း နာမည်တွေကို အလှကုန်ပစ္စည်းနာမည်အဖြစ် ပေးထားပြီး ပြသနာကို အစဆွဲထုတ်သလို ဖြစ်နေပါတယ်။
Kylie ရဲ့ အစ်မ ဖြစ်တဲ့ Kim Kardashian နဲ့ Taylar Swift ဟာ ရန်ငြိုးရန်စရှိထားတဲ့အတွက် သူဒီလိုလုပ်ခြင်းဟာ လူအများ စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။
Kim ဟာ Taylor နဲ့ ပတ်သတ်တဲ့ ရန်ငြိုးရန်စအကြောင်းကိုလည်း လွန်ခဲ့တဲ့ အပတ်ကမှပြောခဲ့ပါသေးတယ်။
“ Drake ထက်စာရင်တော့ Taylor Swift နဲ့ ဓာတ်လှေကားမှာ ပိတ်မိနေတာ ပိုကောင်းပါသေးတယ်.. ” ဆိုပြီး Andy Cohen ရဲ့ ပြောဆိုမှုအပေါ် “ ဒီကိစ္စတွေအားလုံး မေ့လိုက်ပါပြီ . . .” ဆိုပြီး Kim မှ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
#YDN(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share