HomeSportစီရော်နယ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အမှတ်ပေးဇယားကို (၁၁) မှတ်ဖြတ်ပြီး ဦးဆောင်လိုက်တဲ့ ဂျူဗင်တပ်စ်။

စီရော်နယ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အမှတ်ပေးဇယားကို (၁၁) မှတ်ဖြတ်ပြီး ဦးဆောင်လိုက်တဲ့ ဂျူဗင်တပ်စ်။

- Advertisement -

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂၁)တွင် ဂျူဗင်တပ်စ်အသင်းက လာဇီယိုအသင်းကို အဝေးကွင်းတွင်  နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယား ဒုတိယနေရာက နာပိုလီအသင်းကို (၁၁) မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ ပွဲကစားချိန် တစ်လျှောက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ကွင်းလယ်ကစားသမား အမ်မရီကန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဧပြီလနောက်ပိုင်း ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ရလုနီးပါးဖြစ်ခဲ့ပါတယ်။

သို့သော်လည်း အသင်းရဲ့ လူစားဝင်ကစားသမားတစ်ဦးဖြစ်သည့် ယာအိုကန်ဆယ်လိုက အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အပြင် ပွဲကစားချိန် (၈၈) မိနစ်တွင် ရရှိခဲ့သည့်ပင်နယ်တီကိုလည်း တိုက်စစ်မှူးဖြစ်သူ စီရော်နယ်ဒိုက အပိုင်ကန်သွင်းပြီး အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အဝေးကွင်းဖြစ်တဲ့  ရောမမြေမှာ  အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

- Advertisement -

ဒီသွင်းဂိုးဟာ စီရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ် ကစားသမား ဘဝ ပြိုင်ပွဲစုံ သွင်းဂိုး (၁၇) ဂိုးမြောက် သွင်းဂိုးအရေအတွက်လည်း ဖြစ်ပါတယ်။ နည်းပြအယ်လီဂရီရဲ့ ဂျူဗင်တပ်စ်အသင်းဟာ ယခုနိုင်ပွဲကြောင့် စနေနေ့က ကစားခဲ့တဲ့ အေစီမီလန်အသင်းနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှ နာပိုလီအသင်းတို့ရဲ့ သရေပွဲကို အခွင့်ကောင်းယူနိုင်ခဲ့ကာ အခုလိုမျိုးပဲ နာပိုလီအသင်းကို (၁၁) မှတ်အထိ ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ယနေ့ညမှာတော့ ကိုပါအီတလီယာဖလားပွဲစဉ်အဖြစ် အတ္တလန်တာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read