HomeEntertainmentKelly Clarkson နဲ့ NBC ရဲ့ သဘောတူညီမှုစာချုပ်ကြောင့် Steve Harvey က သူ့ရဲ့ ရုပ်သံစီစဉ်တင်ဆက်မှု အစီအစဉ်ကို...

Kelly Clarkson နဲ့ NBC ရဲ့ သဘောတူညီမှုစာချုပ်ကြောင့် Steve Harvey က သူ့ရဲ့ ရုပ်သံစီစဉ်တင်ဆက်မှု အစီအစဉ်ကို ရပ်နားမယ်လို့ ပြောကြား။

- Advertisement -

NBC ရဲ့ Talk Show တစ်ခုကို တာဝန်ယူနေတဲ့ Steve Harvey က မကြာခင် ထိုအလုပ်မှရပ်နားတော့မှာဖြစ်တဲ့ အကြောင်းကို ထုတ်ဖော်ပြောကြားလာပါတယ်။ အသက် ၆၁ နှစ်အရွယ် Steve တစ်ယောက်က သူရဲ့ ရုပ်သံအစီအစဉ် တစ်ချို့ တင်ဆက်မယ့်နေရာမှာ Kelly Clarkson ရဲ့ ရှိုးပွဲအသစ်ကို တင်ဆက်ဖို့ NBC ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် တော်တော်လေး စိတ်ကသိကအောက် ဖြစ်နေရတယ်လို့ ပြောပါတယ်။

“ ကယ်လီကလက်စင်ရဲ့ အစီအစဉ်ကို ကျွန်တော့် အစီအစဉ်နေရာမှာ အစားထိုးမယ်လို့ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက် မကြေငြာခင်အချိန်အထိ ကျွန်တော် NBC သတင်းဌာနနဲ့ ဆက်လက် လက်တွဲရမယ်လို့ ထင်နေခဲ့တာဗျ။ ဗုဒ္ဓဟူးနေ့တိုင်းပြုလုပ်တဲ့  ဖျော်ဖြေမှုပေါင်းစုံ၊ ဆွေးနွေးပွဲစကားဝိုင်းကလည်း ကျွန်တော် တာဝန်ယူတဲ့ အစီအစဉ်ပါ။ အဲဒီအစီအစဉ်ကို ရောင်းထားတာလည်း ကျွန်တော် မသိဘူး။ တစ်ကယ်ဆို ကျွန်တော့်ကို အသိပေးသင့်တာပေါ့ . . . ” ဆိုပြီး Steve မှ သူရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လမှာတော့ “ Since You’ve Been Gone ” ဆိုတဲ့ သီချင်းကို သီဆိုတဲ့ အဆိုတော် ကယ်လီကလက်စင်က သူမရဲ့ ကိုယ်ပိုင်ရုပ်သံအစီအစဉ်ကို စက်တင်ဘာလ၊ ၂၀၁၉ ခုနှစ်မှာ စတင်မယ်လို့ ကြေငြာခဲ့ပါတယ်။ သို့ပေမယ့်လည်း NBC ရဲ့ စာချုပ်ကိုင်တွယ်ပုံကို ကြည့်ပြီး “ ကျွန်တော့် ဘက်ကလည်း ကြေငြာချက်တွေ ထုတ်ပြန်ရမှာပဲ . . . ” လို့ Steve ကပြောကြားခဲ့ပါတယ်။

ကယ်လီကလက်စင်ကလည်း သူမရဲ့ ဘ၀ စာမျက်နှာကို ဖွင့်လှစ်ဖို့ အတွက် စိတ်အားထက်သန်နေပါတယ်။

- Advertisement -

“ ကျွန်မစကားပြောရတာ ကို ကြိုက်ပါတယ်။ စကားနဲ့ ဖြေရှင်းဆွေးနွေးရတာတွေကိုလည်း နှစ်သက်ပါတယ်။ ဘာမှဝင်မပြောဘဲ နေရတာ တော်တော် စိတ်ကသိကအောက် ဖြစ်ရပါတယ်။ လူတွေရဲ့ အမြင်ကိုလည်း နားထောင်ဖို့ လိုအပ်တယ်လေ။ ကျွန်မအနေနဲ့ ခံစားချက်တွေကို နားထောင်ပေးတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ် . . . ” လို့ ကယ်လီကလက်စင်က ပြောကြားခဲ့ပါတယ်။

 

- Advertisement -

#YDN(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × two =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...