Breaking News
နံနံပင်ရဲ့ အကျိူးအာနိသင်များ။
တစ်ချို့သော နာမည်ကျော်ကြားသူတွေကတော့ နံနံပင်ဖျော်ရည်လုပ်ပြီး မနက်ခင်းတိုင်း သောက်သုံးပေးတာဟာ ခန္ဓာကိုယ်အတွင်း အပူအပုပ် ကင်းစင်တဲ့အတွက် အရမ်းကိုကျေနပ်ကြပါတယ်။ တစ်ချို့ကတော့ အားဆေးအဖြစ် သောက်သုံးကြပေမယ့် အချို့အာဟာရသိပ္ပံပညာရှင်၊ အစားအသောက်နဲ့ ဇီဝဓာတု ပညာရှင်များကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ကောင်းတဲ့ဓာတ်တွေ ပျောက်ဆုံးသွားနိုင်တဲ့အတွက် နံနံပင်ဖျော်ရည်သောက်သုံးခြင်းကို အားမပေးကြပါဘူး။
နံနံပင်ဖျော်ရည်ဆိုတာဘာလဲ?
နံနံပင်ကို အရည်ညှစ်ပြီး ဖျော်ရည်ပုံစံမျိူး ဖန်တီးထားတာပါ။ နံနံပင်တစ်ပင်ချင်းဆီမှာ ဗီတာမင် K ၊ ဗီတာမင် A ၊ ပိုတက်ဆီယမ်၊ ဖော်လစ်အက်ဆစ်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး အာဟာရရှုထောင့်ဖက်က ကြည့်မယ်ဆိုရင် ကျန်းမာရေးကို အထူးကောင်းမွန်စေကာ ရောဂါဘယတွေကို ကာကွယ်ပေးတဲ့ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပဲဖြစ်ပြီး သကြားဓာတ်ကိုလည်းလျှော့ချပေးပါတယ်။
နံနံပင်ဖျော်ရည်က နာတာရှည် နာကျင်ယောင်ယမ်းခြင်းကို ကာကွယ်ပေးပါသလား?
နံနံပင်ဖျော်ရည်ဟာ နာကျင်ကိုက်ခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အသုံးမဝင်အကျိူးမဖြစ်ထွန်းတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကိုသေစေပြီး ရောဂါဘယတွေကို ကင်းရှင်စေပါတယ်။ ဖျားနာခြင်း အမျိူးမျိူးကိုလဲ ပျောက်ကင်းစေပါတယ်။ သိပွံပညာရပ်ဆိုင်ရာ စစ်တမ်းကောက်ချက်များအရ နံနံပင်ဖျော်ရည်မှာ နာတာရှည်ရောဂါ ဖြစ်စေနိုင်ခြေကို လျော့ကျအောင် ပြုလုပ်ပေးနိုင်ပါတယ်။ နံနံပင်ဖျော်ရည်နဲ့ ပတ်သက်ပြီး သိပွံဇီဝဓာတုဆိုင်ရာ စစ်တမ်းများအရ လူသားတွေ အသုံးပြုဖို့အတွက် ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ နေ့စဉ်ဘဝမှာ အသုံးပြုလို့ရနိုင်သော်လည်း အခုအချိန်ထိ စမ်းသပ်မှုတွေ ပြုလုပ်နေပါသေးတယ်။
နံနံပင်ဖျော်ရည်က အဆိပ်အတောက်ပြေစေပါသလား ?
ဒီဖက်ခေတ် ဓာတ်စာစားတဲ့နေရာမှာ အဆိပ်အတောက် ပြေစေတာနဲ့ သွေးသန့်စင်ပေးတာကို နားလည်မှုလွဲတတ်ကြပါတယ်။ နံနံပင်ဟာ အစာကြေလွယ်ပြီး သင့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်းအလုပ်နေသရွေ့တော့ ခန္ဓာကိုယ်အတွင်း အမြဲ အဆိပ်အတောက်ပြေစေမှာ ဖြစ်ပါတယ်။ ဖျော်ရည်အလွန်အကျွံသောက်သုံးခြင်း၊ စားသုံးခြင်းက ကိုယ်တွင်းကလီစာတွေဖြစ်တဲ့ အသည်း၊ အဆုတ်၊ အူလမ်းကြောင်းအလုပ်လုပ်ပုံတွေကို နှေးကွေးစေပါတယ်။ နံနံပင်ဖျော်ရည် သောက်သုံးခြင်းကလည်း အသည်းရဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရခြင်းမှ အနားပေးရာရပါတယ်။
နံနံပင်ဖျော်ရည်က ကိုယ်အလေးအချိန်လျော့တဲ့နေရာမှာ အထောက်အကူဖြစ်စေလား ?
နံနံပင်ဖျော်ရည်တွင် ကယ်လိုရီအနည်းငယ် ပါရှိပါတယ်။ တကယ်ဆို အဖျော်ယမကာနဲ့ စားသောက်ကုန် တော်တော်များများမှာ ကယ်လိုရီတော်တော်များများ ပါဝင်ပြီး နံနံပင်ဖျော်ရည်သောက်သုံးမှုကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖျော်ရည်ပုံစံ ပြုလုပ်ဖို့အတွက် အခြားလိုအပ်တဲ့ ဖြည့်စွက်အစာတွေ ထည့်ရသေးလို့ပဲဖြစ်ပါတယ်။
<Unicode Version>
နံနံပင်ရဲ့ အကျိုးအာနိသင်များ။
<Zawgyi Version>
#YDN(Soshwe)
#SoshweBeauty&Health
#SoshweForYourDailyLife
#Like&Share
About admin
Check Also
လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။
ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro