HomeLifeStyleဘဝရည်မှန်းချက်လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိနိုင်မယ့်အဆင့် ၃ ဆင့်။

ဘဝရည်မှန်းချက်လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိနိုင်မယ့်အဆင့် ၃ ဆင့်။

- Advertisement -

သင့်ရဲ့ဘဝ လက်ရှိအချိန်အခါမှာ ဘယ်နေရာကိုဦးတည်နေတယ်ဆိုတဲ့မေးခွန်းကို မိမိကိုယ်ကို ပြန်မေးဖို့ဆိုတာ လုပ်ကိုလုပ်သင့်တဲ့ ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။
သင့်ရဲ့ ရွေးချယ်မှုတွေက ဘယ်ကိုဦးတည်နေတယ်ဆိုတာ၊ ကိုယ့်ရဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေကို လုပ်ရဲ့လားဆိုတာ၊ မိမိကိုယ်ကို ပြန်မေးခွန်းထုတ်မိနေပြီဆိုရင် သင့်လိုမျိုး အခြားသူတွေလည်းပဲ အဲဒီလိုမေးခွန်းထုတ်နေတတ်တယ်ဆိုတာကို သိထားရပါမယ်။
သင့်ဘဝကို ကြိုးစားရုန်းကန်နေတုန်းမှာပဲ သင့်ရဲ့ ဦးတည်ရာကိုရှာဖွေမိနေပြီဆိုရင်တော့ အဲဒီဇဝေဇဝါဖြစ်တဲ့ သံသယစိတ်တွေကြောင့် သင်မျက်စိလည် လမ်းပျောက်နိုင်တယ်လေ။
ဒါပေမဲ့ ဒီလိုမျိုး မျက်စိလည်လမ်းပျောက်တာထုံးစံပါပဲ။
အဲဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေ တောင်ပုံယာပုံပါပဲ။

သင့်ရဲ့ စိတ်ကူးအိမ်မက်ကြီးက အခြေမခိုင် ယိုင်လဲသွားတဲ့ပုံပါပဲ။ ဒါပေမဲ့ အခု သင်လိုချင်တာကို မသိတော့ဘူး။ ဒါကြောင့်ပဲ လမ်းပျောက်သွားပြီလေ။

- Advertisement -

ဒီလိုမှမဟုတ်ရင်လဲ သင်ဘယ်ကိုဦးတည်နေလဲဆိုတာကိုမသိခဲ့ဘူး။ ပြီးတော့ သင်က ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုခံရပြီး အခြားသူများရဲ့မျှော်လင့်ချက်တွေက ဘာကိုရွေးသင့်တယ်ဆိုတာ ပြောပြပေးနေတယ်။

- Advertisement -

သင်ကိုယ်တိုင် ဘာလိုချင်လဲဆိုတာကို သေချာမသိတဲ့အတွက် ဒါမှမဟုတ် ကိုယ်လိုချင်၊ ဖြစ်ချင်ခဲ့တဲ့အရာကို မဖွင့်ဟရတဲ့အတွက် သင်ဟာ သူများပါစပ်မှာပဲ လမ်းဆုံးသွားသလို ဖြစ်ပြီပေါ့။ ဒါကြောင့် ကိုယ်တကယ်ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးအိပ်မက်နဲ့ လမ်းကြောင်းလွဲပြီး နောက်ကြောင်းပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူးပေါ့။

- Advertisement -

သင့်ကိုယ်သင် ပြန်ပြီး မေးခွန်းထုတ်ဖို့အတွက် မေးခွန်းကောင်းတွေအများကြီးရပါတယ်။
သင့်ရည်မှန်းချက်လမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့ သင့်အတွက် ကောင်းမွန်တဲ့ အသိညဏ်ပညာတွေကိုပေးမယ့် မေးခွန်းတွေပေါ့။

ဘာလို့လဲဆိုတော့ သင့်ရဲ့အတိတ်ကို သေသေချာချာ ပြန်သုံးသပ်နိုင်မှ ကောင်းမွန်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘယ်နေရာတွေရောက်ခဲ့တယ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိနိုင်မှ မိမိဘဝ ဘယ်ကိုဦးတည်နေလဲဆိုတဲ့ အဖြေတွေ၊ အခြေအနေတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်သင်မျက်စိလည်လမ်းပျောက်နေပြီဆိုရင် အကောင်းဆုံးလုပ်သင့်တာက သင့်ရည်ရွယ်ချက်လမ်းကြောင်းကို ပြန်လည်တည်ဆောက်ဖို့ အဓိက အထောက်အကူဖြစ်မယ့် သင်ကျင်လည်ရာ နယ်ပယ်အသီးသီးကို စေ့စေ့ငှငှပြန်လည်ဝေဖန်သုံးသပ်ဖို့ပါပဲ။

၁. သင်သာလျှင် အဓိက။

သင်သာလျှင် အဓိကဆိုတော့ ကလေးစာသင်ခန်းထဲက နံရံကပ်ပိုစတာလိုဖြစ်နေပြီပေါ့။ အမှန်တကယ်တော့ ဆိုလိုရင်းအဓိပ္ပာယ်ကို ဖော်ထုတ်ဖို့အတွက် မီးမောင်းထိုးပြတဲ့အရာတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘာဖြစ်သင့်တယ်ဆိုတာကို ပုံစံခွက်ချဖို့ ကြိုးစားနေကြတာပါ။ ဒါပေမယ့် ပုံစံခွက်ချတယ်ဆိုတာကို ပြန်စဉ်းစားကြည့်လိုက်တိုင်း ကျွန်တော်တို့ဘဝကို ကျွန်တော်တို့က ဘောင်ခတ်ကန့်သတ်လိုက်သလိုပါပဲ။ အဲဒီပုံစံခွက်တွေနဲ့အတူ အဆင်ပြေသလိုနေလိုက်ခြင်းက မျက်စိလည်လမ်းပျောက်ဖို့အလွယ်ဆုံး နည်းပါပဲ။ ကိုယ့်အမူအကျင့်၊ ကိုယ့်စိတ်ကူးအတိုင်း ကိုယ့်ဘဝလမ်းခရီးကို မလျှောက်လှမ်းဘူးဆိုရင် မှန်ကန်တဲ့အခွင့်အလမ်းတွေက သင့်ဆီကိုရောက်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘဝ ကိုယ်ပိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်က သင့်ကိုသင်အမြဲပြောနေတဲ့ ပြောင်းလဲသင့်တဲ့အရာတွေကနေ စတင်ကာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ ကိုယ့်ဘဝ ကိုယ့်စတိုင် ကိုယ်သာလျှင် ပဓာနဖြစ်ဖို့အရေးကြီးပါတယ်။

၂. လွန်ခဲ့တဲ့တစ်နှစ်က သင့်ကိုအားအင် အဖြစ်စေခဲ့ဆုံးအရာကို ပြန်လည်ရှာဖွေပါ။

နှစ်တစ်နှစ်အတွင်းမှာ အလုပ်တွေအများကြီးလုပ်ခဲ့တယ်။ တစ်ချို့အရာတွေကိုကျွန်တော်တို့တွေ နှစ်သက်သဘောကျခဲ့တယ်။ တော်တော်များများကိုတော့ မေ့ပစ်ကုန်တာများပါတယ်။ မကြိုက်နှစ်သက်ခဲ့တဲ့ အရာတွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့ လုပ်ခဲ့တဲ့၊ ပြောခဲ့တဲ့၊ စိတ်ကူးခဲ့တဲ့အရာတွေကတော့ ပြန်သတိရချင်တဲ့အခါမှာ အလွယ်လေး စဉ်းစားမိလာတာပါပဲ။ လမ်းပျောက်နေတာကို ပြန်လည်တည့်မတ်မယ့်အစား ပြီးဆုံးခဲ့တဲ့ ကိစ္စရပ်တွေကို ပြန်လည်အစားထိုးဆန်းစစ်သင့်ပါတယ်။

ဘယ်အရာတွေက သင့်ရဲ့ဘဝကိုမြှင့်တင်ပေးတယ်။ ဘာတွေကတော့ အထောက်အပံ့မပေးခဲ့ဘူးဆိုတာကို သိရင် သင် ဘယ်ကိုဦးတည်ရမယ်ဆိုတာ သိလာမှာပါ။ ဒါကြောင့်ဒီမေးခွန်းလေးတွေ ဖြေကြည့်ဖို့အတွက် ခဏလောက်အချိန်ပေးကြည့်ပါလား။

၁။ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်းမှာ ဘာလုပ်ဆောင်ချက်က စိတ်အားတက်ကြွစေပြီး ဘာတွေက စိတ်အားယုတ်လျော့စေခဲ့သလဲ ? ? ?

၂။ ပြီးခဲ့တဲ့နှစ်တစ်နှစ်အတွင်းမှာ ဘာလုပ်ဆောင်ချက်တွေက စိတ်စွမ်းအားတွေတိုးပွားစေပြီး ဘာတွေကများစိတ်အားထိုးကျစေခဲ့သလဲ ? ? ?

၃။ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ဘာအလုပ်တွေက ဂုဏ်ယူစရာဖြစ်စေခဲ့ပြီး ဘာတွေက စိတ်အားငယ်စေခဲ့သလဲ ? ? ?

အဲဒီလိုမေးခွန်းတွေဖြေကြည့်တဲ့အခါမှာ ပြန်စဉ်းစားလို့ပေါ်လာတဲ့လုပ်ဆောင်ချက်တွေကို သင်တော်တော် အံအားသင့်သွားမှာပါ။

၃. ကိစ္စ သေးသေးလေးလေးကနေ စတွေးပါ။

အခုဆိုရင် ဘယ်အရာက စိတ်ပျက်အားလျှော့စေလဲ၊ ဘာတွေက စိတ်ခွန်အားတွေပေးလဲဆိုတာ တစ်စွန်းတစ်စနားလည်လောက်ပါပြီ။ အခုဆိုရင် အဲဒီအကျိုးအပြစ်တွေနဲ့ပတ်သက်ပြီး စာရွက်ပေါ်မှာချရေးရမယ့် အချိန်ရောက်ပါပြီ။ စီမံကိန်းအကြီးကြီးဖြစ်စရာမလိုပါဘူး။ စီမံကိန်းကြီးနေရင် ယုံကြည်မှုရှိမှာမဟုတ်ဘူး အခုလုပ်ငန်းသေးသေးလေး၊ ကိစ္စသေးသေးလေးကနေ စတင်ရပါမယ်။ ကိစ္စအသေးလေးက သင့်ရဲ့ခံစားချက်ကို စမ်းသပ်ခွင့်ပေးလိုက်သလိုပါပဲ။ ခြေတစ်လှမ်းဟာ မသေချာမရေရာတဲ့လုပ်ငန်းကြီးထက်စာရင် ပိုပြီးသေချာမှုရှိပါတယ်။ အဲဒီလို ကိစ္စအသေးလေးတွေကပဲ သင့်ကိုရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ပို့ဆောင်ပေးနိုင်ပါတယ်။

လူဆိုတာ အသိုင်းအဝိုင်းနဲ့မကင်းပါဘူး။ ကျွန်တော်တို့လမ်းပျောက်နေတဲ့အခါမှာတော့ အပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်လာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကိုမဖွင့်ဟဘူး၊ စိတ်ထဲမှာကြိတ်ခံစားတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ကျွန်တော်တို့စိတ်ဆင်းရဲနေတယ်ဆိုတာ မသိစေချင်ကြပါဘူး။ ဒါပေမဲ့ အဲဒီလိုစိတ်ဖြစ်နေတဲ့အခါ အကြံညဏ်ပေးနိုင်တဲ့သူကို ရှာရပါလိမ့်မယ်။ အဲဒီလိုကူညီပေးဖို့ အသင့်ရှိနေတဲ့သူတွေက သင့်ကိုကြိုဆိုနေတယ်ဆိုတာကို တွေ့လာပါလိမ့်မယ်။

သင်လမ်းပျောက်နေတာကို ကူညီဖြေရှင်းပေးပြီး သင့်ရဲ့လမ်းပျောက်နေတဲ့ခံစားချက်ကို နားလည်ပေးဖို့နဲ့ သင့်ကို စိတ်ဓာတ်ခွန်အားတွေ ပြန်လည့်ရရှိအောင် ကူညီထောက်ပံ့ပေးနိုင်တဲ့သူကို သိဖို့အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ဒီညွှန်ကြားချက်တွေဖတ်ပြီးတဲ့အခါ အဲဒီလို ကူညီပေးနိုင်တဲ့လူကိုချရေးထားဖို့အချိန်ခဏလေးယူလိုက်ပါ။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သင့်ကို အမြဲ ယုံကြည်ပေးနေသူ၊ သင်ဘယ်လိုပဲပြောပြော လက်ခံပေးနိုင်တဲ့သူဖြစ်ရမယ်။
ဘယ်လိုလူက အစီအစဉ်တွေဆွဲပေးနိုင်သလဲ၊ ဘယ်သူတွေက မဟာဗျူဟာ နည်းဗျူဟာတွေ ဆွဲပေးနိုင်လဲ?
ဘယ်သူက အမှားအမှန်ခွဲခြားပြနိုင်သလဲ?
ဘယ်သူတွေက သင်ဟာ သူတို့တွေနဲ့အတူရှိနေချိန်မှာ သူများနဲ့မတူ တမူထူးခြားတဲ့သူလို ခံစားရစေသလဲ?
အဲဒီလိုလူမျိုးတွေနဲ့တွဲပါ။ သူတို့တွေနဲ့အတူ ခံစားချက်ချင်းဖလှယ်ပါ။ သင့်ရဲ့ဦးတည်ချက်၊ သင်လုပ်ရမယ့် ကိစ္စအသေးအမွှားလေးများကို သူတို့နဲ့တိုင်ပင်ပါ။ သူတို့က ကူညီလုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။ သူတို့တွေက သင့်ရဲ့စိတ်ကိုမြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တယ်လေ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုမျိုးပေါ့။
သင့်ရဲ့စိတ်ဓာတ်ကျလမ်းပျောက်နေတဲ့ ခံစားချက်ကတော့ တစ်နေ့တည်းနဲ့ ပျောက်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်က သူများရဲ့ပါးစပ်မှာ လမ်းမဆုံးဘူး၊ အတိတ်ကနေသင်ခန်းစာယူနိုင်မယ့် သင့်ရဲ့လုပ်ငန်းကြီးအတွက် ကိစ္စအသေးအမွှားလေးတွေကစပြီး ပြီးမြောက်အောင်လုပ်နိုင်မယ်၊ သင့်ကိုလမ်းညွှန်ပေးမယ့် လူကိုရှာနိုင်မယ်ဆိုရင် သင်လမ်းကြောင်းမှန်ကိုပြန်လည်ရောက်ရှိနိုင်ပါတယ်။ သင့်ရဲ့စိတ်ကူးအိပ်မက်တစ်ခုကပဲ သင့်ရဲ့နောက်ဆုံးခရီးလမ်းဆုံးကို ရောက်ရှိအောင်လမ်းပြနိုင်ပါတယ်။
<Unicode Version>

 

ဘဝရည္မွန္းခ်က္လမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိႏိုင္မယ့္အဆင့္ ၃ ဆင့္။

  • သင့္ရဲ႕ဘ၀ လက္ရွိအခ်ိန္အခါမွာ ဘယ္ေနရာကိုဦးတည္ေနတယ္ဆိုတဲ့ေမးခြန္းကို မိမိကိုယ္ကို ျပန္ေမးဖို႔ဆိုတာ လုပ္ကိုလုပ္သင့္တ့ဲ ကိစၥရပ္တစ္ခုပဲျဖစ္ပါတယ္။
  • သင့္ရဲ႕ ေရြးခ်ယ္မႈေတြက ဘယ္ကိုဦးတည္ေနတယ္ဆိုတာ၊ ကိုယ့္ရဲ႕မွန္ကန္တဲ့ေရြးခ်ယ္မႈေတြကို လုပ္ရဲ႕လားဆိုတာ၊ မိမိကိုယ္ကို ျပန္ေမးခြန္းထုတ္မိေနၿပီဆိုရင္ သင့္လိုမ်ဳိး အျခားသူေတြလည္းပဲ အဲဒီလိုေမးခြန္းထုတ္ေနတတ္တယ္ဆိုတာကို သိထားရပါမယ္။
  • သင့္ဘ၀ကို ႀကိဳးစားရုန္းကန္ေနတုန္းမွာပဲ သင့္ရဲ႕ ဦးတည္ရာကိုရွာေဖြမိေနၿပီဆိုရင္ေတာ့ အဲဒီဇေ၀ဇ၀ါျဖစ္တဲ့ သံသယစိတ္ေတြေၾကာင့္ သင္မ်က္စိလည္ လမ္းေပ်ာက္ႏိုင္တယ္ေလ။
  • ဒါေပမဲ့ ဒီလိုမ်ဳိး မ်က္စိလည္လမ္းေပ်ာက္တာထံုးစံပါပဲ။
  • အဲဒီလိုမ်ဳိး ျဖစ္ရတဲ့ အေၾကာင္းရင္းေတြ ေတာင္ပံုယာပံုပါပဲ။

သင့္ရဲ႕ စိတ္ကူးအိမ္မက္ႀကီးက အေျခမခိုင္ ယိုင္လဲသြားတဲ့ပံုပါပဲ။ ဒါေပမဲ့ အခု သင္လိုခ်င္တာကို မသိေတာ့ဘူး။ ဒါေၾကာင့္ပဲ လမ္းေပ်ာက္သြားၿပီေလ။

ဒီလိုမွမဟုတ္ရင္လဲ သင္ဘယ္ကိုဦးတည္ေနလဲဆိုတာကိုမသိခဲ့ဘူး။ ၿပီးေတာ့ သင္က ပတ္၀န္းက်င္ရဲ႕ လႊမ္းမိုးမႈခံရၿပီး အျခားသူမ်ားရဲ႕ေမွ်ာ္လင့္ခ်က္ေတြက ဘာကိုေရြးသင့္တယ္ဆိုတာ ေျပာျပေပးေနတယ္။

သင္ကိုယ္တိုင္ ဘာလိုခ်င္လဲဆုိတာကို ေသခ်ာမသိတဲ့အတြက္ ဒါမွမဟုတ္ ကိုယ္လိုခ်င္၊ ျဖစ္ခ်င္ခဲ့တဲ့အရာကို မဖြင့္ဟရတဲ့အတြက္ သင္ဟာ သူမ်ားပါစပ္မွာပဲ လမ္းဆံုးသြားသလို ျဖစ္ၿပီေပါ့။ ဒါေၾကာင့္ ကိုယ္တကယ္ျဖစ္ခ်င္ခဲ့တဲ့ စိတ္ကူးအိပ္မက္နဲ႔ လမ္းေၾကာင္းလြဲၿပီး ေနာက္ေၾကာင္းျပန္လွည့္ဖို႔မျဖစ္ႏိုင္ေတာ့ဘူးေပါ့။

  • သင့္ကိုယ္သင္ ျပန္ၿပီး ေမးခြန္းထုတ္ဖို႕အတြက္ ေမးခြန္းေကာင္းေတြအမ်ားႀကီးရပါတယ္။
  • သင့္ရည္မွန္းခ်က္လမ္းေၾကာင္းေပၚကိုျပန္ေရာက္ဖို႔ သင့္အတြက္ ေကာင္းမြန္တဲ့ အသိညဏ္ပညာေတြကိုေပးမယ့္ ေမးခြန္းေတြေပါ့။

ဘာလို႔လဲဆိုေတာ့ သင့္ရဲ႕အတိတ္ကို ေသေသခ်ာခ်ာ ျပန္သံုးသပ္ႏိုင္မွ ေကာင္းမြန္တ့ဲ အနာဂတ္ေတြကို ပိုင္ဆိုင္ႏိုင္မွာျဖစ္တ့ဲအတြက္ေၾကာင့္ ကၽြန္ေတာ္တို႔ဘယ္ေနရာေတြေရာက္ခဲ့တယ္၊ ဘာေတြျဖစ္ခဲ့တယ္ဆိုတာ သိႏိုင္မွ မိမိဘဝ ဘယ္ကိုဦးတည္ေနလဲဆိုတဲ့ အေျဖေတြ၊ အေျခအေနေတြကို သိရွိႏိုင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္သင္မ်က္စိလည္လမ္းေပ်ာက္ေနၿပီဆိုရင္ အေကာင္းဆံုးလုပ္သင့္တာက သင့္ရည္ရြယ္ခ်က္လမ္းေၾကာင္းကို ျပန္လည္တည္ေဆာက္ဖို႔ အဓိက အေထာက္အကူျဖစ္မယ့္ သင္က်င္လည္ရာ နယ္ပယ္အသီးသီးကို ေစ့ေစ့ငွငွျပန္လည္ေ၀ဖန္သံုးသပ္ဖို႔ပါပဲ။

၁. သင္သာလွ်င္ အဓိက။

သင္သာလွ်င္ အဓိကဆိုေတာ့ ကေလးစာသင္ခန္းထဲက နံရံကပ္ပိုစတာလိုျဖစ္ေနၿပီေပါ့။ အမွန္တကယ္ေတာ့ ဆိုလိုရင္းအဓိပၸာယ္ကို ေဖာ္ထုတ္ဖို႔အတြက္ မီးေမာင္းထိုးျပတဲ့အရာတစ္ခုပါ။ ဘာလို႔လဲဆုိေတာ့ ကၽြန္ေတာ္တို႔ ဘာျဖစ္သင့္တယ္ဆိုတာကို ပံုစံခြက္ခ်ဖို႔ ႀကိဳးစားေနၾကတာပါ။ ဒါေပမယ့္ ပံုစံခြက္ခ်တယ္ဆိုတာကို ျပန္စဥ္းစားၾကည့္လိုက္တိုင္း ကၽြန္ေတာ္တို႔ဘ၀ကို ကၽြန္ေတာ္တို႔က ေဘာင္ခတ္ကန္႔သတ္လိုက္သလုိပါပဲ။ အဲဒီပံုစံခြက္ေတြနဲ႕အတူ အဆင္ေျပသလိုေနလိုက္ျခင္းက မ်က္စိလည္လမ္းေပ်ာက္ဖို႔အလြယ္ဆံုး နည္းပါပဲ။ ကိုယ့္အမူအက်င့္၊ ကုိယ့္စိတ္ကူးအတိုင္း ကိုယ့္ဘ၀လမ္းခရီးကို မေလွ်ာက္လွမ္းဘူးဆိုရင္ မွန္ကန္တဲ့အခြင့္အလမ္းေတြက သင့္ဆီကိုေရာက္လာမွာမဟုတ္ပါဘူး။ ကိုယ့္ဘ၀ ကိုယ္ပိုင္တဲ့လူတစ္ေယာက္ျဖစ္ဖို႔အတြက္က သင့္ကိုသင္အၿမဲေျပာေနတဲ့ ေျပာင္းလဲသင့္တဲ့အရာေတြကေန စတင္ကာ ျပန္လည္ဆန္းစစ္သင့္ပါတယ္။ ကိုယ့္ဘ၀ ကိုယ့္စတိုင္ ကိုယ္သာလွ်င္ ပဓာနျဖစ္ဖို႔အေရးႀကီးပါတယ္။

 

၂. လြန္ခဲ့တဲ့တစ္ႏွစ္က သင့္ကိုအားအင္ အျဖစ္ေစခဲ့ဆံုးအရာကို ျပန္လည္ရွာေဖြပါ။

ႏွစ္တစ္ႏွစ္အတြင္းမွာ အလုပ္ေတြအမ်ားႀကီးလုပ္ခဲ့တယ္။ တစ္ခ်ဳိ႕အရာေတြကိုကၽြန္ေတာ္တို႔ေတြ ႏွစ္သက္သေဘာက်ခဲ့တယ္။ ေတာ္ေတာ္မ်ားမ်ားကိုေတာ့ ေမ့ပစ္ကုန္တာမ်ားပါတယ္။ မႀကိဳက္ႏွစ္သက္ခဲ့တဲ့ အရာေတြကလည္း အမ်ားႀကီးပါပဲ။ ဒါေပမဲ့ လုပ္ခဲ့တဲ့၊ ေျပာခဲ့တဲ့၊ စိတ္ကူးခဲ့တဲ့အရာေတြကေတာ့ ျပန္သတိရခ်င္တဲ့အခါမွာ အလြယ္ေလး စဥ္းစားမိလာတာပါပဲ။ လမ္းေပ်ာက္ေနတာကို ျပန္လည္တည့္မတ္မယ့္အစား ၿပီးဆုံးခ့ဲတ့ဲ ကိစၥရပ္ေတြကို ျပန္လည္အစားထိုးဆန္းစစ္သင့္ပါတယ္။

ဘယ္အရာေတြက သင့္ရဲ႕ဘ၀ကိုျမွင့္တင္ေပးတယ္။ ဘာေတြကေတာ့ အေထာက္အပံ့မေပးခဲ့ဘူးဆိုတာကို သိရင္ သင္ ဘယ္ကိုဦးတည္ရမယ္ဆိုတာ သိလာမွာပါ။ ဒါေၾကာင့္ဒီေမးခြန္းေလးေတြ ေျဖၾကည့္ဖို႔အတြက္ ခဏေလာက္အခ်ိန္ေပးၾကည့္ပါလား။

၁။ ၿပီးခဲ့တဲ့တစ္ႏွစ္တာအတြင္းမွာ ဘာလုပ္ေဆာင္ခ်က္က စိတ္အားတက္ၾကြေစၿပီး ဘာေတြက စိတ္အားယုတ္ေလ်ာ႕ေစခ့ဲသလဲ ? ? ?

၂။ ၿပီးခဲ့တဲ့ႏွစ္တစ္ႏွစ္အတြင္းမွာ ဘာလုပ္ေဆာင္ခ်က္ေတြက စိတ္စြမ္းအားေတြတုိးပြားေစၿပီး ဘာေတြကမ်ားစိတ္အားထုိးက်ေစခဲ့သလဲ ? ? ?

၃။ ၿပီးခဲ့တဲ့တစ္ႏွစ္အတြင္းမွာ ဘာအလုပ္ေတြက ဂုဏ္ယူစရာျဖစ္ေစခဲ့ၿပီး ဘာေတြက စိတ္အားငယ္ေစခဲ့သလဲ ? ? ?

အဲဒီလိုေမးခြန္းေတြေျဖၾကည့္တဲ့အခါမွာ ျပန္စဥ္းစားလို႔ေပၚလာတဲ့လုပ္ေဆာင္ခ်က္ေတြကို သင္ေတာ္ေတာ္ အံအားသင့္သြားမွာပါ။

 

၃. ကိစၥ ေသးေသးေလးေလးကေန စေတြးပါ။

အခုဆိုရင္ ဘယ္အရာက စိတ္ပ်က္အားေလွ်ာ႕ေစလဲ၊ ဘာေတြက စိတ္ခြန္အားေတြေပးလဲဆိုတာ တစ္စြန္းတစ္စနားလည္ေလာက္ပါၿပီ။ အခုဆိုရင္ အဲဒီအက်ဳိးအျပစ္ေတြနဲ႔ပတ္သက္ၿပီး စာရြက္ေပၚမွာခ်ေရးရမယ့္ အခ်ိန္ေရာက္ပါၿပီ။ စီမံကိန္းအႀကီးႀကီးျဖစ္စရာမလိုပါဘူး။ စီမံကိန္းႀကီးေနရင္ ယံုၾကည္မႈရွိမွာမဟုတ္ဘူး အခုလုပ္ငန္းေသးေသးေလး၊ ကိစၥေသးေသးေလးကေန စတင္ရပါမယ္။ ကိစၥအေသးေလးက သင့္ရဲ႕ခံစားခ်က္ကို စမ္းသပ္ခြင့္ေပးလိုက္သလိုပါပဲ။ ေျခတစ္လွမ္းဟာ မေသခ်ာမေရရာတဲ့လုပ္ငန္းႀကီးထက္စာရင္ ပိုၿပီးေသခ်ာမႈရွိပါတယ္။ အဲဒီလို ကိစၥအေသးေလးေတြကပဲ သင့္ကိုရည္မွန္းခ်က္ပန္းတိုင္ေရာက္ဖို႔ ပို႔ေဆာင္ေပးႏိုင္ပါတယ္။

လူဆိုတာ အသိုင္းအ၀ိုင္းနဲ႔မကင္းပါဘူး။ ကၽြန္ေတာ္တို႔လမ္းေပ်ာက္ေနတဲ့အခါမွာေတာ့ အေပါင္းအသင္းေတြနဲ႔ အဆက္ျဖတ္လာတတ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ခံစားခ်က္ေတြကိုမဖြင့္ဟဘူး၊ စိတ္ထဲမွာႀကိတ္ခံစားတယ္။ ကိုယ့္ရဲ႕ သူငယ္ခ်င္းေတြ၊ မိသားစု၀င္ေတြကို ကၽြန္ေတာ္တို႔စိတ္ဆင္းရဲေနတယ္ဆိုတာ မသိေစခ်င္ၾကပါဘူး။ ဒါေပမဲ့ အဲဒီလိုစိတ္ျဖစ္ေနတဲ့အခါ အၾကံညဏ္ေပးႏိုင္တဲ့သူကို ရွာရပါလိမ့္မယ္။ အဲဒီလိုကူညီေပးဖို႔ အသင့္ရွိေနတဲ့သူေတြက သင့္ကိုႀကိဳဆိုေနတယ္ဆိုတာကို ေတြ႕လာပါလိမ့္မယ္။

သင္လမ္းေပ်ာက္ေနတာကို ကူညီေျဖရွင္းေပးၿပီး သင့္ရဲ႕လမ္းေပ်ာက္ေနတဲ့ခံစားခ်က္ကို နားလည္ေပးဖို႔နဲ႔ သင့္ကို စိတ္ဓာတ္ခြန္အားေတြ ျပန္လည္႕ရရွိေအာင္ ကူညီေထာက္ပံ့ေပးႏိုင္တဲ့သူကို သိဖို႔အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင့္ ဒီညႊန္ၾကားခ်က္ေတြဖတ္ၿပီးတဲ့အခါ အဲဒီလို ကူညီေပးႏိုင္တဲ့လူကိုခ်ေရးထားဖို႔အခ်ိန္ခဏေလးယူလိုက္ပါ။

  • ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ သင့္ကို အၿမဲ ယုံၾကည္ေပးေနသူ၊ သင္ဘယ္လိုပဲေျပာေျပာ လက္ခံေပးႏိုင္တဲ့သူျဖစ္ရမယ္။
  • ဘယ္လိုလူက အစီအစဥ္ေတြဆြဲေပးႏိုင္သလဲ၊ ဘယ္သူေတြက မဟာဗ်ဴဟာ နည္းဗ်ဴဟာေတြ ဆြဲေပးႏိုင္လဲ?
  • ဘယ္သူက အမွားအမွန္ခြဲျခားျပႏိုင္သလဲ?
  • ဘယ္သူေတြက သင္ဟာ သူတို႔ေတြနဲ႔အတူရွိေနခ်ိန္မွာ သူမ်ားနဲ႔မတူ တမူထူးျခားတဲ့သူလို ခံစားရေစသလဲ?
  • အဲဒီလိုလူမ်ဳိးေတြနဲ႔တြဲပါ။ သူတို႔ေတြနဲ႔အတူ ခံစားခ်က္ခ်င္းဖလွယ္ပါ။ သင့္ရဲ႕ဦးတည္ခ်က္၊ သင္လုပ္ရမယ့္ ကိစၥအေသးအမႊားေလးမ်ားကို သူတို႔နဲ႕တိုင္ပင္ပါ။ သူတို႔က ကူညီလုပ္ေဆာင္ေပးႏိုင္ပါလိမ့္မယ္။ သူတို႔ေတြက သင့္ရဲ႕စိတ္ကိုျမွင့္တင္ေပးႏိုင္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ လိုအပ္တယ္ေလ။ ကိုင္းကၽြန္းမွီ ကၽြန္းကိုင္းမွီဆိုသလိုမ်ဳိးေပါ့။
  • သင့္ရဲ႕စိတ္ဓာတ္က်လမ္းေပ်ာက္ေနတဲ့ ခံစားခ်က္ကေတာ့ တစ္ေန႔တည္းနဲ႔ ေပ်ာက္သြားမွာမဟုတ္ပါဘူး။ ဒါေပမဲ့ သင္က သူမ်ားရဲ႕ပါးစပ္မွာ လမ္းမဆံုးဘူး၊ အတိတ္ကေနသင္ခန္းစာယူႏိုင္မယ့္ သင့္ရဲ႕လုပ္ငန္းႀကီးအတြက္ ကိစၥအေသးအမႊားေလးေတြကစၿပီး ၿပီးေျမာက္ေအာင္လုပ္ႏိုင္မယ္၊ သင့္ကိုလမ္းညႊန္ေပးမယ့္ လူကိုရွာႏိုင္မယ္ဆိုရင္ သင္လမ္းေၾကာင္းမွန္ကိုျပန္လည္ေရာက္ရွိႏိုင္ပါတယ္။ သင့္ရဲ႕စိတ္ကူးအိပ္မက္တစ္ခုကပဲ သင့္ရဲ႕ေနာက္ဆံုးခရီးလမ္းဆံုးကို ေရာက္ရွိေအာင္လမ္းျပႏိုင္ပါတယ္။

<Zawgyi Version>

 

 

#YDN(Soshwe)

#SoshweLifeStyle

#SoshweForYourDaillyLife

#Like&Share

- Advertisement -

Must Read