Breaking News

လေကြောင်းလိုင်းမှတစ်ဆင့် ခရီးထွက်ဖို့ပြင်ဆင်နေသူတွေအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ။

ဒီတစ်ခေါက်မှာတော့ Soshwe မှ စာဖတ်ပရိတ်သတ်တွေကို ဗဟုသုတလည်း ရစေနိုင်မယ့် လေဆိပ်ရောက်ရင် ရှောင်ရှားရမယ့် ကိစ္စရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ လေဆိပ်သို့ နောက်ကျပြီးမှ ရောက်သွားတာမျိူး ရှောင်ရှားသင့်ပါတယ်။

လေယာဉ်နဲ့ခရီးသွားမယ်ဆိုရင် အချိန်မှီရောက်ရှိဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ နောက်ကျပြီိး ရောက်ရှိလာခြင်းဟာ လေယာဉ်မမှီရုံသာမက တစ်ခြားခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေကိုပါ အနှောက်အယှက် ဖြစ်စေပါတယ်။

၂။ ရေမွှေးဆွတ်သွားဖို့ လည်း လိုအပ်ပါတယ်။

လေဆိပ်ထဲမှာပဲဖြစ်ဖြစ် ၊ လေယာဉ်ပေါ်မှာပဲဖြစ်ဖြစ် လူထူထပ်တတ်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်အနံ့က တစ်ခြားသူတွေကို စိတ်အနှောက်အယှက် မဖြစ်စေဖို့အတွက် ရေမွှေးဆွတ်ပြီိး ထိန်းသိမ်းသင့်ပါတယ်။

 

၃။ လေယာဉ်မောင်းတွေကို လမ်းခရီးအကြောင်းသွားမမေးပါနဲ့။

လေဆိပ်မှာ Pilot Uniform နဲ့ လေယာဉ်မောင်းသူတွေဟာလည်း သင့်လိုပဲ အလျင်လိုနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူတို့ကိုတားပြီး လမ်းခရီးမေးတာက သူ့အချိန်ကိုသာမက သင့်အချိန်တွေပါ အနှောင့်အယှက်ဖြစ်စေပါတယ်။

 

၄။ စိတ်ငြိမ်ဆေး၊ အိပ်ဆေးများမသုံးစွဲပါနဲ့။

အိပ်ဆေးသုံးပြီး လေယာဉ်စီးနင်းခြင်းကို မပြုလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ လေယာဉ်ပေါ်မှာ emergency case တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် အိပ်ပျော်နေရင်ပဲဖြစ်ဖြစ်၊ နိုးလာခဲ့ရင်တောင် အိပ်ဆေးအရှိန်နဲ့ အရေးပေါ်အခြေအနေကို ကောင်းကောင်း လိုက်နာနိုင်မှာ မဟုတ်ပါဘူး။ သင်အိပ်ပျော်နေစဉ်အတွင်း သင့်ရဲ့ ခြေထောက်တွေကနေတစ်ဆင့် သွေးခဲမှုနှုန်းမြင့်တက်လာတဲ့အခါ သင့်ကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

 

၅။ ရေတွေအများကြီး မသောက်ပါနဲ့။

လေယာဉ်စီးနေရင်း ခန္ဓာကိုယ်အတွင်း ရေဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။ ဒါပေမယ့် ရေဆာတာနဲ့ ရေပဲသောက်နေမယ်ဆုရိရင် toilet ခဏခဏ သွားဖို့ က အဆင်မပြေ ဖြစ်တတ်ပါတယ်။

၆။ ကိုယ်နဲ့ မသိတဲ့ သူစိမး်တစ်ယောက်ရဲ့ ပုံကို ဓာတ်ပုံမရိုက်မိစေပါနဲ့။

သူစိမ်းတစ်ယောက်ရဲ့ ခွင့်ပြုချက်မရဘဲ သူတို့ရဲ့ပုံကို Internet ပေါ် တင်လိုက်ခြင်းက မသင့်တော်တဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။ တစ်ခြားသူအတွက် စိတ်အနှောက်အယှက် ဖြစ်စေရုံမကဘဲ အန္တရာယ်ပါ ကျရောက်နိုင်ပါတယ်။

၇။ ဖုန်းအားသွင်းဖို့လည်း မမေ့ပါနဲ့။

ကိုယ့်ဖုန်းမဖွင့်ထားဘူးဆိုရင် mobile boarding pass ကအသုံးမဝင်တော့ဘဲ အဆင်မပြေ တော်တော် ဖြစ်စေပါတယ်။ အိပ်ရာထနောက်ကျပြီး အမြန်အဆန်ပြေးရလို့ ဖုန်းအားသွင်းကြိုး ကျန်ခဲ့တယ်ဆိုရင်လည်း သင်ခရီးသွားတဲ့အခါမျိုးမှာ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

 

၈။ လေဆိပ်မှာအိပ်မပျော်မိပါစေနဲ့။

လေယာဉ်လွတ်ဖို့ ဖြစ်နိုင်ချေအများဆုံး နည်းလမ်းတစ်ခုပါ။ ခါးပိုက်နှိုက်ခံရတာတွေ၊ ပစ္စည်းပျောက်တာတွေအထိ ဖြစ်နိုင်ပါတယ်။ လေဆိပ်မှာ အိပ်မပျော်သွားဖို့ မိမိကိုယ်ကို သတိရှိနေဖို့ အရေးကြီးပါတယ်။

၉။ Laptop ယူဖို့ မမေ့ပါနဲ့။

TSA security တော်တော်များများအနေနဲ့ Laptop ၊ tablets တွေဟာ electronic device တွေဖြစ်တဲ့အတွက် အခြားပုံးထဲမှာ ထည့်ခိုင်းတဲ့အခါ ပြန်ယူဖို့ မေ့မေ့ပျောက်ပျောက် ဖြစ်တတ်ပါတယ်။ ဒီအချက်ကိုလည်း ဂရုစိုက်ရပါမယ်။

 

၁၀။ ခရီးဆောင်အိတ်တွေကို ရွေ့လိားစက် ခါးပတ်တွေနဲ့ မငြိမိပါစေနဲ့။

ကိုယ်က စိတ်လောမိပြီး ခရီးဆောင်အိတ်ကို ကပျာကယာဆွဲလိုက်မယ်ဆိုရင် ခရီးဆောင်အိတ်ကို ချည်ထားတဲ့ ခါးပတ်နဲ့ ငြိပြီး ကိုယ်ပါ ရွေ့လျား စက်ထဲ ပြုတ်ကျသွားနိုင်တဲ့အတွက် အထူးဂရုပြုရမှာ ဖြစ်ပါတယ်။

<Unicode Version>

 

 

ေလေၾကာင္းလိုင္းမွတစ္ဆင့္ ခရီးထြက္ဖို႕ျပင္ဆင္ေနသူေတြအတြက္ ေဆာင္ရန္/ေရွာင္ရန္အခ်က္မ်ား။

ဒီတစ္ေခါက္မွာေတာ့ Soshwe မွ စာဖတ္ပရိတ္သတ္ေတြကို ဗဟုသုတလည္း ရေစႏိုင္မယ့္ ေလဆိပ္ေရာက္ရင္ ေရွာင္ရွားရမယ့္ ကိစၥရပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

၁။         ေလဆိပ္သို႕ ေနာက္က်ၿပီးမွ ေရာက္သြားတာမ်ိဴး ေရွာင္ရွားသင္႔ပါတယ္။

ေလယာဥ္နဲ႔ခရီးသြားမယ္ဆိုရင္ အခ်ိန္မွီေရာက္ရွိဖို႔ဆိုတာ အရမ္းအေရးႀကီးပါတယ္။ ေနာက္က်ၿပီိး ေရာက္ရွိလာျခင္းဟာ ေလယာဥ္မမွီရံုသာမက တစ္ျခားခရီးသည္ေတြနဲ႔ ေလယာဥ္၀န္ထမ္းေတြကိုပါ အေႏွာက္အယွက္ ျဖစ္ေစပါတယ္။

 

၂။         ေရေမႊးဆြတ္သြားဖို႔ လည္း လိုအပ္ပါတယ္။

ေလဆိပ္ထဲမွာပဲျဖစ္ျဖစ္ ၊ ေလယာဥ္ေပၚမွာပဲျဖစ္ျဖစ္ လူထူထပ္တတ္ပါတယ္။ မိမိရဲ႕ ခႏၶာကိုယ္အနံ႕က တစ္ျခားသူေတြကို စိတ္အေႏွာက္အယွက္ မျဖစ္ေစဖို႕အတြက္ ေရေမႊးဆြတ္ၿပီိး ထိန္းသိမ္းသင္႔ပါတယ္။

 

၃။         ေလယာဥ္ေမာင္းေတြကို လမ္းခရီးအေၾကာင္းသြားမေမးပါနဲ႔။

ေလဆိပ္မွာ Pilot Uniform နဲ႔ ေလယာဥ္ေမာင္းသူေတြဟာလည္း သင္႔လိုပဲ အလ်င္လိုေနတာ ျဖစ္ပါတယ္။ အဲ႔ဒါေၾကာင္႔ သူတို႔ကိုတားၿပီး လမ္းခရီးေမးတာက သူ႕အခ်ိန္ကိုသာမက သင္႔အခ်ိန္ေတြပါ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

 

၄။         စိတ္ၿငိမ္ေဆး၊ အိပ္ေဆးမ်ားမသံုးစြဲပါနဲ႔။

အိပ္ေဆးသံုးၿပီး ေလယာဥ္စီးနင္းျခင္းကို မျပဳလုပ္သင့္ပါဘူး။ ဘာလို႕လဲဆိုေတာ့ ေလယာဥ္ေပၚမွာ emergency case တစ္ခုခု ျဖစ္ခ့ဲမယ္ဆိုရင္ အိပ္ေပ်ာ္ေနရင္ပဲျဖစ္ျဖစ္၊ ႏိုးလာခဲ႔ရင္ေတာင္ အိပ္ေဆးအရွိန္နဲ႔ အေရးေပၚအေျခအေနကို ေကာင္းေကာင္း လိုက္နာႏိုင္မွာ မဟုတ္ပါဘူး။ သင္အိပ္ေပ်ာ္ေနစဥ္အတြင္း သင္႔ရဲ႕ ေျခေထာက္ေတြကေနတစ္ဆင္႔  ေသြးခဲမႈႏႈန္းျမင္႔တက္လာတဲ႔အခါ သင္႔ကို ေသေစႏိုင္တ့ဲအထိ အႏၱရာယ္ရွိပါတယ္။

 

၅။         ေရေတြအမ်ားႀကီး မေသာက္ပါနဲ႔။

ေလယာဥ္စီးေနရင္း ခႏၶာကိုယ္အတြင္း ေရဓာတ္ေတြ ဆံုးရံႈးႏိုင္ပါတယ္။ ဒါေပမယ္႔ ေရဆာတာနဲ႔ ေရပဲေသာက္ေနမယ္ဆုရိရင္ toilet ခဏခဏ သြားဖို႔ က အဆင္မေျပ ျဖစ္တတ္ပါတယ္။

 

၆။         ကိုယ္နဲ႔ မသိတဲ႔ သူစိမး္တစ္ေယာက္ရဲ႕ပံုကို ဓာတ္ပံုမရိုက္မိေစပါနဲ႔။

သူစိမ္းတစ္ေယာက္ရဲ႕ ခြင့္ျပဳခ်က္မရဘဲ သူတို႔ရဲ႕ပုံကို Internet ေပၚ တင္လုိက္ျခင္းက မသင္႔ေတာ္တဲ႔ ကိစၥရပ္ပဲျဖစ္ပါတယ္။ တစ္ျခားသူအတြက္ စိတ္အေႏွာက္အယွက္ ျဖစ္ေစရံုမကဘဲ အႏၱရာယ္ပါ က်ေရာက္ႏုိင္ပါတယ္။

 

၇။         ဖုန္းအားသြင္းဖို႔လည္း မေမ႔ပါနဲ႔။

ကိုယ္႔ဖုန္းမဖြင္႔ထားဘူးဆိုရင္ mobile boarding pass ကအသံုးမ၀င္ေတာ႔ဘဲ အဆင္မေျပ ျဖစ္ေစပါတယ္။ အိပ္ရာထေနာက္က်ၿပီး အျမန္အဆန္ေျပးရလို႔ ဖုန္းအားသြင္းႀကိဳး က်န္ခ့ဲတယ္ဆိုရင္လည္း သင္ခရီးသြားတ့ဲအခါမ်ိဳးမွာ စိတ္အေနွာက္အယွက္ျဖစ္ေစပါတယ္။

 

၈။         ေလဆိပ္မွာအိပ္မေပ်ာ္မိပါေစနဲ႕။

ေလယာဥ္လြတ္ဖို႔ ျဖစ္ႏိုင္ေခ်အမ်ားဆုံး နည္းလမ္းတစ္ခုပါ။ ခါးပိုက္ႏႈိက္ခံရတာေတြ၊ ပစၥည္းေပ်ာက္တာေတြအထိ ျဖစ္ႏိုင္ပါတယ္။ ေလဆိပ္မွာ အိပ္မေပ်ာ္သြားဖို႔ မိမိကိုယ္ကို သတိရွိေနဖို႕ အေရးႀကီးပါတယ္။

 

၉။         Laptop ယူဖို႔ မေမ့ပါနဲ႕။

TSA security ေတာ္ေတာ္မ်ားမ်ားအေနနဲ႕ Laptop ၊ tablets ေတြဟာ electronic device ေတြျဖစ္တဲ႔အတြက္ အျခားပံုးထဲမွာ ထည္႔ခိုင္းတဲ႔အခါ ျပန္ယူဖို႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္တတ္ပါတယ္။ ဒီအခ်က္ကိုလည္း ဂရုစိုက္ရပါမယ္။

 

၁၀။      ခရီးေဆာင္အိတ္ေတြကို ေရြ႕လိားစက္ ခါးပတ္ေတြနဲ႕ မၿငိမိပါေစနဲ႕။

ကုိယ္က စိတ္ေလာမိၿပီး ခရီးေဆာင္အိတ္ကို ကပ်ာကယာဆြဲလိုက္မယ္ဆိုရင္ ခရီးေဆာင္အိတ္ကို ခ်ည္ထားတဲ႔ ခါးပတ္နဲ႔ ၿငိၿပီး ကိုယ္ပါ ေရြ႔လ်ား စက္ထဲ ျပဳတ္က်သြားႏိုင္တဲ႔အတြက္ အထူးဂရုျပဳရမွာ ျဖစ္ပါတယ္။

<Zawgyi Version>

 

#YDN(Soshwe)

#SoshweTravel

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro