HomeHealth & Beautyအရေပြားအထူးကု ဆရာဝန်များရဲ့ ထောက်ခံချက်အရ ယောင်ယမ်းနာကျင်ခြင်းတွေအတွက် ဂျင်းအဆီအနှစ်ကို ဘယ်လိုအသုံးချမလဲ ? ? ?
အရေပြားအထူးကု ဆရာဝန်များရဲ့ ထောက်ခံချက်အရ ယောင်ယမ်းနာကျင်ခြင်းတွေအတွက် ဂျင်းအဆီအနှစ်ကို ဘယ်လိုအသုံးချမလဲ ? ? ?
- Advertisement -
ဂျင်းအနှစ်အဆီက တော်တော်ကို ရေပန်းစာနေပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများကလည်း ဒီအဆီအနှစ်ကို ယောင်ယမ်းနာကျင်မှုတွေအတွက် စိတ်ဝင်စားလာကြပါတယ်။
ပူစပ်တဲ့ ဂျင်းအဆီကို ဘယ်လို အသုံးချဖို့ စဉ်းစားထားလဲ?
- Advertisement -
ဂျင်းအဆီအနှစ်ဆိုတာ ဘာလဲ?
- Advertisement -
ဂျင်းဆီဟာ (ဇင်ဂျီ ပါ အော့ဖင်နဲ ) ဆိုတဲ့ ဂျင်းပင်တစ်မျိူးမှရတဲ့ အဆီအနှစ်ဖြစ်တယ်လို့ ဒေါက်တာ မက်ဒန်က ဆိုပါတယ်။ ဂျင်း သို့မဟုတ် လာဗန်ဒါကို စက်ကြီးများနဲ့ ပေါင်းခံပြီး အမွှေးနံ့သာဖြစ်အောင် ပေါင်းစပ် အငွေ့ပျံအောင်လုပ်ပြီး အဖိုးတန် အဆီအနှစ်များနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ သင်ဒီလိုမျိူး အဆီအနှစ်တွေကို ရရှိဖို့ အတွက် ရှုပ်ထွေးတဲ့ စက်ယန္တရားတွေလိုအပ်ပါတယ်။ ဂျင်းနဲ့ အခြား အဆီအနှစ်တွေ ပေါင်းစပ်ရုံနဲ့ ဒီလိုမျိူး အဆီအနှစ်ကို ရမှာ မဟုတ်ပါဘူး။
- Advertisement -
ဂျင်းအဆီအနှစ်ရဲ့ အကျိူးကျေးဇူးက ဘာတွေလဲ?
မကြာသေးခင်က လေ့လာဆန်းစစ်ချက်အရ ဂျင်းကို စားပေးခြင်း၊ ဂျင်းရည် ဖျော်သောက်ခြင်း ဒါမှမဟုတ် အရေပြားပေါ်မှာလိမ်းပေးခြင်းအားဖြင့် ယောင်ယမ်းနာကျင်မှုတွေကို သက်သာစေတယ်ဆိုတာ သိရပါတယ်။ ယောင်ယမ်းနာကျင်မှုမျိူးစုံရှိပါတယ်။ ဒါပေမဲ့ ပေါင်းခံထားတဲ့ ဂျင်းအဆီအနှစ် ကိုလိမ်းပေးခြင်းအားဖြင့် ယောင်းယမ်းနာကျင်မှုကို လျော့ပါးစေတယ်လို့ ဆရာဝန်ကြီးတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။ တစ်ကယ်လို့ သင်ယောင်ယမ်းနာကျင်မှုဖြစ်လို့ ဆရာဝန် သွားပြရင်လည်း ဒီဂျင်းအဆီအနှစ်ကိုပဲ ညွှန်းမှာပါ။ ချက်ချင်းအကင်းပျောက်သွားဖို့ မဖြစ်နိုင်ပေမယ့် ဂျင်းအဆီအနှစ်က သင့်ရဲ့ ဝေဒနာကို လျော့ပါးသက်သာစေပါတယ်။
ဂျင်းအဆီအနှစ်ကို ဘယ်လို အသုံးချမလဲ ?
ဂျင်းအဆီကို ဒူးနာခါးနာ အဆစ်အမြစ်ယောင်၊ နှင်းခူ ရောဂါနဲ့ အခြားသော ယောင်ယမ်းနာကျင်မှုများအတွက် စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် မိမိအနေနဲ့ ဂျင်းရဲ့ ပူရှိန်းတဲ့ဒဏ်ကို ခံနိုင်လား ဆိုတာတော့ စဉ်းစားရပါမယ်။
အခြားသောအဆီအနှစ်တွေကို အရေးပြားပေါ် တိုက်ရိုက် မလိမ်းပါနဲ့ ။ ဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအစား ဂျင်းဆီ နဲ့ အခြား အဆီနှစ်တစ်မျိူးမျိူးကို ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ ဂျင်းဆီ ၁ဝပုံတစ်ပုံနဲ့ အခြားအဆီတစ်မျိူးနဲ့ ရောပြီး လိမ်းရင်လည်း အဆင်ပြေပါတယ်။ မိမိရဲ့ အရေပြား ခံနိုင်ရည်ပေါ်မူတည်ပြီး ထပ်တိုးသုံးလို့ရပါတယ်။ သင့်ရဲ့ လက်ကောက်ဝတ်မှာ ဂျင်းဆီလေး စွက်ထားပြီး ဂျင်းဆီနဲ့ ကိုယ့် အရေပြား ဓာတ် တည့်မတည့် တစ်နေ့လောက်စောင့်ကြည့်ပေးပါ။ တုန့်ပြန်မှုမရှိဘူးဆိုရင်တော့ ကိုယ့်ခံစားရတဲ့ ဝေဒနာ ပေါ်မူတည်ပြီး လိုသလိုအသုံးပြုလို့ ရနိုင်ပါပြီ။
<Unicode Version>
  • ဂျင်းအဆီအနှစ်ရဲ့ အကျိုးကျေးဇူးက ဘာတွေလဲ?
<Zawgyi Version>
#YDN(Soshwe)
#SoshweBeauty&Health
#SoshweForYourDailyLife
#Like&Share
- Advertisement -
Must Read