Breaking News

အော်စကာဆုပေးပွဲအတွင်း Best Picture Award အတွက် ဆန်ကာတင်စာရင်းဝင် ရုပ်ရှင် (၈) ကား။

အော်စကာဆုပေးပွဲအတွက် နာမည်ကြီးရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပေါ်ထွက်လာပါပြီ။ တစ်ကမ္ဘာလုံးက ပုရိတ်သတ်တွေသာမက အနုပညာရှင်တွေအားလုံးကပါ ရင်ခုန်စိတ်လှုပ်ရှားနေကြမှာ အသေအချာပဲဖြစ်ပါတယ်။

အော်စကာဆုပေးပွဲရဲ့ လက်ရှိစည်းမျဉ်းတွေအရ Best Picture ဆုအတွက် ရုပ်ရှင် (၅)ကား ကနေ (၁၀)ကားအတွင်း ဆန်ကာတင်စာရင်းတွင် ရွေးချယ်ခွင့်ရှိပြီး ဒီနှစ်မှာတော့ အရင်နှစ်ကထက် တစ်ကားလျော့ကာ စုစုပေါင်း (၈)ကားကို ရွေးချယ်ထားခဲ့ပါတယ်။ ဒီနှစ်အော်စကာဆုပေးပွဲအတွက်လည်း ဆန်ကာတင် ရုပ်ရှင်တွေ ရွေးချယ်ရာမှာတော့ သမိုင်းတွင်မယ့်နှစ်တစ်နှစ်လို့ ပြောလို့ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Netflix ရုပ်ရှင်ထုတ်လုပ်ရေးမှ ROMA ရုပ်ရှင်ဇာတ်ကားဟာ  အော်စကာဆုပေးပွဲတစ်လျှောက်  ပထမဆုံးအကြိမ် ဆန်ကာတင်စာရင်းထဲ ပါဝင်လာခြင်း၊ Comic စာအုပ်တွေထဲမှ Character တွေအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တဲ့ Black Panther မှာလည်း ပထမဆုံးအကြိမ် ဆန်ကာတင်စာရင်းထဲမှာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ အဆိုပါရုပ်ရှင် (၈)ကားကို Trailer တွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

1. Black Panther

 

2. BLACKkKLANSMAN

 

3. Bohemian Rhapsody

 

4. The Favourite

 

5. Green Book

 

6. ROMA

 

7. A STAR IS BORN

 

8. VICE

 

#ST(Soshwe)

#SoshweEntertainment

#SoshweForyourDailyLife

#Like&Share

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro