Rami Malek မှ Screen Actor Guild ဆုပေးပွဲမှာ Bohemian Rhapsody ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ မာလစ်ဟာ Queen တေးဂီတအဖွဲ့ရဲ့ အဓိက ပင်တိုင်အဆိုတော် Freddie Mercury အဖြစ် အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
ဆုကို လက်ခံရယူစဉ်မှာလည်း “ ကျွန်တော့်အနေနဲ့ Queen အဖွဲ့သားတွေကိုရော၊ ဖရက်ဒီကိုရော ဒီနေရာကနေ ကျေးဇူးအထူးတင်ချင်ပါတယ်။ ဖရက်ဒီဆီကနေလည်း ဘဝကို အကောင်းဆုံး နေထိုင်ဖို့အကြောင်းတွေ၊ ကိုယ် ဘယ်လိုလူမျိုးဖြစ်ချင်တယ်ဆိုတာကို သိရှိအောင် လုပ်ရမယ့် အကြောင်းတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ ကိစ္စရပ်တွေကိုလည်း မဖြစ်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရမယ်ဆိုတာတွေကိုပါ လေ့လာသိရှိခွင့်ရတဲ့အတွက် အလွန်ပဲ အားအင်တွေ ဖြစ်ရပါတယ်။ အခုရရှိတဲ့ ဆုကလည်း သူ့အတွက်ပဲ ဖြစ်ပါတယ် . . . ” ဆိုပြီး ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share