Breaking News

ခြင်တွေနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့အချက် ၁၇ ချက်။

၁။ ခြင်မျိုးစိတ်ပေါင်း ၃၅ဝဝရှိတဲ့ထဲကမှ လူသားတွေကို ကိုက်တဲ့ခြင်အမျိုးအစားကတော့ ရာကျော်ပဲရှိပါတယ်။ “Mosquito” ဆိုတဲ့စကားလုံးဟာ စပိန်ဘာသာစကားအရ “ယင်ကောင်အသေးစား” လို့ အဓိပ္ပါယ်ရပါတယ်။

 

၂။ အေးဒိစ် အယ်ဂျစ်ပ်တီ (Aedes Aegypti) နဲ့ အေးဒိစ် အယ်လ်ဘိုပစ်တပ်စ် (Aedes Albopictus) ခြင်တွေဟာ ဇီကာ နဲ့ သွေးလွန်တုပ်ကွေးရောဂါတွေကို ဖြစ်စေတဲ့ ခြင်မျိုးစိတ်တွေဖြစ်ပါတယ်။

၃။ ခြင်တစ်ကောင်ရဲ့သတ်တမ်းဟာ နှစ်လထက်မကျော်ပါဘူး။ ခြင်ထီးတွေဟာ ၁၀ ရက်ထက် အသက်ပိုမရှင်နိုင်ပေမယ့် ခြင်မတွေကတော့ ၈ ပတ်အထိ အသက်ရှင်နိုင်ကြပါတယ်။

၄။ ခြင်မတွေဟာ သူတို့ဥမယ့် ဥပေါင်း၃ဝဝကို အာဟာရဖြစ်စေဖို့အတွက် လူတွေရဲ့ သွေးကိုသောက်သုံးကြရပါတယ်။

၅။ အရွယ်ရောက်ပြီး ခြင်မတွေဟာ ၁၀ ရက်တစ်ခါ ဥ, ဥလေ့ရှိပါတယ်။

 

၆။ မှတ်တမ်းတွေအရ ခြင်တွေဟာ အပ်သဖွယ်သေးမျှင်သော ဥမျှင် ၆ ခုကို အသုံးပြုပြီး လူတွေရဲ့သွေးကို စုပ်ယူသောက်သုံးကြပါတယ်။

၇။ အရွယ်ရောက်ပြီးသား လူသားတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေအကုန်လုံးကိုထုတ်ယူဖို့ဆိုရင်တော့ ခြင်အကောင်ပေါင်း ၁.၁သန်းလိုပါတယ်။

၈။ ခြင်ထီးတွေကတော့ သစ်ပင်ပန်းမန်တွေထဲက ဝတ်ရည်တွေကိုသောက်သုံးပြီး ဘဝကို သာသာယာယာဖြတ်သန်းလေ့ရှိကြပါတယ်။

၉။ ခြင်တွေဟာ လူသားတွေက ရှူထုတ်လိုက်တဲ့ ကာာဗွန်ဒိုင်အောက်ဆိုဒ်ကိုအနံ့ခံပြီး လူသားတွေရဲ့ ခန္ဓာကိုယ်အပူချိန်ကိုခြေရာခံကာ လူသားတွေဆီ သွေးစုပ်ဖို့အတွက်လာလေ့ရှိပါတယ်။

၁၀။ ခြင်တွေဆီကနေကြားရတဲ့ တဝီဝီမြည်သံဟာ သူတို့ရဲ့အတောင်ပံခတ်သံကနေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

၁၁။ ခြင်မတွေဟာ သူတို့ရဲ့တောင်ပံကို တစ်စက္ကန့်အတွင်းမှာပဲ အကြိမ် ၅ဝဝလောက်ခတ်နိုင်တာမို့ သူတို့ကို ခြင်ထီးတွေက အလွယ်တကူရှာတွေ့နိုင်တာဖြစ်တယ်။

၁၂။ တချို့လူတွေဟာ တခြားသူတွေထက်ပိုပြီး ခြင်အကိုက်ခံရတာဟာ ၄င်းတို့ရဲ့သွေးအမျိုးအစားနဲ့ ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်ပျက်မှုအပေါ် မူတည်နေပါတယ်။ ဒါ့အပြင် ဘီယာသောက်သုံးထားသူတွေဟာလည်း ခြင်ပိုကိုက်ခံရနိုင်ပါတယ်။

၁၃။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကလည်း တခြားသူတွေထက် ခြင်ပိုကိုက်ခံရနိုင်ပါတယ်။

၁၄။ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သူတွေဟာလည်း ခြင်ပိုကိုက်ခံရနိုင်ပါတယ်။

၁၅။ ခြင်တွေဟာ လူသားတွေရဲ့သွေးတွေကိုပဲသောက်သုံးတာမဟုတ်ပဲ တခြားနို့တိုက်သတ္တဝါတွေ ၊ ငှက်တွေ ၊ ကုန်းနေရေနေသတ္တဝါတွေရဲ့ သွေးတွေကိုလည်း စုပ်ယူသောက်သုံးကြပါသေးတယ်။

၁၆။ ခြင်ကိုက်ခံရတဲ့အခါ မကုပ်ပဲမနေနိုင်လောာက်အောင် ယားယံလာခြင်းက ခြင်တွေဟာ ၄င်းတို့ထိုးသွင်းလိုက်တဲ့သွေးကို မခဲသွားစေမယ့် အရည်ကြည်တစ်မျိုးနဲ့ ၄င်းတို့ရဲ့သွားရည်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အရေပြားပေါ်မှာ ပွပြီးဖောင်းလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခုခံစွမ်းအားဟာ အရေပြားထဲ ဝင်လာတဲ့ အမည်မသိတဲ့ အရည်ကြည်တွေကို ဆန်းစစ်နေလို့ပဲဖြစ်ပါတယ်။

၁၇။ တချို့ခြင်တွေကတော့ ဆောင်းခိုလေ့ရှိပြီး တချို့ခြင်တွေကတော့ အပူချိန် ၅ဝဒီဂရီအောက်ရောက်သွားရင်တောင် သေသွားတတ်ကြပါတယ်။

<Unicode Version>

 

 

ျခင္ေတြနဲ႔ပတ္သက္ၿပီး သင္မသိေသးတဲ့အခ်က္ ၁၇ ခ်က္။

၁။ ျခင္မ်ိဳးစိတ္ေပါင္း ၃၅၀၀ ရွိတဲ့ထဲကမွ လူသားေတြကို ကိုက္တဲ့ျခင္အမ်ိဳးအစားကေတာ့ ရာေက်ာ္ပဲရွိပါတယ္။ “Mosquito” ဆိုတဲ့စကားလံုးဟာ စပိန္ဘာသာစကားအရ “ယင္ေကာင္အေသးစား” လို႔ အဓိပၸါယ္ရပါတယ္။

 

၂။ ေအးဒိစ္ အယ္ဂ်စ္ပ္တီ (Aedes Aegypti) နဲ႔ ေအးဒိစ္ အယ္လ္ဘိုပစ္တပ္စ္ (Aedes Albopictus) ျခင္ေတြဟာ ဇီကာနဲ႔ ေသြးလြန္တုပ္ေကြးေရာဂါေတြကို ျဖစ္ေစတဲ့ ျခင္မ်ိဳးစိတ္ေတြ ျဖစ္ပါတယ္။

 

၃။ ျခင္တစ္ေကာင္ရဲ႕သတ္တမ္းဟာ ႏွစ္လထက္မေက်ာ္ပါဘူး။ ျခင္ထီးေတြဟာ ၁၀ ရက္ထက္ အသက္ပိုမရွင္ႏိုင္ေပမယ့္ ျခင္မေတြကေတာ့ ၈ ပတ္အထိ အသက္ရွင္ႏိုင္ၾကပါတယ္။

 

၄။ ျခင္မေတြဟာ သူတို႕ဥမယ့္ ဥေပါင္း ၃၀၀ ကို အာဟာရျဖစ္ေစဖို႔အတြက္ လူေတြရဲ႕ ေသြးကိုေသာက္သံုးၾကရပါတယ္။

 

၅။ အရြယ္ေရာက္ၿပီး ျခင္မေတြဟာ ၁၀ ရက္တစ္ခါ ဥ, ဥေလ့ရွိပါတယ္။

 

၆။ မွတ္တမ္းေတြအရ ျခင္ေတြဟာ အပ္သဖြယ္ေသးမွ်င္ေသာ ဥမွ်င္ ၆ ခုကို အသံုးျပဳၿပီး လူေတြရဲ႕ေသြးကို စုပ္ယူေသာက္သံုးၾကပါတယ္။

 

၇။ အရြယ္ေရာက္ၿပီးသား လူသားတစ္ဦးရဲ႕ ခႏၶာကိုယ္ထဲက ေသြးေတြအကုန္လံုးကို ထုတ္ယူဖို႔ဆိုရင္ေတာ့ ျခင္အေကာင္ေပါင္း ၁.၁သန္းလိုပါတယ္။

 

၈။ ျခင္ထီးေတြကေတာ့ သစ္ပင္ပန္းမန္ေတြထဲက ၀တ္ရည္ေတြကို ေသာက္သံုးၿပီး ဘ၀ကို သာသာယာယာျဖတ္သန္းေလ့ရွိၾကပါတယ္။

 

၉။ ျခင္ေတြဟာ လူသားေတြက ရွဴထုတ္လိုက္တဲ့ ကာာဗြန္ဒိုင္ေအာက္ဆိုဒ္ကို အနံ႔ခံၿပီး လူသားေတြရဲ႕ ခႏၶာကိုယ္အပူခ်ိန္ကို ေျခရာခံကာ လူသားေတြဆီ ေသြးစုပ္ဖို႔အတြက္ လာေလ့ရွိပါတယ္။

 

၁၀။ ျခင္ေတြဆီကေနၾကားရတဲ့ တ၀ီ၀ီျမည္သံဟာ သူတို႔ရဲ႕အေတာင္ပံခတ္သံကေန ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။

 

၁၁။ ျခင္မေတြဟာ သူတို႔ရဲ႕ေတာင္ပံကို တစ္စကၠန္႔အတြင္းမွာပဲ အၾကိမ္ ၅၀၀ ေလာက္ ခတ္ႏိုင္တာမို႔ သူတို႔ကို ျခင္ထီးေတြက အလြယ္တကူရွာေတြ႔ႏိုင္တာျဖစ္တယ္။

 

၁၂။ တခ်ိဳ႕လူေတြဟာ တျခားသူေတြထက္ပိုၿပီး ျခင္အကိုက္ခံရတာဟာ ၄င္းတို႔ရဲ႕ေသြးအမ်ိဳးအစားနဲ႔ ခႏၶာကိုယ္အတြင္း ဇီ၀ျဖစ္ပ်က္မႈအေပၚ မူတည္ေနပါတယ္။ ဒါ့အျပင္ ဘီယာေသာက္သံုးထားသူေတြဟာလည္း ျခင္ပိုကိုက္ခံရႏိုင္ပါတယ္။

 

၁၃။ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြကလည္း တျခားသူေတြထက္ ျခင္ပိုကိုက္ခံရႏိုင္ပါတယ္။

 

၁၄။ အနက္ေရာင္ အဝတ္အစားကို ၀တ္ဆင္သူေတြဟာလည္း ျခင္ပိုကိုက္ခံရႏိုင္ပါတယ္။

 

၁၅။ ျခင္ေတြဟာ လူသားေတြရဲ႕ေသြးေတြကိုပဲ ေသာက္သံုးတာမဟုတ္ပဲ တျခားႏို႔တိုက္သတၱ၀ါေတြ ၊ ငွက္ေတြ ၊ ကုန္းေနေရေနသတၱ၀ါေတြရဲ႕ ေသြးေတြကိုလည္း စုပ္ယူေသာက္သံုးၾကပါေသးတယ္။

 

၁၆။ ျခင္ကိုက္ခံရတဲ့အခါ မကုပ္ပဲမေနႏုိင္ေလာာက္ေအာင္ ယားယံလာျခင္းက ျခင္ေတြဟာ ၄င္းတို႔ထိုးသြင္းလိုက္တဲ့ေသြးကို မခဲသြားေစမယ့္ အရည္ၾကည္တစ္မ်ိဳးနဲ႔ ၄င္းတို႔ရဲ႕သြားရည္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ အေရျပားေပၚမွာ ပြၿပီးေဖာင္းလာမယ္ဆိုရင္ေတာ့ ခႏၶာကိုယ္ထဲမွာရွိတ့ဲ ခုခံစြမ္းအားဟာ အေရျပားထဲ ၀င္လာတဲ့ အမည္မသိတဲ့ အရည္ၾကည္ေတြကို ဆန္းစစ္ေနလို႔ပဲျဖစ္ပါတယ္။

 

၁၇။ တခ်ိဳ႕ျခင္ေတြကေတာ့ ေဆာင္းခိုေလ့ရွိၿပီး တခ်ိဳ႕ျခင္ေတြကေတာ့ အပူခ်ိန္ ၅၀ ဒီဂရီေအာက္ေရာက္သြားရင္ေတာင္ ေသသြားတတ္ၾကပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweAnimals

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

စပါးအုံမြွေကြီးတွေနဲ့ အတူတူနေထိုင်တဲ့ (၆) နှစ်အရွယ် ကလေးငယ်လေး။

အင်ဒိုနီးရှားနိုင်ငံရှိ Dylan Maharani လို့ခေါ်တဲ့ (၆) နှစ်အရွယ်သမီးငယ်လေးဟာ စပါးအုံမြွေကြီးတွေနဲ့ အခြားအန္တရာယ်များတဲ့ တွားသွားသတ္တဝါတွေနဲ့ အတူနေထိုင်တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိတဲ့ ကလေးငယ်လေးဟာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro