အောက်မှာဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ မှုခင်းဇာတ်ကားတွေကြည့်ရတာ သဘောကျတဲ့ရုပ်ရှင်ဝါသနာအိုးလေးတွေ အကြိုက်တွေ့စေမယ့် ဖြစ်ရန်မှန်မှုခင်း ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။
၁။ Wild Wild Country
အကျဉ်းချုပ် – ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ခေါင်းဆောင်တစ်ဦးဟာ စိတ်ကူးယဉ်ဆန်တဲ့အဖွဲ့အစည်းတစ်ခုကို အော်ရီဂွန်သဲကန္တာရထဲမှာ ဖွဲ့စည်းတည်ထောင်လိုက်ပြီး တစ်နိုင်ငံလုံးကိုနာမည်ပျက်စေတဲ့ အငြင်းပွားဖွယ်လုပ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကိုကြည့်ပြီးတော့ ဘယ်သူက တကယ်မှားနေတာလဲဆိုတာကို အကြိမ်သန်းပေါင်းများစွာ စဉ်းစားရတဲ့အထိဖြစ်လာခဲ့ပါတယ်။
၂။ Aileen Wuornos : Selling A Serial Killer
အကျဉ်းချုပ် – ဒီဇာတ်လမ်းကတော့ အမျိုးသမီးစိတ္တဇလူသတ်သမားကို သတ်မှုကြောင့် ကြိုးမိန့်ပေးခံထားရတဲ့ Aileen ရဲ့ဘဝဒုက္ခတွေကို ဖော်ပြရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ Aileen ရဲ့ငယ်ဘဝကခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ ဘယ်လောက်ပြင်းထန်လဲဆိုတာ သူမရဲ့ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေကို ကြည့်ရင်တော့ ခင်ဗျားတို့သတိထားမိမှာပါ။
၃။ Time : Kalief Browder Story
အကျဉ်းချုပ် – ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဘရွန့်မြို့က ဆယ်ကျော်သက် Kalief Browder ဟာ ဘာပြစ်မှုမှမကျူးလွန်ပဲ ထောင်ထဲမှာ ၃ နှစ် နေခဲ့ရတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးတာနဲ့ ခင်ဗျားက အမေရိကန်ပြည်ထောင်စုရဲ့ အကျဉ်းထောင်တွေထဲမှာ ထောင်သားတွေကို ဘယ်လိုနှိပ်စက်လဲဆိုတာနဲ့ တရားစီရင်မှုကလည်း ဘယ်လောက်ထိ မလိမ့်တစ်ပတ်လုပ်တတ်လဲဆိုတာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။
၄။ Shadow of Truth
အကျဉ်းချုပ် – ဒီရုပ်ရှင်ထဲမှာတော့ ၂၀၀၆ ခုနှစ်က Tair Rada အမည်ရှိတဲ့ အစ္စရေးက ၁၃ နှစ်အရွယ်ကောင်မလေးကို ကျောင်းက သန့်စင်ခန်းတစ်ခုမှာ သေနေလျက်တွေ့ခဲ့ရတဲ့ လူသတ်မှုအကြောင်းကိုရိုက်ကူးထားတာပါ။ နောက်ဆုံးတော့ တရားခံဟာ ကျောင်းမှာအလုပ်လုပ်တဲ့ ယူကရိန်းက ပြောင်းရွှေ့အလုပ်သမားဖြစ်ပြီး သူဟာတရားရင်ဆိုင်ရပြီးနောက် ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ “Shadow of Truth” ရုပ်ရှင်ဇာတ်ကားဟာ လူတိုင်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ တရားစီရင်မှု မမှန်ကန်ဘူးလို့ထင်ရင် တရားမျှတမှုမရှိတဲ့လုပ်ရပ်တွေက ဘာတွေလည်းဆိုတာကို သိရှိလာပါလိမ့်မယ်။
၅။ Tower
အကျဉ်းချုပ် – ဒီရုပ်ရှင်ဇာတ်ကားကတော့ ၁၉၉၆ ခုနှစ်တုန်းက တက်ဆက်စ်ပြည်နယ်က တက္ကသိုလ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သူတွေ ဝင်ရောက်ပစ်ခတ်ရာမှ လူ ၁၆ ဦး သေဆုံးသွားတဲ့အဖြစ်အပျက်ကို ပြန်လည်အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ယင်းပစ်ခက်မှုပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေမှ ၄င်းတို့ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ရိုက်ကူးသူတွေကို ပြန်လည်မျှဝေခဲ့တာကြောင့် တကယ်ဖြစ်ရပ်မှန်ကို ကြည့်နေရသလိုမျိုး တင်ဆက်ရိုက်ကူးထားတာကို ဒီဇာတ်လမ်းထဲမှာတွေ့နိုင်ပါတယ်။
၆။ Into the Abyss
အကျဉ်းချုပ် – ဒီဇာတ်ကားထဲမှာ လူသတ်မှုသုံးခုကျူးလွန်ခဲ့တဲ့အတွက် ကြိုးမိန့်ပေးခံထားရတဲ့ Micheal Perry ဆိုသူဟာ သူ့ကိုသေဒဏ်မစီရင်ခင် ထောင်ထဲမှာ သူရှင်သန်နေထိုင်ခဲ့ရတဲ့ရက်တွေအကြောင်းရယ်၊ အသတ်ခံရသူမိသားစုဝင်တွေ၊ ဥပဒေဆိုင်ရာအရာရှိတွေနဲ့ အင်တာဗျူးလုပ်တဲ့အချိန်တွေကို ရိုက်ကူးထားတာဟာ သွေးလန့်စရာကောင်းလှတယ်။
၇။ Amanda Knox
အကျဉ်းချုပ် – ဒီဇာတ်ကားထဲမှာတော့ Amanda Knox ဆိုသူ အမျိုးသမီးဟာ ၂၀၀၇ ခုနှစ်တုန်းက သူမရဲ့အခန်းဖော်ကို သတ်တဲ့အမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူမဟာ ၄ နှစ်လောက် ထောင်ထဲမှာနေပြီးချိန်မှာတော့ အီတလီတရားရုံးက သူမကို အပြစ်ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများကတော့ သူမက ဒီလူသတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ယုံကြည်သတ်မှတ်ထားကြပြီး Amanda ဘက်ကနေရပ်တည်ပေးကြတဲ့ သူငယ်ချင်းတွေရဲ့ အတွေးအခေါ် ထင်မြင်ချက်တွေကို ခင်ဗျားကြားပြီးရင်တော့ “သူလုပ်ခဲ့တာမှဟုတ်ပါ့မလား” လို့ပြန်တွေးမိနေလိမ့်မယ်။
၈။ The Fear of 13
အကျဉ်းချုပ် – သရုပ်ဆောင် Nick Yarris ဟာ သူ တစ်ခါမှမကျူးလွန်ခဲ့ဖူးတဲ့ လူသတ်မှုအတွက် ထောင်ထဲမှာ နှစ် ၂၀ ကျော် နေထိုင်ခဲ့ရတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ဇာတ်အိမ်အရမ်းကောင်းပါတယ်။
၉။ The Keepers
အကျဉ်းချုပ် – ဒီဇာတ်ကားလေးကတော့ ညီမလေးကေသီကိုသတ်လိုက်တဲ့ လူသတ်သမားကိုရှာနေတုန်း ကျောင်းသားဟောင်းတစ်ယောက်ရဲ့ အကြံပေးမှုကြောင့် ဒီလူသတ်မှုဟာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုတွေ ပါဝင် ဆက်နွယ်နေနိုင်တယ်လို့ ထင်လာတဲ့ ကေသီအစ်မရဲ့ အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားရုန်းကန်ထားပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။
၁၀။ Who took Johnny?
အကျဉ်းချုပ် – ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၈၂ခုနှစ်တုန်းက ပြန်ပေးဆွဲခံလိုက်ရတဲ့သားကို ပြန်လည်တွေ့ရှိဖို့ အသည်းအသန်ကြိုးစားတဲ့ မိခင်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
<Unicode Version>
ကြောက်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ Netflix မှ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားများ။
၁။ Wild Wild Country
၎။ Shadow of Truth
၅။ Tower
၆။ Into the Abyss
၇။ Amanda Knox
၈။ The Fear of 13
၉။ The Keepers
၁၀။ Who took Johnny?
<Zawgyi Version>
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share