သရုပ်ဆောင်မင်းသားမင်းသမီးတွေဟာလည်း သူတို့သဘောကျနှစ်သက်ရတဲ့ အခြား Celebrity တွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာလည်း သာမန်လူတွေလိုပဲ အတိုင်းမသိဝမ်းသာကျေနပ်မှုကို ထုတ်ဖော်ကြလေ့ရှိပါတယ်။
၁။ Anne Hathawayဟာ သူမအရမ်းနှစ်သက်သဘောကျရတဲ့ အဆိုတော် Mariah Carey နဲ့တွေ့ဆုံသောအခါ
၂၀၁၅ခုနှစ်တွင် Anne Hathaway ဟာ သူမနှစ်သက်သဘောကျရတဲ့ အဆိုတော် Mariah Carey ကို The Intern အခမ်းအနားမှာတွေ့ရှိခဲ့ပြီး Mariah က သူမရဲ့အနောက်မှာရှိနေတာကို အံ့အားသင့်ပျော်ရွှင်သွားတာပဲဖြစ်တယ်။ ဒါဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့သွားပြီးနောက် Mariah ကလည်း Anne Hathaway ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို သဘောကျတယ်လို့ သူမရဲ့ တွစ်တာစာမျက်နှာပေါ်မှာ တင်ခဲ့ပါသေးတယ်။
Loved the movie and your performance, Anne! xo http://t.co/jRLIK1vgR4
— Mariah Carey (@MariahCarey) September 25, 2015
၂။ Ariana Grande က Jim Carrey နဲ့အမှတ်မထင်တွေ့ဆုံသောအခါ
၂၀၁၄ခုနှစ်တုန်းက Ariana ဟာ သူမငယ်စဉ်ကတည်းက သဘောကျရတဲ့ Jim Carrey ကို အမှတ်မထင်တွေ့ဆုံမိပြီး မျက်ရည်ကျတဲ့အထိပျော်ရွှင်သွားတာကို သူမရဲ့ အင်စတာဂရမ်တွင်တင်ထားတာပဲဖြစ်ပါတယ်။ ဒါအပြင် သူမရဲ့တွစ်တာစာမျက်နှာပေါ်မှာလည်း သူမတွေ့ကြုံခဲ့ရတဲ့ပျော်ရွှင်မှုကိုလည်း မျှဝေရေးသားခဲ့ပါသေးတယ်။
met my childhood crush Jim Carrey. could even speak. he was kind, warm and human. I'm so happy.
— Ariana Grande (@ArianaGrande) April 21, 2014
၃။ Camila Cabello က Ed Sheeran ကိုတွေ့ဆုံသောအခါ
Camila ဟာ သူမအရူးအမူးနှစ်သက်ရတဲ့ အဆိုတော် Ed Sheeran ကို VMAတေးဂီတပွဲတော်မှာ တွေ့ဆုံခဲ့ပြီးနောက် သန့်စင်ခန်းတွင် သွားငိုခဲ့တယ်ဆိုပြီး အင်တာဗျူးတစ်ခုတွင်ပြောပြခဲ့ဖူးပါတယ်။ BuzzFeedသတင်းဌာနကပြုလုပ်တဲ့ အင်တာဗျူးမှာလည်း ” ကျွန်မ Fift Harmony အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရှိတုန်းက Ed Sheeran ရဲ့ သီချင်း “Lego House” ကိုပြန်ဆိုဖြစ်တော့ သူက ကျွန်မရဲ့တွစ်တာမှာ “မယုံနိုင်လောက်အောင်ကောင်းတယ်” လို့ ချီးမွမ်းခဲ့ဖူးပါတယ် . . . ” လို့ Camila ကဆိုခဲ့ပါတယ်။
၎။ Emma Watson ဟာ Céline Dion နဲ့တွေ့ဆုံသောအခါ
Emma ဟာ Jimmy Kimmelရဲ့အစီအစဉ်မှာ Celine ကိုတွေ့တော့ အရမ်းကိုဝမ်းသာသွားပါတယ်။ ” Celine ရောက်လာတဲ့အချိန်မှာ ကျွန်မက အစီအစဉ်စာရွက်ကိုကိုင်ထားရင်း အရမ်းအံ့သြနေတာ။ အဲ့အချိန် အခိုက်အတန့်လေးဟာ ကျွန်မအတွက်အရမ်းကိုတန်ဖိုးရှိပါတယ် “လို့ Emma က အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။
၅။ Taylor Swift မှ သူ့အကြိုက်ဆုံးအဆိုတော် Justin Timberlake နဲ့ တွေ့ဆုံသောအခါ
၆။ Mel B ဆီမှ Video Messgae ရရှိခဲ့တဲ့ Emma Stone
၇။ Rihanna မှ Beyonce နဲ့ တွေ့ဆုံခဲ့စဉ်က
၈။ Selena Gomez က Shia LaBeouf နဲ့တွေ့ဆုံသောအခါ
၂၀၁၁ခုနှစ်တုန်းက Selena Gomez က Shia LaBeouf နဲ့တွေ့ဆုံခဲ့စဉ်က သူမဟာအရမ်းကို ထိတ်လန့်သွားပြီး အရမ်းကိုရင်ခုန်သွားပါတယ်။ Selena ဟာ အရမ်းကိုရှက်နေပေမယ့်လည်း အရဲစွန့်ပြီးတော့ ” ရှင့်ကိုနှောက်ယှက်မိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျွန်မရှင့်ကို အရမ်းကိုအားကျလေးစားလို့ပါ ” ဟုဆိုကာ Shia ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်။
#SY(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
Like&Share