Breaking News

Cardi B နဲ့ Tomi Lahren တို့ အစိုးရအဖွဲ့ရဲ့ပိတ်သိမ်းမှုတစ်ခုကြောင့် တွစ်တာစာမျက်နှာပေါ်တွင် အချေအတင်ဖြစ်ခဲ့။

” ငါတစ်ယောက်တည်းနေပါရစေ။ ဒါမှမဟုတ် နင့်နဲ့ရန်ဆက်ဖြစ်နေမိတော့မယ် ” လို့ Cardi B က Lahren ကို တွစ်တာစာမျက်နှာပေါ်တွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အစိုးရတစ်စိတ်တစ်ပိုင်း ပိတ်သိမ်းခြင်းတစ်ခုအပေါ် အဆိုတော်Cardi B ရဲ့ဝေဖန်မှုကို ဖော့စ်သတင်းဌာနရဲ့ အစီအစဉ်တင်ဆက်သူ Tomi Lahren က ပြန်လည်ဝေဖန်ရာ နှစ်ဦးသား တွစ်တာစာမျက်နှာပေါ်မှာ အချေအတင်ဖြစ်ခဲ့ကြပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် နဲ့ သူ့အဖွဲ့အစည်းက ဖက်ဒရယ်အလုပ်သမားများကို ငွေပေးခြင်းမရှိခဲ့ခြင်းနဲ့ပက်သက်၍ Cardi B ရဲ့ ပြစ်တင်ရှုံ့ချမှုအပေါ် Lahren က  ” ဒီမိုကရေစီဝါဒီတွေကို သုံးသပ်နိုင်တဲ့ နောက်ဆုံးပေါ်နိုင်ငံရေးထူးချွန်ပညာရှင်ကြီး ” ဆိုပြီး လှောင်ပြောင်ရေးသားခဲ့ခြင်းကို ” ငါတစ်ယောက်တည်းနေပါရစေ။ ဒါမှမဟုတ် နင့်နဲ့ရန်ဆက်ဖြစ်နေမိတော့မယ် ” လို့ Cardi B က Lahren ကို တွစ်တာစာမျက်နှာပေါ်တွင် ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

” သေချာတာကတော့ ရှင်အဲ့လိုထပ်လုပ်ရင်တောင် ရှင့်ရဲ့ကပေါက်တိ ကပေါက်ချာနိုင်ငံရေးအတွေးအခေါ်တွေက  ပေါတောတောဆန်နေဦးမှာပဲ ” ဆိုပြီး Lahren မှ ပြန်လည် ပြောကြားခဲ့ပါတယ်။ အဆိုတော်Cardi B ကလည်း Lahren ဟာ လူမျိုးရေးခွဲခြားတတ်တဲ့စိတ်တွေဖုံးနေပြီး ဘယ်လိုပဲဖြစ်ဖြစ် သမ္မတလှည့်ချင်တိုင်းလှည့်လို့ရတဲ့ သားကောင်တွေပဲလို့ ပြန်ပက်လိုက်ပါတယ်။

Cardiဟာ ဗုဒ္ဓဟူးနေ့က သူမရဲ့ အင်စတာဂရမ်တွင် အစိုးရရဲ့တာဝန်မယူခြင်းအပေါ် ဝေဖန်ရင်း ” ကျွန်မတို့ နိုင်ငံဟာ အခုငရဲတွင်းထဲ ကျနေသလိုဖြစ်နေပြီ ” လို့ပြောပြီး ဗီဒီယိုတစ်ခုတင်ခဲ့ရာ နေ့ချင်းညချင်းလူသိများလာခဲ့ပါတယ်။

ထိုကိစ္စပြီးနောက်ပိုင်း Cardi B ကို ဒီမိုကရေစီဝါဒီ လွှတ်တော်အမတ်တွေကပါ သတိထားမိလာခဲ့ပါတယ်။ စနေနေ့တိုင်း တစ်နိုင်ငံလုံးကိုလွှင့်တဲ့ Women’s March အစီအစဉ်မှာ အစီစဉ်တင်ဆက်သူတွေက Cardi ရဲ့ ဝေဖန်ချက်တွေကို ဆောင်ပုဒ်အနေနဲ့ဖော်ပြခဲ့ပါတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro