Breaking News

Twilight ဇာတ်ကားအတွက် စာရေးဆရာမ စတက်ဖနီမေရာ အစကနဦးရွေးချယ်ထားခဲ့တဲ့ သရုပ်ဆောင်များ။

“Twilight” ရုပ်ရှင်ဇာတ်ကားရဲ့ ၁၀နှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုလိုတဲ့အနေနဲ့ စာရေးဆရာမ စတက်ဖနီမေရာရဲ့ ဝဘ်ဆိုဒ်ကိုဝင်ကြည့်တဲ့အခါမှာတော့ ၂၀၀၇/၂၀၀၈ ခုနှစ်အတွင်း “Twilight” ဇာတ်ကားနဲ့ပတ်သက်ပြီး သူမ ဘယ်လိုဖြတ်သန်းလာခဲ့လဲဆိုတာကို သိရှိခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်တုန်းက “Twilight” ရုပ်ရှင်ဇာတ်ကားအတွက် သူမရွေးချယ်ဖို့ရည်ရွယ်ထားတဲ့ သရုပ်ဆောင်တွေအကြောင်းကို သူမ၀ဘ်ဆိုဒ်ပေါ်မှာတင်ခဲ့ပါတယ်။

အတ်ဒ်ဝဒ် ကယ်လန်အဖြစ် ဟန်နရီ ကာဗေးလ် ကိုရွေးချယ်ထားခဲ့ပါတယ်။

မေရာ ပြောပြချက်အရ ” ကဗေးလ်ဟာ အတ်ဒ်ဝဒ် ကယ်လန်အဖြစ်သရုပ်ဆောင်ဖို့ အသင့်တော်ဆုံးပဲလို့ ထင်ခဲ့တာ။ သေချာပြန်စဉ်းစားကြည့်တော့ ကဗေးလ်ဟာ အသက်ကြီးနေပြီဖြစ်လို့ ကားလ်လိစ် အဖြစ်သရုပ်ဆောင်ဖို့ပိုသင့်တော်မယ်လို့ မှတ်ယူခဲ့တယ်။ နောက်ပြီး တွမ် စတားရစ် မဟုတ်ရင် လိုဂန်လားမန်းကတော့ အတ်ဒ်ဝဒ်ဖြစ်နိုင်တယ်ပေါ့ ” လို့ဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မေရာက ပရိသတ်တွေရွေးချယ်ပေးတဲ့ သရုပ်ဆောင်တွေထဲကမှ ရောဘတ်ပတ်တင်ဆန်ကို အတ်ဒ်ဝဒ်ဇာတ်ကောင်အဖြစ် ရွေးချယ်ခဲ့ခြင်းပဲဖြစ်ပါတယ်။

 

အမ်မလီဘရောင်းနင်းကို ဘယ်လာဆွမ်းအဖြစ်ရွေးချယ်ထားခဲ့တယ်။

 

ပရိသတ်တွေကလည်း ဘယ်လာနေရာမှာသရုပ်ဆောင်ဖို့အတွက် တခြားသရုပ်ဆောင်တွေကို ၀ိုင်းဝန်းရွေးချယ်ပေးတဲ့ထဲကမှ “Sky High”ဇာတ်ကားထဲက မင်းသမီး ဒန်နီရယ်ပါနာဘိတ်ကာကို မေရာက ပိုပြီး ကြိုက်နှစ်သက်ခဲ့ပါတယ်။

 

စတိဗ် စတရိတ်ကို ဂျိတ်ကော့ဘလက်ခ်အဖြစ် မေရာကရွေးချယ်ခဲ့ပါတယ်။

စတိဗ်က အသက်ကြီးနေတာမို့တိုင်လာပိုစီဟာ ဂျိတ်ကော့ဇာတ်ကောင်အတွက် သင့်တော်လိမ့်မယ်လို့ထင်ခဲ့ပြန်တယ်။

 

မေရာဟာ ကားလိစ်ကူလန်အဖြစ် ချာလီဟန်နမ်ကို သရုပ်ဆောင်စေလိုခဲ့တယ်။

မေရာက “အတ်ဒ်ဝဒ်ပြီးတော့ ကျွန်မစိတ်ကြိုက်ရွေးလိုတဲ့ ဒုတိယဇာတ်ကောင်ကတော့ ချားလိစ်ပဲဖြစ်တယ်။ ချာလီဟန်နန်ကို ချားလိစ်အဖြစ် သရုပ်ဆောင်စေချင်တဲ့ အကြောင်းကတော့ “Nicholas Nickleby” ဇာတ်ကားထဲက သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်နှစ်သက်လို့ပဲ ဖြစ်ပါတယ် . . .” ဆိုပြီး ပြောပြခဲ့ပါတယ်။

 

ချာလီဆွမ်းအဖြစ် ဂျွန်စီရေးလီ ကိုမေရာက မျက်စိကျနေခဲ့တာ။

 

ပရိသတ်တွေက ချာလီအဖြစ်သရုပ်ဆောင်ဖို့ ဒန်းနစ်ကော့ဒ်ကို ရွေးချယ်ကြတဲ့အခါမှာတော့ မေရာက ဗင့်စ်ဗေါ့ခ် ဒါမှမဟုတ် အဒမ်လီးဗေးကို ရွေးချယ်ဖို့စဉ်းစားနေခဲ့တယ်။

 

 

ရိုစလေဇာတ်ကောင်အတွက် ပရိသတ်တွေက အိုလီဗီယာဝိုင်းလ်ဒ်ကို ရွေးချယ်ပေးခဲ့ပေမဲ့လည်း မေရာကတော့ ဒီဇာတ်ရုပ်အတွက် မော်ဒယ်ဂျိုနာကရူပါက အသင့်တော်ဆုံးလို့ထင်ခဲ့ပါတယ်။

 

မေရာဟာ အဲလစ်ကူလန်ဇာတ်ကောင်အတွက် ရေချယ်လ်လိဂ်ကို သရုပ်ဆောင်စေချင်ခဲ့တယ်။

 

အမ်မတ်ကူလန်အဖြစ် ဒန်နီယ်ကတ်ဒ်မိုးကို သရုပ်ဆောင်စေချင်ခဲ့ပါတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro