အော်စကာဆုပေးပွဲအတွက် အကဲဖြတ်အကယ်ဒမီအဖွဲ့ဝင်တွေဟာ နှစ်စဉ်ပြောင်းလဲနေတဲ့အတွက် ဘယ်သူဆုရမလဲဆိုတာကိုခန့်မှန်းရတာ တကယ်ပရိယာယ်များတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားတစ်ခုချင်းစီအတွက် အဆင့်ဆင့်ရွေးချယ်ရာမှာ အသိသာဆုံးကတော့ အကယ်ဒမီရဲ့ပြောင်းလဲနေတတ်တဲ့သဘာဝအရ ဘယ်သူကဆန်ကာတင်စာရင်းဝင်မယ်ဆိုတာထက် ဘယ်သူကဒီဆုကိုရမလဲဆိုတာကို ပိုပြီးတော့ကွက်ကွက်ကွင်းကွင်း မြင်လာရပါတယ်။ အခမ်းအနားမရောက်မီရက်တွေ အတွင်းမှာလည်း ပရိသတ်တွေကိုဇဝေဇ၀ါဖြစ်အောင်လို့ အကယ်ဒမီအသင်းအဖွဲ့က စီစဉ်တင်ဆက်သူကို ကြိုတင်ပြောပြခြင်းမရှိပါဘူး။
ဒါကတော့ ပရိသတ်တွေစောင့်ကြည့်သင့်တဲ့ အချက် ၇ချက်ပါ
၁။ မဲအများဆုံးရရှိတဲ့ဇာတ်ကား
ဟော်လီဝုဒ်ရုပ်ရှင်ဇာတ်ကားတွေဟာ ရှိပြီးသားရုပ်ရှင်ဇာတ်ကားတွေကို ဆန်းသစ်စွာပြန်လည်ရိုက်ကူးထားတာများပါတယ်။ “A Star Is Born” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ “The Favorite”, “Roma”, နဲ့ “First Man” စတဲ့ရုပ်ရှင်ဇာတ်ကားတွေထက် ပိုပြီးမဲအများဆုံးရရှိနိုင်သော်လည်း အကောင်းဆုံးရုပ်ရှင်ဆုကို ရချင်မှရမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ “Gravity”, “The Revenant” နဲ့ “La La Land” စတဲ့ ဇာတ်ကားတွေဟာ စစချင်းမှာ လူကြည့်များခဲ့ပြီး နောက်ပိုင်းမှာတော့ လူကြိုက်နည်းသွားခဲ့တယ်။
၂။ Black Panther ရုပ်ရှင်ဇာတ်ကား
Black Panther ဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်ရွေးချယ်ခံရမယ်ဆိုရင် အော်စကာဆုနောက်ကွယ်က ကြိုးပမ်းပေးခဲ့တဲ့သူတွေအတွက်သာမက ပရိသတ်တွေအတွက်ပါ ပီတိဖြစ်စရာပါ။
၃။ Roma ရုပ်ရှင်ဇာတ်ကား
Roma ရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် ရွေးချယ်ခံရမယ်ဆိုရင် Netflix ရုပ်ရှင်ဇာတ်လမ်းတွဲအစီအစဉ်အတွက် ပထမဦးဆုံးသောအောင်မြင်မှုဖြစ်လာမှာပါ။ ဆုကိုမျှော်မှန်းပြီး ရုပ်ရှင်ကြည့်လာအောင်ပြုလုပ်နိုင်စွမ်းနဲ့ ရုပ်ရှင်ဖန်တီးဖို့အတွက် ငွေကြေးသုံးစွဲမှုတွေဖြစ်ပေါ်လာတာမို့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေကို တီထွင်ပြုလုပ်သူတွေစိတ်ဝင်စားလာအောင်လုပ်ဖို့ရာ တွန်းအားဖြစ်မှာလား စိုးရိမ်ဖွယ်ဖြစ်လာမှာလားဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့လိုလာပါမယ်။
၎။ ဒါရိုက်တာ အယ်လ်ဖွန်ဆို ကော်ရွန်
“Roma”ဇာတ်ကားရဲ့ ဒါရိုက်တာဟာ အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာအဖြစ်ရွေးချယ်ခံရမယ်လို့ အများကပြောဆိုလာကြပါတယ်။ သူဟာ ရုပ်ရှင်ထုတ်လုပ်ခြင်း၊ ဇာတ်ညွှန်းရေးခြင်း၊ ရုပ်ရှင်တည်းဖြတ်ခြင်း နဲ့ ရုပ်ရှင်ရိုက်ကူးရေးကိုပါ ကိုယ်တိုင်ပြုလုပ်ခဲ့ပါတယ်။ အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံးရုပ်ရှင်ဇာတ်ကား အဖြစ်ရွေးချယ်ခံရမယ့် စာရင်းထဲထည့်မယ်ဆိုရင်တော့ အယ်လ်ဖွန်ဆိုဟာ တစ်နှစ်အတွင်းမှာပဲ မတူကွဲပြားတဲ့ အမျိုးအစား၆မျိုးလုံးအတွက် အရွေးချယ်ခံရမယ့် ဒုတိယမြောက်လူဖြစ်လာပါလိမ့်မယ်။
၅။ ဗြိတိန်သရုပ်ဆောင်များ
သရုပ်ဆောင်ကဏ္ဍမှာ ဗြိတိန်သရုပ်ဆောင်တွေမပါဘူးဆိုရင်တော့ တော်တော်ဂယက်ရိုက်သွားမှာပဲ။ ခရစ်ရှန်ဘေးလ် နဲ့ အိုလီဗီးယားကိုးလ်မန်းတို့က ကျိန်းသေပေါက်အဓိကသရုပ်ဆောင်တွေ အဖြစ်သတ်မှတ်ခံရမှာဖြစ်ပြီး ရစ်ချတ် အီး ဂရန့်တ် က အရံသရုပ်ဆောင်အဖြစ်သတ်မှတ်ခံထားရပါတယ်။ ရစ်ချယ်ဝိဇ် ဒါမှမဟုတ် ကလဲရ်ဖွိုင်း ဒါမှမဟုတ် နှစ်ယောက်လုံးက အရံသရုပ်ဆောင်အဖြစ်ရွေးချယ်ခံသင့်ပါတယ်။
၆။ ကင်မရာနောက်ကွယ်က ပံ့ပိုးသူများ
ဂျင်မ်ဘိခ်ျ နဲ့ ဂရေဟမ်ကင်းတို့ရဲ့ Queenအဆိုတော်အဖွဲ့အကြောင်းကိုပြန်လည်ရိုက်ကူးထားသော “Bohemian Rhapsody” ဆိုတဲ့ရုပ်ရှင်ဖန်တီးမှုနဲ့ “The Favourite” ဇာတ်ကားအတွက် ဒဘိုရာဒေးဗစ်ရဲ့ ဇာတ်ညွှန်းရေးသားဖန်းတီးမှု၊ စန္ဒီပိုဝယ်လ်ရဲ့ဝတ်စုံဒီဇိုင်းဖန်တီးမှုတို့ကိုကြည့်ခြင်းအားဖြင့် ကင်မရာနောက်ကွယ်ကနေ ရုပ်ရှင်တစ်ကားဖြစ်ပေါ်ဖို့အတွက် ပညာရှင်တွေရဲ့ ပါရမီနဲ့အားစိုက်ထုတ်မှုကိုတွေ့နိုင်ပါတယ်။ “First Man”ဇာတ်ကားရဲ့ ထုတ်လုပ်မှုအပိုင်း ဒီဇိုင်နာ နေသန်ခရိုးလေးနဲ့ ရုပ်သံထုတ်လုပ်သူ မာ့ခ်ရွန်ဆန်တို့ဟာ ရုပ်ရှင်ဇာတ်ကားကို အကောင်းဆုံး ပူးပေါင်းတည်းဖြတ်နိုင်ခဲ့ကြပါတယ်။
၇။ ဒါဆိုရင် ကော်ဘိုးလ်ဒ်ညီအစ်ကိုကရော?
ပေါလ်ကော်ဘိုးလ်ဒ်ရဲ့ “Jurassic World: Fallen Kingdom” ရုပ်ပုံဖန်တီးမှုအတွက် ရွေးချယ်ခံရမယ်ဆိုရင်တော့ ၇နှစ်ကြာပြီးနောက်မှ ကော်ဘိုးလ်ဒ်ညီအစ်ကိုဟာ အော်စကာဆုအတွက် ဆန်ကာတင်စာရင်းထဲမှာ ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။ ပေါလ်ရဲ့ ညီအကိုတွေဖြစ်တဲ့ ခရစ် နဲ့ နေးလ်ဟာ အော်စကာဆုရရှိခဲ့ပြီး ပေါလ်ကတော့ ဆန်ကာတင်စာရင်းထဲ ဝင်ခဲ့ပေမယ့် ဆုရရှိခဲ့ခြင်း မရှိသေးပါဘူး။
#SY(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share