Breaking News

တိုင်းပြည်တစ်ပြည်က နာမည်အမှန်ကိုပြန်လည်ပြောင်းယူခြင်း။

လွန်ခဲ့တဲ့ဧပြီလက ပြုလုပ်ခဲ့သော ဆွဇီလန်နိုင်ငံရဲ့ နှစ်၅၀ပြည့် လွတ်လပ်ရေးအခမ်းအနားတွင် မဆွာတီသုံးဆက်မြောက်ဘုရင်က အာဖရိကန်နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ ဆွဇီလန်နိုင်ငံဟာ အရင်ကိုလိုနီခေတ်က နာမည်တွေကိုစွန့်ခွာပြီး ဒေသခံနာမည်ဖြစ်တဲ့ “ဆွဇီလူမျိုးတို့ရဲ့မြေ”လို့ အမည်ရတဲ့ “အီဆွာတီနီ” အဖြစ် တစ်ဖန်ပြန်လည်လူသိလာရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘုရင်ကြီးရဲ့ “ဒီတိုင်းပြည်ဟာအခုချိန်ကနေစပြီးတော့ အီဆွာတီနီတိုင်းပြည်လို့အမည်တွင်စေပြီ” ဆိုတဲ့ကြေငြာချက်ကို ကြေငြာလိုက်တဲ့အချိန်မှာ လူထုကြီးဟာ အံ့သြသွားပြီး လက်ခုပ်သြဘာတွေ တစ်ခဲနက်ပေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံသူ ဂျက်စီကာအီလီရော့တ်က ဆိုပါတယ်။ အီဆွာတီနီလူမျိုး ဂျစ်သောန်ဟာ နိုင်ငံတကာဂီတဖျော်ဖြေပွဲကို သွားတဲ့အခါမှာ လူတော်တော်များများက သူတို့တွေ ဘယ်သူတွေဆိုတာကိုမသိကြကြောင်းပြောပြရင်း တိုင်းပြည်ရဲ့အမည်နာမကို ပြောင်းလိုက်ခြင်းဟာ အီဆွာတီနီမှာနှစ်စဉ်ကျင်းပတဲ့ မီးပုံပွဲဂီတပွဲတော်အပေါ် သက်ရောက်မှုမရှိခဲ့ကြောင်းကိုပါ အံ့သြပျော်ရွှင်စွာပြောပြခဲ့ပါတယ်။ နာမည်အသစ်ကို တစ်ကမ္ဘာလုံးကသတိထားမိလာစေဖို့အတွက် ခက်ခဲသော်လည်း ဒေသခံတွေကတော့ ဒီပြောင်းလဲမှုအပေါ်မှာအားရကျေနပ်နေကြပါတယ်။ သူတို့ဘယ်လောက်ဂုဏ်ယူနေတယ်ဆိုတာကို သိရဖို့အတွက် တချို့ဒေသခံတွေကိုတောင် မေးခွန်းတစ်ချို့မေးခဲ့ပါသေးတယ်။

ဘာကြောင့်လူတွေဒီနိုင်ငံလေးကို နှစ်သက်ကြရတာလဲ?

အရှေ့တောင်အာဖရိကမှာရှိတဲ့ ကုန်းမြေပတ်လည်ဝန်းရံနေတဲ့နိုင်ငံလေးဟာ အကျယ်အဝန်းအားဖြင့် သေးငယ်သော်လည်း အေးမြတဲ့တောင်တန်းတွေ ခြောက်သွေ့ပူအိုက်တဲ့မြေနိမ့်ပိုင်းဒေသတွေနဲ့ ဝန်းရံဖွဲ့စည်းထားတဲ့ လှပတဲ့ပတ်ဝန်းကျင်လေးရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေဟာလည်း ဧည့်သည်အသစ်နဲ့ ဒေသခံအသစ်တွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝဥယျာဉ်တွေကို ထိန်းသိမ်းပေးထားတယ်။ “သဘာဝအလျောက်လှပနေတဲ့ တောင်တန်းတွေနဲ့ရှုခင်းတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်တာမို့ ဘယ်သူမှ သဘောမကျပဲကိုမနေနိုင်ဘူး” လို့ ဒေသခံတစ်ဦးဖြစ်သူက ဆိုပါတယ်။ “ကျွန်တော်ဒီကို ယာယီအလုပ်ကိစ္စလေးရှိလို့ရောက်လာရာကနေ ဘယ်တော့မှမပြန်ဖြစ်တော့ပါဘူး။ အမြဲတမ်းအရောင်ပြောင်းနေတတ်တဲ့ သဘာဝအလှအပကြီးကို ခံစားရင်း ကားမောင်းရတာကြိုက်သလို အမြဲတမ်းသက်ဝင်လှုပ်ရှားနေတဲ့ ဈေးတွေကိုရော သဘောကျတယ်။ ဒီတိုင်းပြည်ဟာအရမ်းကိုလှပပြီး ကြင်နာနွေးထွေးတတ်တဲ့ ပတ်ဝန်းကျင်လည်းရှိတာမို့ နေပျော်တာပေါ့”ဆိုပြီး တောင်အာဖရိကသား Foresters Arms ဟိုတယ်ပိုင်ရှင်က ပြောဆိုခဲ့ပါတယ်။

ဒီမှာနေရတာဘယ်လိုနေလဲ?

ကြင်နာနွေးထွေးတတ်တဲ့ပတ်ဝန်းကျင်ရှိတဲ့ လှပတဲ့တိုင်းပြည်မှာ လူဦးရေ ၇၆,၀၀၀ရှိတဲ့ အင်မ်ဘဘနီမြို့နဲ့ လူဦးရေအများဆုံးမြို့ဖြစ်တဲ့ မန်ဇီးနီဆိုတဲ့ မြို့နှစ်မြို့ရှိပြီး ဒေသခံတွေဟာဘယ်တော့မှပြေးလွှားနေရတယ်လို့မရှိဘဲ လုပ်စရာရှိတာလေးတွေကို အချိန်ယူပြီး အေးဆေးလုပ်လေ့ရှိကြပါတယ်။

ဒေသခံတော်တော်များဟာ အင်္ဂလိပ်ဘာသာရော မိခင်ဘာသာစကားကိုပါပြောကြပြီး နှုတ်ဆက်စကားပြောဆိုတဲ့အချိန်မှာတော့ မိခင်ဘာသာစကားနဲ့ နှုတ်ဆက်တာကိုပိုပြီး သဘောကျကြပါတယ်။ ဒေသခံတစ်ယောက်ကတော့ အီဆွာတီနီလူမျိုးတွေဟာ အရမ်းကိုကြင်နာတတ်ပြီး ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ကြတယ်လို့လည်းဆိုခဲ့ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေနဲ့ပတ်သက်ပြီး ပွဲတော်တွေကျင်းခြင်းဟာ သူတို့လူမျိုးစုရဲ့အရေးပါဆုံးသော အချက်တွေထဲကတစ်ခုဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ စက်တင်ဘာလတိုင်းမှာကျင်းပလေ့ရှိတဲ့ ကျူပင်ကပွဲမှာဆိုရင် အမျိုးသမီးငယ်လေးတွေဟာ ကျူပင်တွေကိုလှီးဖြတ်ပြီး ဘုရင်မကြီးဆီဆက်သတယ်။ ပြီးတာနဲ့ ရိုးရာဝတ်စုံတွေကိုဝတ်ဆင်ပြီးတော့ ကပြသီဆိုဖျော်ဖြေကြတယ်။

ကမ္ဘာပေါ်မှာကျန်ရှိနေသေးတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုကျင့်သုံးတဲ့ တိုင်းပြည်တွေထဲက အာဖရိကတိုင်းပြည်ငယ်ဖြစ်တဲ့ ဆွဇီလန်နိုင်ငံဟာ သူတို့ရဲ့ယဉ်ကျေးမှုကိုတန်ဖိုးထားထိန်းသိမ်းတတ်ပြီး သဘာဝတောရိုင်းတိရစ္ဆာန်နှင့်တောတောင်ရေမြေအလှအပကို တစ်ကမ္ဘာလုံးကိုသိမြင်စေချင်တဲ့ အမိမြေအပေါ်ဂုဏ်ယူတတ်တဲ့ လူမျိုးစုပဲဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweTravel

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro