HomeEntertainmentCardi B ပြီးနောက်ပိုင်း နိုင်ငံရေးအကြောင်း ဖွင့်ဟပြောဆိုလာတဲ့ အမေရိကန် Rapper Offset

Cardi B ပြီးနောက်ပိုင်း နိုင်ငံရေးအကြောင်း ဖွင့်ဟပြောဆိုလာတဲ့ အမေရိကန် Rapper Offset

- Advertisement -

အမေရိကန်ရက်ပါ အော့ဖ်ဆက်ကလည်း လက်ရှိဖြစ်ပျက်နေတဲ့ အမေရိကန်နိုင်ငံက နိုင်ငံရေးအခြေအနေတွေကို စတင်ဖွင့်ဟ ပြောဆိုလာခဲ့ပါပြီ။

အသက် ၂၇ နှစ်အရွယ် အဆိုတော် အော့ဖ်ဆက်ကတော့ သူ့ရဲ့နိုင်ငံရေးနဲ့ ပက်သက်တဲ့ ထင်မြင်ယူဆချက်တွေကိုတော့ ပြောလေ့ရှိသူမဟုတ်ပါဘူး။ သူအခုလို ထုတ်ပြောလိုက်ခြင်းဟာလည်း နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့ ထောင်နဲ့ချီသော အမေရိကန်လူမျိုးတွေကို မကူညီပေးနိုင်ပေမယ့်လည်း အားအင်တွေပေးနိုင်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ထွက်ရှိခဲ့တဲ့ Esquire Magazine နဲ့ အင်တာဗျူးမှာ ဖော်ပြခဲ့ပါတယ်။

“ ကျွန်တော်တို့အားလုံးအတွက် ခက်ခဲတဲ့အချိန်ပဲဖြစ်ပါတယ်။ လူဖြူတွေကော၊ လူမဲတွေကော သိထားရမှာက အစိုးရအနေနဲ့သာ ဖျက်သိမ်းခဲ့မယ်ဆိုရင် လူတိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဒီလိုကိစ္စရပ်မျိုး လုံးဝမဖြစ်သင့်ပါဘူး . . . ” ဆိုပြီး အော့ဖ်ဆက်မှ  ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူကပဲ “ အမေရိကန်မှာဆိုရင် ပိုက်ဆံရှာရတာ လွယ်ကူတယ်၊ ကားတွေအလွယ်တကူဝယ်လို့ရတယ်၊ အောင်မြင်နိုင်အောင် ပြုလုပ်ဖို့အတွက် လမ်းကြောင်းတွေအများကြီးရှိတယ်။  အခြားနိုင်ငံသားတွေကတောင်  အားကျအတုယူနေတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်တယ် . . . ” ဆိုပြီး သူကပဲ ဆက်လက်ပြောကြားခဲ့ပါတယ်။

“ လူတွေ အလုပ်လုပ်နေကြပေမယ့်လည်း ပေးရန်ရှိတဲ့ အခွန်တွေ၊ နေထိုင်ဖို့စရိတ်တွေ၊ ကုန်ကျစရိတ်တွေကို  ပေးနိုင်ခြင်းမရှိဘူးလို့ ကြားသိရခြင်းဟာ အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံရေးကိစ္စတွေကို ဝင်ပါချင်စိတ် မရှိပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအကြောင်းကို နားမလည်သလို စိတ်ဝင်စားမှုလည်း မရှိလို့ပါပဲ။ ဒါပေမယ့်လည်း ပြောချင်တာတစ်ခုကတော့ အခုလက်ရှိ အလုပ်ကြိုးစားနေတဲ့ လူမည်း မိခင်တွေအများကြီးရှိပြီး အခုတော့ သူတို့ရဲ့ အလုပ်အကိုင်တွေကို ဆုံးရှုံးကြတော့မှာ ဖြစ်ပါတယ် . . .” ဆိုပြီး အော့ဖ်ဆက်မှာ သူ့ရဲ့ ထင်မြင်ယူဆချက်ကို ပြောပြခဲ့ပါတယ်။

- Advertisement -

 

#ST(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 2 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...