Breaking News

လက်ဝှေ့သမား မန်နီပက္ကီယာအို လက်ဝှေ့ထိုးနေတုန်း သူရဲ့နေအိမ် ဖောက်ထွင်းခံရ။

လော့စ်အိန်ဂျလိစ်ရဲဌာနကတော့ သံသယရှိသူဟာ တစ်အိမ်လုံးကို မွှေနှောက်ရှာဖွေ ခိုးယူပြီး   ထွက်ပြေးသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ဝှေ့သမား မန်နီပက္ကီယာအိုဟာ လက်စ်ဗီးဂတ်စ်မှာ လက်ဝှေ့ထိုးဖို့ ရောက်ရှိနေတဲ့ ရက်သတ္တပတ်အတွင်း သူ့ရဲ့နေအိမ် ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ အသက်၄၀အရွယ်ရှိ ဖိလစ်ပိုင်လူမျိုး အလယ်တန်းဝိတ်ကစားသမား ဟာ စနေနေ့မှာ အန်ဒရီယမ် ဘရွန်းနား ဆိုသူနဲ့ထိုးသတ်ခဲ့ရာ ၁၂ချီမြှောက်တွင် သရေကျခဲ့ပါတယ်။ အမ်ဂျီအမ်ဂရမ်းတွင် ကျင်းပခဲ့တဲ့ ၎င်းယှဉ်ပြိုင်မှုဟာ ၂၀၁၆ခုနှစ်နောက်ပိုင်း မန်နီကိုကြိုးဝိုင်းထဲမှာ ပထမဆုံးအကြိမ်ပြန်လည် တွေ့ဆုံရခြင်းလည်းဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်ရဲဌာနအနေနဲ့ မြောက်ဘက် ပလိုင်းမောက်တ် လမ်းကျယ်ရှိ နေအိမ်တစ်ခု ဖောက်ထွင်းခံခဲ့ရတယ်ဆိုတာကို တနင်္ဂနွေနေ့ နေ့လည်ပိုင်းအချိန်တွင်သတင်းရရှိခဲ့ပါတယ်။ ပါက္ကီယာအိုဟာ အထက်တန်းလူတန်းစားတွေနေတဲ့ လာ့ခ်ျမွန့်အိမ်ယာမှာ ၂၀၀၉ ခုနှစ်ထဲက နေထိုင်ခဲ့တာဖြစ်ပြီး သံသယရှိသူတွေဟာ အိမ်ကိုဖောက်ထွင်းဝင်ရောက်၍ တစ်အိမ်လုံးကို အိတ်သွန်ဖာမှောက်မွှေနှောက်ကာ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်တယ်ဆိုပြီး ရဲမှူးမိုက်လိုပတ်ဇ်က ဘတ်ဇ်ဖိဒ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပက္ကီယာအိုနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူက ဖောက်ထွင်းသူများဟာ စနေနေ့ညက ပါက္ကီယာအို ကြိုးဝိုင်းထဲ၌ ထိုးသတ်နေတုန်း ၀င်ရောက်ခဲ့ကြောင်း အန်ဘီစီသတင်းဌာနနှင့် အယ်လ်အေတိုင်းမ် သတင်းဌာနတို့ကို ပြောကြားခဲ့ပါတယ်။ အယ်လ်အေတိုင်းမ်ရဲ့ ပြောကြားချက်အရ အိမ်ပိုင်ရှင်က လတ်စ်ဗီးဂတ်စ်ကို လက်ဝှေ့ထိုးဖို့သွားတုန်း အိမ်မှာ လူမရှိတာကို အခွင့်ကောင်းယူပြီး ဖောက်ထွင်းခဲ့ကြခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အာဏာပိုင်တွေကတော့ ဖောက်ထွင်းသူတွေဟာ ဘာတွေကိုယူဆောင်သွားတယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေငြာခဲ့ခြင်း မရှိပါဘူး။

 

#SY(Soshwe)

#SoshweSports

#soshweForYourDailyLife

#Like&Share

About admin

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro