HomeOtherထိုင်ဝမ်က ရေကူးဝတ်စုံဖြင့် တစ်ကိုယ်တော်တောင်တက်သူကို ပိုက်စိပ်တိုက်ရှာဖွေပြီးနောက်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့။

ထိုင်ဝမ်က ရေကူးဝတ်စုံဖြင့် တစ်ကိုယ်တော်တောင်တက်သူကို ပိုက်စိပ်တိုက်ရှာဖွေပြီးနောက်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့။

- Advertisement -

တောင်ထိပ်တွင် ရေကူးဝတ်စုံနဲ့ရိုက်ထားသော ဓာတ်ပုံတွေကြောင့် ပရိတ်သတ်အများအပြားရရှိခဲ့တဲ့ ထိုင်ဝမ်တောင်တက်သမားဟာ တစ်ကိုယ်တော်တောင်တက်ခရီးတွင် လျှိုမြောင်တစ်ခုထဲပြုတ်ကျ၍ သေဆုံးသွားခဲ့ပါတယ်။ Ms.Wu ဟာ အရေးပေါ်အကူအညီပေးသော ၀န်ဆောင်မှုအဖွဲ့အစည်းတွေကို ဆက်သွယ်ခဲ့သော်လည်း ဆိုးရွားလှတဲ့ ရာသီဥတုအခြေအနေကြောင့် သူမကို ကယ်ဆယ်မှုပြုလုပ်ရန် နှောင့်နှေးခဲ့တယ်လို့   ပြည်တွင်းသတင်းတင်ဆက်မှုက ပြောကြားခဲ့ပါတယ်။ အသက် ၃၆နှစ်အရွယ် တောင်တက်အမျိုးသမီးဟာ ခန္ဓာကိုယ်အပူရှိန်အလွန်အမင်းကျဆင်းပြီး သေဆုံးသွားခဲ့တယ်လို့ ပြောကြပါတယ်။ သူမဟာ လူသိများတဲ့ တောင်တက်သမားဖြစ်ရုံသာမက လူအများက သူမကိုလေးစားအတုယူဖွယ်ကောင်းတဲ့ တောင်တက်သမားတစ်ဦးဖြစ်တယ်လို့ သူမရဲ့ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ချီးမွမ်းထောပနာပြုထားကြပါသေးတယ်။ မစ်ဝူဟာ ယူရှန်အမည်ရှိ ထိုင်ဝမ်ကပြည်သူ့ပန်းခြံတစ်ခုအတွင်းရှိ ရက်ပေါင်းများစွာရှည်ကြာတဲ့ မီတာ ၄၀၀၀ မြင့်တဲ့ တောင်တက်ခရီးစဉ်ကို တစ်ယောက်ထဲသွားခဲ့တာဖြစ်တယ်လို့ သတင်းပေးပို့သူတွေက ပြောကြားခဲ့ပါတယ်။ သူမရဲ့ဓာတ်ပုံတွေကြောင့်သာမက သူမဟာ တောင်တက်ခရီးစဉ်အတွင်း လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေကို သေချာအသုံးပြုပြီး ကြိုတင်ကာကွယ်တတ်တဲ့ အတွေ့အကြုံရင့်  တောင်တက်သမားအဖြစ် လူသိများကျော်ကြားခဲ့ပါတယ်။

ထိုင်ဝမ်သတင်းဌာနရဲ့ပြောကြားချက်အရ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သူမဆီကို ရဟတ်ယာဉ်တွေ သုံးကြိမ်တိုင်တိုင် စေလွှတ်ပြီး သူမအသက်ကိုကယ်ဖို့ကြိုးစားခဲ့သော်လည်း ဆိုးရွားတဲ့ရာသီဥတုကြီးက အတားအဆီးဖြစ်ခဲ့တဲ့အတွက် သူမကိုကယ်ဆယ်ဖို့ ခြေလျင်လျှောက်ခဲ့ရပါတယ်။ လေထုအပူချိန်ဟာ ရေခဲမှတ်ရောက်ခါနီးနေပြီဖြစ်ကြောင်းကို လစ်ဘာတီတိုင်းမ်သတင်းဌာနက ကယ်ဆယ်သူတွေကို ပြောကြားပြီး နောက်တစ်နေ့ တနင်္လာနေ့မှာပဲ သူမရဲ့အလောင်းကို ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

၂၀၁၈ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ သူမဟာ သူမရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လောင်းကြေးထပ်ရာက ရှုံးသွားခဲ့ပြီး ဒီလိုရေကူးဝတ်စုံဝတ်ပြီးဓာတ်ပုံရိုက်ဖို့ အကြံရခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူမဟာ တိမ်တွေရဲ့အပေါ်မှာ တည်ရှိနေတဲ့တောင်တန်းပေါ်ကရှုခင်းပုံကို ပရိသတ် ၁၈,၀၀၀ကျော်ရှိတဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ဇန်န၀ါရီ ၁၈ရက်နေ့က နောက်ဆုံးတင်ခဲ့တာဖြစ်ပါတယ်။ လူတစ်ထောင်ကျော်လောက်က သူတို့ရဲ့ထင်မြင်ချက်တွေကို ရေးသားခဲ့ကြပြီး ပုံတော်တော်များများက ကယ်ဆယ်ရေးလုပ်ရှားမှုတွေကိုမှတ်တမ်းတင်ထားတာမို့ သူမဟာအသက်ရှိနေသေးလားဆိုတာကိုတော့ တိတိကျကျမဖော်ပြနိုင်ခဲ့ပါဘူး။ လူတော်တော်များများက သူမကိုဆုံးရှုံးရမှုအတွက် သူတို့ရဲ့ဝမ်းနည်းမှုကိုဖော်ပြခဲ့ကြပြီး သူမဟာ တောင်တက်သမားအသင်းအဖွဲ့တစ်ခုလုံးအတွက် လေးစားအားကျဖွယ်ဖြစ်တယ်လို့ ချီးမွမ်းရေးသားခဲ့ကြပါတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read