The Wolf of Wall Street ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီး မာဂေ့ါရော်ဘီဟာ မကြာခင်ထွက်ရှိလာမယ့် ဘာဘီရုပ်ရှင်ဇာတ်ကားမှာ အဓိက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သွားမယ်လို့ သိရှိရပါတယ်။ တော်တော်များများ ပရိသတ်တွေကလည်း မာဂေါ့ရော်ဘီတစ်ယောက် အခုလိုပဲ ဘာဘီရုပ်ရှင်ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်မယ့်အပေါ်အရမ်းကို စိတ်လှုပ်ရှားလျက်ရှိနေကြပါတယ်။ ဘာဘီရုပ်ရှင်ဇာတ်ကားဆိုတဲ့ နာမည်ကလွဲပြီး အခြားသော နာမည် အတည်တကျ မပေးရသေးတဲ့ ဒီဇာတ်ကားကို I, Tonya လို့ အမည်ရတဲ့ နာမည်ကျော် စကိတ်မယ်ရဲ့ အတ္ထုပတ္တိရုပ်ရှင်ကို ရိုက်ကူးပေးခဲ့တဲ့ LuckyChap Entertainment က ပူးပေါင်းပါဝင် ရိုက်ကူးပေးသွားမှာလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ဘာဘီရုပ်ရှင်ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အပေါ် မာဂေ့ါရော်ဘီက “ကျွန်မ အနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာ အခုလိုမျိုး ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ ကလေးငယ်တွေနဲ့ ပရိသတ်တွေကို အပြုသဘောဆောင်ပြီး ကြီးကျယ်ခမ်းနားတဲ့ လွှမ်းမိုးမှုတွေ ပေးစွမ်းနိုင်ပါလိမ့်မယ်။ ငယ်ငယ်တုန်းက ဘာဘီရုပ်တွေနဲ့ ကစားရတာက ယုံကြည်မှုတွေ ပိုရှိလာစေတယ်။ သိချင်စိတ်တွေ ပြင်းပြလာစေတယ်။ နောက်ပြီး ကလေးတစ်ယောက်နဲ့ သာမန်ဆက်သွယ်မှုမျိုးကနေ ကိုယ်တိုင်ရှာဖွေ ဆန်းသစ်မှုမျိုးဆိုတဲ့ အရာကို ကူးပြောင်းစေခဲ့ပါတယ်။ နှစ်ပေါင်း (၆၀) နီးပါးလောက် ကြာလာတဲ့အခါမှာ ဘာဘီရုပ်ရှင်ဇာတ်လမ်းတွေက ကလေးငယ်တွေအတွက် မင်းသမီးတစ်ယောက်အဖြစ်ကနေ နိုင်ငံတော်သမ္မတတစ်ယောက်ဖြစ်ဖို့အထိ ကြီးမားတဲ့ ရည်မှန်းချက်တွေ နဲ့ စိတ်ဓာတ်ခွန်အားတွေကိုပါ ပေးစွမ်းလာနိုင်ခဲ့ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
နာမည်ကျော် Warner Bro Pictures Group ရဲ့ ဥက္ကဌဖြစ်သူ တိုဘီအမ်မရစ်ချ်ကလည်း မာဂေ့ါရော်ဘီအနေနဲ့ ဘာဘီရုပ်ရှင်ဇာတ်ကားကို ဒီနေ့ခေတ် ပရိသတ်တွေရဲ့ အကြိုက်နဲ့ ကိုက်ညီအောင် အကောင်းဆုံး ပြန်လည် ဆန်းသစ်မှုတွေ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ပြောပြသွားပါသေးတယ်။
ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း မာဂေ့ါရော်ဘီကို ဘာဘီရုပ်ရှင်ဇာတ်ကားအတွက် အဓိက သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် ဝေဖန်မှုများ ရှိနေတာလည်း ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတစ််ချို့ရဲ့ ဝေဖန်ချက်များအရ မာဂေ့ါရော်ဘီရဲ့ သရုပ်ဆောင်ပုံတွေဟာ ခန့်မှန်းရလွယ်ကူပြီး ပျင်းဖို့ ကောင်းကြောင်း၊ လက်ရှိ မာဂေ့ါရော်ဘီ သရုပ်ဆောင်မယ့် ဇာတ်ရုပ်ဟာ ယခင် သူမ တာဝန်ယူခဲ့တဲ့ ဇာတ်ကောင်စရိုက်များနဲ့ ပကတိဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လျက်ရှိပါတယ်။
ဒ့ါအပြင် နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Black Panther, Aquaman, Crazy Rich Asians, To All The Boys I’ve Loved Before ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေလိုမျိုး မာဂေ့ါရော်ဘီတစ်ယောက် စွမ်းဆောင်နိုင်ခြင်းမရှိသေးဘူးလို့ ခံစားချက်များ ဖြစ်ပေါ်နေတဲ့အပြင် အချို့သော အင်တာနက်ပေါ်မှ ပရိသတ်တွေကလည်း မာဂေ့ါရော်ဘီနဲ့ဘာဘီရုပ်တို့ကို နှိုုင်းယှဉ်ဖော်ပြပြီး မာဂေ့ါရော်ဘီအနေနဲ့ ဘာဘီရုပ်နဲ့ ဘယ်လောက်တူသလဲဆိုသည့် မေးခွန်းများကိုလည်း မေးမြန်းလျက်ရှိနေကြပါတယ်။
<Unicode Version>
အသစ်ထွက်ရှိမယ့် ဘာဘီရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မယ့် မာဂေါ့ရော်ဘီအပေါ် ဝေဖန်မှုများရှိနေ။
နာမည်ကျော် Warner Bro Pictures Group ရဲ့ ဥက္ကဌဖြစ်သူ တိုဘီအမ်မရစ်ခ်ျကလည်း မာဂေါ့ရော်ဘီအနေနဲ့ ဘာဘီရုပ်ရှင်ဇာတ်ကားကို ဒီနေ့ခေတ် ပရိသတ်တွေရဲ့ အကြိုက်နဲ့ ကိုက်ညီအောင် အကောင်းဆုံး ပြန်လည် ဆန်းသစ်မှုတွေ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ပြောပြသွားပါသေးတယ်။
ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း မာဂေါ့ရော်ဘီကို ဘာဘီရုပ်ရှင်ဇာတ်ကားအတွက် အဓိက သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် ဝေဖန်မှုများ ရှိနေတာလည်း ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတစ်ချို့ရဲ့ ဝေဖန်ချက်များအရ မာဂေါ့ရော်ဘီရဲ့ သရုပ်ဆောင်ပုံတွေဟာ ခန့်မှန်းရလွယ်ကူပြီး ပျင်းဖို့ ကောင်းကြောင်း၊ လက်ရှိ မာဂေါ့ရော်ဘီ သရုပ်ဆောင်မယ့် ဇာတ်ရုပ်ဟာ ယခင် သူမ တာဝန်ယူခဲ့တဲ့ ဇာတ်ကောင်စရိုက်များနဲ့ ပကတိဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လျက်ရှိပါတယ်။
ဒ့ါအပြင် နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Black Panther, Aquaman, Crazy Rich Asians, To All The Boys I’ve Loved Before ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေလိုမျိုး မာဂေါ့ရော်ဘီတစ်ယောက် စွမ်းဆောင်နိုင်ခြင်းမရှိသေးဘူးလို့ ခံစားချက်များ ဖြစ်ပေါ်နေတဲ့အပြင် အချို့သော အင်တာနက်ပေါ်မှ ပရိသတ်တွေကလည်း မာဂေါ့ရော်ဘီနဲ့ဘာဘီရုပ်တို့ကို နှိုင်းယှဉ်ဖော်ပြပြီး မာဂေါ့ရော်ဘီအနေနဲ့ ဘာဘီရုပ်နဲ့ ဘယ်လောက်တူသလဲဆိုသည့် မေးခွန်းများကိုလည်း မေးမြန်းလျက်ရှိနေကြပါတယ်။
<Zawgyi Version>
#HM(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share