Breaking News

Glass ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံးအဖြစ် ချီးကျူးခံနေရတဲ့ ဂျိမ်းစ်မက်အဗွိုင်းရဲ့ သရုပ်ဆောင်ချက်များ

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေပြီဖြစ်တဲ့ Glass ဇာတ်ကားမှာ ဂျိမ်းစ်မက်အဗွိုင်းတစ်ယောက်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးပြောကြားမှုတွေ ရှိနေပါတယ်။ ဒီဇာတ်ကားမှာ Kevin Wendell အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျိမ်းစ်ဟာ ဓာတုဗေဒဓာတ်ပြုမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မတူညီတဲ့ ပင်ကိုယ်စရိုက် (၂၄) မျိုးနဲ့ ဇာတ်ကောင်နေရာမှာ ပရိသတ်တွေ လက်ဖျားခါလောက်အောင်ကို သရုပ်ဆောင်ကောင်းခဲ့တာကြောင့် အခုလိုပဲ ချီးမွမ်းခံနေရတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့အစမှာ David Dunn အဖြစ် သရုပ်ဆောင်တဲ့ Bruce Willis က Kevin Wendell အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျိမ်းစ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားရာမှ ပရိသတ်တွေအတွက် Glass ဆိုတဲ့ စူပါဟီးရိုးသူလျှိုဇာတ်ကားကြီး အစချီခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာပြဿနာရှိနေတယ်ဆိုတာကို ယုံကြည်ထားတဲ့ စိတ်ရောဂါပညာရှင် ဒေါက်တာ Staple အဖြစ် ပွဲထွက်လာတဲ့ Sarah Paulson ကတော့  David Dunn နဲ့ Kevin Wendell တို့ နှစ်ယောက်လုံးကို Ravenhill ဆေးရုံကို ခေါ်ဆောင်လာခဲ့ပါတယ်။

ဒီဆေးရုံမှာ သူတို့ နှစ်ယောက်နဲ့ ပုံစံတူ ရောဂါဝေဒနာကို ခံစားနေရတဲ့ နောက်ထပ် လူနာတစ်ယောက်ရှိနေပြီး သူကတော့ Mr Glass အဖြစ် နာမည်ကြီးတဲ့ Elijah Price ပဲဖြစ်ပါတယ်။  “Glass ဇာတ်လမ်းကို ကြည့်နေရတာဟာ တကယ့်ကို မျက်လှည့်ဆန်ဆန် လှည့်စားမှုတွေကို ကြည့်နေရသလိုပါပဲ။ ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကြိုသိတယ်လို့ ကိုယ့်ကိုကိုယ်ထင်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ဘာသဲလွန်စကိုမှ စဉ်းစားလို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သိလိုက်ရပါတယ်။”

“Glass က ထူးဆန်းတဲ့ နေရာတွေကို ရောက်ရောက်သွားပြီး တစ်ခါတလေဆို အရမ်းအရမ်းကို ထူးခြားဆန်းကြယ်တဲ့ နေရာတွေကို ရောက်သွားပါတယ်။ ပုံမှန်အားဖြင့် ဒီဇာတ်ကားရဲ့ အဓိကခေါင်းဆောင် သုံးယောက်က Bruce Willis, Samuel L. Jackson နဲ့ James McAvoy တို့ ဖြစ်ပေမဲ့ စာရေးသူအတွက် ဒီဇာတ်လမ်းမှာ အနှစ်သက်ဆုံးသရုပ်ဆောင်ကတော့ James ပဲဖြစ်ခဲ့ပါတယ်။ James ရဲ့ သရုပ်ဆောင်ချက်တွေက တကယ်ကို ရူးကြောင်ကြောင်ဆန်ခဲ့ပြီး သူ့အနေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်ဖြစ်ဖို့အတွက် ဘယ်လို အခြေအနေမျိုးကို ဖြတ်သန်းရသည်ဖြစ်စေ ကြောက်ရွံ့နေခဲ့ခြင်းမရှိပါဘူး။ တကယ်ကို ခမ်းနားတဲ့ သရုပ်ဆောင်မှုတွေ ဖြစ်ခဲ့ပါတယ်။ James အနေနဲ့ Kevin ရဲ့ ပင်ကိုယ်စရိုက် (၂၄) မျိုးလုံးကို ဟန်ချက်ညီအောင် ဘယ်လိုမျိုး သရုပ်ဆောင်သွားလဲဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ သူက စရိုက်တစ်ခုချင်းစီကို အံ့သြစရာကောင်းလောက်အောင် အကောင်းဆုံးသရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။” ဆိုပြီးတော့ ချီးမွမ်းသုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro