HomeOtherAnimalsသေဆုံးသွားပြီဖြစ်တဲ့ အသက် (၁၂) နှစ်အရွယ် ကမ္ဘာ့ချစ်စရာအကောင်းဆုံး ခွေးလေး

သေဆုံးသွားပြီဖြစ်တဲ့ အသက် (၁၂) နှစ်အရွယ် ကမ္ဘာ့ချစ်စရာအကောင်းဆုံး ခွေးလေး

- Advertisement -

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ Followers (၁၆) သန်းနဲ့အထက် ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ကမ္ဘာ့ချစ်စရာအကောင်းဆုံး ခွေးလေးဟာ ပြီးခဲ့တဲ့ စနေနေ့ မနက်အစောပိုင်းက ကွယ်လွန်သွားပြီဆိုတဲ့အကြောင်းကို ပိုင်ရှင်ဖြစ်သူက Facebook စာမျက်နှာကတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ခြေပစ်လက်ပစ် နဲ့ မှောက်လျက်လေးရှိနေတဲ့ ဓာတ်ပုံအပါအဝင် အခြားသော အသုံးအဆောင် ပစ္စည်းပေါင်းများစွာကို ဆင်မြန်းပြီး ရိုက်ကူးထားတဲ့ Boo ရဲ့ ပုံရိပ်တွေဟာ Social media ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လူပေါင်းများစွာရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

https://www.instagram.com/p/BpFPzifHUP0/?utm_source=ig_embed

ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ Boo ရဲ့ အချစ်ခင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ Buddy သေဆုံးပြီးနောက်ပိုင်း Boo ဆီမှာ နှလုံးရောဂါခံစားရတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရကြောင်းလည်း ပိုင်ရှင်ဖြစ်သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ Boo ဟာ ဒီနေ့မနက်အစောပိုင်းမှာ အိပ်ပျော်နေရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း၊ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Buddy နဲ့ ပြန်လည်တွေ့ဆုံဖို့အတွက် ကျွန်တော်တို့ကို ထားရစ်ခဲ့ပြီဖြစ်ကြောင်း၊ မိသားစုအနေနဲ့ စိတ်နှလုံးကြေကွဲဝမ်းနည်းရပါသော်လည်း Boo အနေနဲ့ နောက်ထပ် မည်သည့် နာကျင်မှုကိုမှ မခံစားရတော့မှာကို ပြန်လည် အမှတ်ရပြီးဖြေဆည်နိုင်ပါကြောင်း  ရေးသားခဲ့ပါတယ်။

https://www.instagram.com/p/Bo12Radnbij/?utm_source=ig_embed

- Advertisement -

ကျွန်တော်တို့ အိမ်ကို Boo စတင်ရောက်ရှိခဲ့တဲ့ (၂၀၀၆) ခုနှစ်ရဲ့ နွေဦးရာသီအချိန်ကစပြီး အကြီးကျယ်အခမ်းနားဆုံး နဲ့ အနွေးထွေးဆုံး ဆက်ဆံရေးကို အချိန်ပြည့်ခံစားရခဲ့ကြောင်း၊ Buddy ကွယ်လွန်ပြီးချိန်ကစလို့ Boo ဆီမှာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ စတင်တွေ့ရှိခဲ့ရကြောင်း၊ Boo ကို သက်တံ့ကြီးရဲ့ ဟိုးတစ်ဖက် အဆုံးကနေ Buddy က လှမ်းနှုတ်ဆက်နေမှာဖြစ်ကြောင်း၊ ဒါဟာ ကာလအတော်ကြာ မတွေ့ဖြစ်ခဲ့တဲ့ သူတို့အတွက် စိတ်အလှုပ်ရှားရဆုံး အချိန်ဖြစ်သလို ကောင်းကင်ဘုံမှာ သူတို့ရဲ့ ပြန်လည်ဆုံတွေ့ချိန်က ပျော်ဖို့အကောင်းဆုံးအချိန်ဖြစ်မှာဖြစ်ကြောင်း၊ အရင်လိုပဲ Buddy နဲ့အတူတူ ပြေးလွှားဆော့ကစားပြီး ချစ်စရာကောင်းတဲ့ ဖျက်ဆီးမှုတွေ လုပ်နိုင်ကြပါစေ ဆိုပြီးဝမ်းနည်းကြေကွဲဖွယ်ရာ ရေးသားသွားခဲ့ပါတယ်။

https://www.facebook.com/Boo/posts/10157219683968254

- Advertisement -

Boo ဟာ သူအသက်ရှင်စဉ်ကာလမှာလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်အချို့နဲ့တွေ့ဆုံခဲ့ဖူးသလို One Direction အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Liam Payne နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ လူပေါင်းများစွာကို  ပျော်ရွှင်မှုတွေ ပေးစွမ်းခဲ့တဲ့ Boo ကို ပိုင်ရှင်ဖြစ်သူက “တွေ့ဖူးသမျှထဲမှာ ပျော်ဖို့ အကောင်းဆုံး  ခွေးလေးတစ်ကောင်” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံတွေနဲ့အတူ ကမ္ဘာ့အနှံ့က လူပေါင်းများစွာရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူခဲ့တဲ့ Boo ဟာ “The Life of the World’s Cutest Dog” ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ကိုယ်ပိုင်စာအုပ်တစ်အုပ်လည်း ထွက်ရှိခဲ့ပါသေးတယ်။

 

#HM(1209Soshwe)

#SoshweAnimals

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − 11 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...