Breaking News

အသက်ဘေးက လွတ်မြောက်ဖို့အတွက် အစာအိမ်ထဲ ဘီယာ (၁၅) ခွက် လောင်းထည့်ခဲ့ရတဲ့ အမျိုးသား။

ကျွန်တော်တို့ ကိုယ်တိုင်ပဲဖြစ်ဖြစ် ကျွန်တာ်တို့ရဲ့ ဆွေမျိုးသားချင်း သူငယ်ချင်းတွေထဲကပဲဖြစ်ဖြစ် တစ်ညလုံး မနက်မိုးလင်းတဲ့အထိ သောက်ပြီး နောက်နေ့မနက်ကျ သောက်ထားသမျှ ပြန်အန်ထွက်တတ်တာမျိုးကိုပဲ ကြုံဖူးကြမှာပါ။ ဒါပေမဲ့ ဒီလိုမျိုး အလွန်အကျူး သောက်သုံးခြင်းဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းမျိုးကိုတော့ ကြုံခဲ့ဖူးကြမယ်မထင်ပါဘူး။

ဒီလိုဇာတ်လမ်းက ထူးတော့ထူးဆန်းပေမဲ့ ဗီယက်နမ်နိုင်ငံက အမျိုးသား တစ်ယောက်ကတော့ တကယ့်လက်တွေ့ ကြုံကြိုက်ခဲ့ရတာပါ။ ငုုယင်ဗန်နက်လို့ အမည်ရတဲ့ အသက် (၄၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသားဟာ ပန်းခြံတစ်ခုအတွင်းမှာ WKD Blue ဖြစ်တဲ့ Original Vodka ကို အလွန်အကျူးသောက်သုံးခဲ့ပြီး ဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။ အရက်အဆိပ်သင့်ပြီး အသက်အန္တရာယ် စိုးရိမ်နေရတဲ့ ဒီအမျိုးသားရဲ့ အစာအိမ်ထဲကို ဆရာဝန်တွေက ငါးလီတာ ပမာဏရှိတဲ့ ဘီယာပမာဏကို လောင်းထည့်ပေးပြီး အရေးပေါ်ကုသပေးခဲ့ရတာပါ။ ဒီဖြစ်ရပ်ဟာ ဗီယက်နမ်မြောက်ပိုင်းက အထွေထွေ ဆေးရုံကြီးတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံအုပ်ဖြစ်တဲ့ ဒေါက်တာ လီဗန်လန်ကတော့ ငုယင်ဗန်နတ်ရဲ့သွေးထဲမှာရှိနေတဲ့ Methanol ပမာဏက ပုံမှန်ရှိသင့်တဲ့ ပမာဏထက် အဆပေါင်း (၁,၁၁၉) ဆအထိ များပြားနေတယ်လို့ ပြည်တွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဗန်နတ်ရဲ့ အသက်ကို အရေးပေါ် ကယ်ဆယ်ဖို့အတွက် ဆရာဝန်တွေဟာ တစ်လီတာ ရှိတဲ့ ဘီယာပမာဏကို သူ့ရဲ့ ခန္ဓာကိုယ်အတွင်း ချက်ချင်း ထည့်သွင်းပေးခဲ့ရပြီး Methanol တွေနဲ့ အဆိပ်သင့်နေတဲ့ သူ့အသည်းရဲ့ လုပ်ဆောင်ချက်တွေကို နှေးကွေးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဆေးရုံအုပ်ကြီးရဲ့ အဆိုအရ ဘီယာတစ်ခွက်က လူနာအတွက် အသက်ရှင်ဖို့ တစ်နာရီ အချိန်ပိုပေးခဲ့ပြီး (၁၅) ခွက်စာ ဘီယာပမာဏကို သူ့ခန္ဓာကိုယ်ထဲ အရောက်ပို့ခဲ့အပြီးမှာတော့ လူနာက လုံးဝကို သတိပြန်ရလာခဲ့တယ်လို့ သိရပါတယ်။

ဖရိုင်းဘတ်တက္ကသိုလ်ဆေးရုံက ဟန်ဂျော့ဘတ်ရှ်ကလည်း ဒီလိုမျိုးကုထုံးနဲ့ ပတ်သက်ပြီးတော့ “ဘီယာ (၁၅) ခွက်နဲ့ ဒီကုထုံးက တော်တော်လေး တစ်မူထူးခြားပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဆေးရုံမှာ တခြား အယ်လ်ကိုဟော အမျိုးအစားမရှိလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုအယ်လ်ကိုဟော အမျိုးအစားမျိုးနဲ့ ကုသလဲဆိုတာထက် ချက်ချင်းဆိုသလို လက်ဦးမှု ရယူပြီး ကုသနိုင်ဖို့က အများကြီး ပိုအရေးကြီးပါတယ်။”

“ဘာလို့လဲဆိုတော့ ဘီယာက Ethanol ပါဝင်ပြီး Methanol အဆိပ်မိထားတဲ့ လူတစ်ယောက်ဖြစ်တဲ့ ငုယင်ဗန်နတ်အတွက် ဒီလိုမျိုး ဘီယာတွေ ခန္ဓာကိုယ်ထဲ လောာင်းထည့်စေတာက Methanol နဲ့့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ အသည်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ပုံမှန်အတိုင်းဆို အသည်းက Ethanol ကို စတင်ပြီး ချေဖျက်ပါတယ်။ ဒီအချက်က ဆရာဝန်တွေအတွက် လူနာကို ကယ်တင်နိုင်ဖို့ အချိန်ပိုရစေပါတယ်။” ဆိုပြီး သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

ဒီလိုမျိုး ကုသမှုက အောင်မြင်ခဲ့ပြီး ငုယင်ဗန်နတ်ရဲ့ အသက် အန္တရာယ်ကို ကယ်ဆယ်နိုင်ခဲ့အပြီးမှာတော့ ဒီလိုမျိုးတစ်ညအတွင်း ဘီယာ (၁၅) ခွက်သောက်သုံးတဲ့ ကိစ္စကို ဘယ်လိုနည်းနဲ့မှ မတိုက်တွန်းဖို့လည်း ဟန်စ်ဂျော့ဘတ်ရှ်က ပြောကြားသွားပါသေးတယ်။
<Unicode Version>

 

 

 

အသက္ေဘးက လြတ္ေျမာက္ဖုိ႔အတြက္ အစာအိမ္ထဲ ဘီယာ (၁၅) ခြက္ ေလာင္းထည့္ခ့ဲရတ့ဲ အမ်ိဳးသား

ကြ်န္ေတာ္တို႔ ကုိယ္တုိင္ပဲျဖစ္ျဖစ္ ကြ်န္တာ္တုိ႔ရဲ႕ ေဆြမ်ိဳးသားခ်င္း သူငယ္ခ်င္းေတြထဲကပဲျဖစ္ျဖစ္ တစ္ညလံုး မနက္မုိးလင္းတ့ဲအထိ ေသာက္ၿပီး ေနာက္ေန႔မနက္က် ေသာက္ထားသမွ် ျပန္အန္ထြက္တတ္တာမ်ိဳးကိုပဲ ႀကံဳဖူးၾကမွာပါ။ ဒါေပမ့ဲ ဒီလိုမ်ိဳး အလြန္အက်ဴး ေသာက္သံုးျခင္းဟာ လူတစ္ေယာက္ရဲ႕ အသက္ကုိ ကယ္တင္ႏုိင္ခ့ဲတယ္ဆုိတ့ဲ ဇာတ္လမ္းမ်ိဳးကိုေတာ့ ႀကံဳခ့ဲဖူးၾကမယ္မထင္ပါဘူး။

ဒီလိုဇာတ္လမ္းက ထူးေတာ့ထူးဆန္းေပမ့ဲ ဗီယက္နမ္ႏုိင္ငံက အမ်ိဳးသား တစ္ေယာက္ကေတာ့ တကယ့္လက္ေတြ႔ ႀကံဳႀကိဳက္ခ့ဲရတာပါ။ ငုုယင္ဗန္နက္လုိ႔ အမည္ရတ့ဲ အသက္ (၄၈) ႏွစ္အရြယ္ရွိၿပီျဖစ္တ့ဲ အမ်ိဳးသားဟာ ပန္းၿခံတစ္ခုအတြင္းမွာ WKD Blue ျဖစ္တ့ဲ Original Vodka ကို အလြန္အက်ဴးေသာက္သံုးခ့ဲၿပီး ေဆးရံုကုိ ေရာက္ရွိလာခ့ဲပါတယ္။ အရက္အဆိပ္သင့္ၿပီး အသက္အႏၱရာယ္ စုိးရိမ္ေနရတ့ဲ ဒီအမ်ိဳးသားရဲ႕ အစာအိမ္ထဲကို ဆရာဝန္ေတြက ငါးလီတာ ပမာဏရွိတ့ဲ ဘီယာပမာဏကုိ ေလာင္းထည့္ေပးၿပီး အေရးေပၚကုသေပးခ့ဲရတာပါ။ ဒီျဖစ္ရပ္ဟာ ဗီယက္နမ္ေျမာက္ပိုင္းက အေထြေထြ ေဆးရံုႀကီးတစ္ခုမွာျဖစ္ပြားခ့ဲတာျဖစ္ၿပီး ေဆးရံုအုပ္ျဖစ္တ့ဲ ေဒါက္တာ လီဗန္လန္ကေတာ့ ငုယင္ဗန္နတ္ရဲ႕ေသြးထဲမွာရွိေနတ့ဲ Methanol ပမာဏက ပုံမွန္ရွိသင့္တ့ဲ ပမာဏထက္ အဆေပါင္း (၁,၁၁၉) ဆအထိ မ်ားျပားေနတယ္လို႔ ျပည္တြင္းမီဒီယာေတြကို ေျပာၾကားခ့ဲပါတယ္။

ဗန္နတ္ရဲ႕ အသက္ကို အေရးေပၚ ကယ္ဆယ္ဖုိ႔အတြက္ ဆရာဝန္ေတြဟာ တစ္လီတာ ရွိတ့ဲ ဘီယာပမာဏကို သူ႔ရဲ႕ ခႏၶာကိုယ္အတြင္း ခ်က္ခ်င္း ထည့္သြင္းေပးခ့ဲရၿပီး Methanol ေတြနဲ႔ အဆိပ္သင့္ေနတ့ဲ သူ႔အသည္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကုိ ေႏွးေကြးေအာင္ လုပ္ေဆာင္ခ့ဲၾကပါတယ္။ ေဆးရံုအုပ္ႀကီးရဲ႕ အဆုိအရ ဘီယာတစ္ခြက္က လူနာအတြက္ အသက္ရွင္ဖုိ႔ တစ္နာရီ အခ်ိန္ပိုေပးခ့ဲၿပီး (၁၅) ခြက္စာ ဘီယာပမာဏကုိ သူ႔ခႏၶာကိုယ္ထဲ အေရာက္ပို႔ခ့ဲအၿပီးမွာေတာ့ လူနာက လံုးဝကို သတိျပန္ရလာခ့ဲတယ္လို႔ သိရပါတယ္။

ဖရိုင္းဘတ္တကၠသုိလ္ေဆးရံုက ဟန္ေဂ်ာ့ဘတ္ရွ္ကလည္း ဒီလုိမ်ိဳးကုထံုးနဲ႔ ပတ္သက္ၿပီးေတာ့ “ဘီယာ (၁၅) ခြက္နဲ႔ ဒီကုထံုးက ေတာ္ေတာ္ေလး တစ္မူထူးျခားပါတယ္။ ဒါေပမ့ဲ ဒါကို ကြ်န္ေတာ္ ေကာင္းေကာင္းနားလည္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတုိ႔ ေဆးရံုမွာ တျခား အယ္လ္ကိုေဟာ အမ်ိဳးအစားမရွိလုိ႔လည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ဘယ္လိုအယ္လ္ကိုေဟာ အမ်ိဳးအစားမ်ိဳးနဲ႔ ကုသလဲဆုိတာထက္ ခ်က္ခ်င္းဆုိသလို လက္ဦးမႈ ရယူၿပီး ကုသႏုိင္ဖုိ႔က အမ်ားႀကီး ပုိအေရးႀကီးပါတယ္။”

“ဘာလို႔လဲဆုိေတာ့ ဘီယာက Ethanol ပါဝင္ၿပီး Methanol အဆိပ္မိထားတ့ဲ လူတစ္ေယာက္ျဖစ္တ့ဲ ငုယင္ဗန္နတ္အတြက္ ဒီလိုမ်ိဳး ဘီယာေတြ ခႏၶာကိုယ္ထဲ ေလာာင္းထည့္ေစတာက Methanol နဲ႔႔ပတ္သက္ၿပီး အလုပ္လုပ္ေနတ့ဲ အသည္းရဲ႕ လုပ္ေဆာင္မႈကုိ ေလ်ာ့က်ေစၿပီး ပုံမွန္အတိုင္းဆို အသည္းက Ethanol ကို စတင္ၿပီး ေခ်ဖ်က္ပါတယ္။ ဒီအခ်က္က ဆရာဝန္ေတြအတြက္ လူနာကို ကယ္တင္ႏုိင္ဖုိ႔ အခ်ိန္ပိုရေစပါတယ္။” ဆိုၿပီး သံုးသပ္ေျပာၾကားသြားခ့ဲပါတယ္။

ဒီလိုမ်ိဳး ကုသမႈက ေအာင္ျမင္ခ့ဲၿပီး ငုယင္ဗန္နတ္ရဲ႕ အသက္ အႏၱရာယ္ကို ကယ္ဆယ္ႏုိင္ခ့ဲအၿပီးမွာေတာ့ ဒီလုိမ်ဳိးတစ္ညအတြင္း ဘီယာ (၁၅) ခြက္ေသာက္သံုးတ့ဲ ကိစၥကို ဘယ္လုိနည္းနဲ႔မွ မတုိက္တြန္းဖို႔လည္း ဟန္စ္ေဂ်ာ့ဘတ္ရွ္က ေျပာၾကားသြားပါေသးတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သွေးနီရောင်ကောင်းကင်ကြီးဖြစ်ပေါ်ခဲ့တဲ့ တရုတ်မြို့။

တရုတ်မြို့တစ်မြို့ပေါ်မှ သွေးနီရောင်ကောင်းကင်ကြီးရဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုက နိုင်ငံသားများအကြား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်။ Covid ဒဏ်ခံထားရပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အနီးရှိ Zhoushan မှာ နေထိုင်သူများ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro