HomeSportရီးရဲယ်မက်ဒရစ် ဘာစီလိုနာတို့ နဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေအပေါ်မှာ စိတ်မဝင်စားတဲ့အကြောင်း နေမာပြောကြား

ရီးရဲယ်မက်ဒရစ် ဘာစီလိုနာတို့ နဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေအပေါ်မှာ စိတ်မဝင်စားတဲ့အကြောင်း နေမာပြောကြား

- Advertisement -

စပိန်လာလီဂါ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ရီးရဲယ်မက်ဒရစ် ဘာစီလိုနာအသင်းတို့ထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ PSG အသင်းရဲ့ တိုက်စစ်မှူး နေမာက စိတ်ဝင်စားမှု မရှိဘူးလို့ ဖြေရှင်းပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၇) နှစ် နွေရာသီမှာ ဘာစီလိုနာအသင်းကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို (၂၂၂) သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ နေမာကို စပိန်မြေဆီ ချက်ချင်းပြန်လည်ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီမှာတင် ရီးရဲယ်မက်ဒရစ်အသင်းက ကြိုးစားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးချိန်တွေမှာလည်း နေမာရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားဟောင်းကို နူးကမ့်ကွင်းကြီးထံ ပြန်လည်ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ မီဒီယာတွေက တညီတညွှတ်တည်း ဖော်ပြခဲ့ကြပါသေးတယ်။ ဘာစီလိုနာအသင်းဟာ ဘရာဇီးလက်ရွေးစင်အသင်းခေါင်းဆောင်ကို ပြန်လည်ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ ဖခင်ဖြစ်သူဆီ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပေမဲ့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကလပ်အသင်းဘက်က တရားဝင် ငြင်းဆိုသွားခဲ့ပါတယ်။

- Advertisement -

လက်ရှိအချိန်မှာတော့ ကာယကံရှင်ဖြစ်သူ နေမာကိုယ်တိုင်က “ကျွန်တော်နဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေက အမြဲလိုလို ထွက်ပေါ်နေကျပါ။ ကျွန်တော် ပရော်ဖက်ရှင်နယ်  ဘောလုံးသမားတစ်ယောက် စဖြစ်လာတဲ့ အချိန်တည်းက ကျွန်တော် လက်ရှိကစားနေတဲ့ အသင်းတွေကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ထင်ကြေးတွေက အမြဲတမ်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေ အပေါ်မှာ ကျွန်တော် အာရုံစိုက်နေမှာ မဟုတ်ပါဘူး။ တစ်စုံတစ်ခု သေချာတာရှိပြီဆိုရင် အားလုံးရဲ့ သံသယတွေ ကင်းရှင်းဖို့အတွက် လူတိုင်းကို ကျွန်တော်ကိုယ်တိုင် ပြောပြသွားမှာပါ။” ဆိုပြီး Canal Plus သတင်းဌာနကို  ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

ပြီးခဲ့တဲ့ စနေနေ့က ဂူအင်ဂမ့်အသင်းကို ကိုးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ PSG အသင်းအတွက် ခြေစွမ်းပြကစားပြီး အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ နေမာဟာ အသင်းရဲ့ လက်ရှိနည်းပြ  သောမတ်စ်တူချယ်လ်နဲ့ ပတ်သက်ပြီးတော့လည်း ချီးကျူးပြောကြားမှုတွေ  ပြုလုပ်ခဲ့ပါသေးတယ်။ “သောမတ်စ်တူချယ်လ် နဲ့ ကျွန်တော်တို့ကြားမှာ သူငယ်ချင်းလို ဆက်ဆံရေးရှိပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့အပေါ်မှာ ကျွန်တော်က အများကြီး လေးစားမှု ရှိပါတယ်။ ကျွန်တော်သူ့ကို နည်းပြတစ်ယောက်အနေနဲ့ လေးစားသလို ကျွန်တော်တို့ နှစ်ယောက်ကြားမှာ စကားပြောဖို့ လိုအပ်လာပြီဆိုရင်လည်း ပြောစရာရှိတာကို ပြောကြပါတယ်။ ကျွန်တော် သူနဲ့ ပထမဆုံး စကားစပြောတည်းက သူ့ကို နှစ်သက်ခဲ့တာပါ။ ခင်ဗျားအနေနဲ့ ကိုယ့်နည်းပြအပေါ် ဒီလို လေးစားသဘောကျမှုတွေ ရှိလာပြီဆိုရင် ကွင်းထဲမှာ သူ့အတွက် ခင်ဗျားအသက်ကိုတောင် ပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်ကလည်း သူ့အတွက် အနိုင်ရဖို့ဆိုရင် ကိုယ့်ရဲ့အကောင်းဆုံး ဆိုတဲ့ ကစားပုံကို ပြသသွားမှာပါ။” ဆိုပြီး သောမတ်စ်တူချယ်လ်နဲ့ ပတ်သက်လို့ နေမာက ချီးကျူးပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

- Advertisement -

<Zawgyi Version>

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read