Breaking News

ဇာတ်ညွှန်းရေးဆရာတွေပြောကြားခဲ့တဲ့ Deadpool 3 ရုပ်ရှင်အကြောင်း။

နာမည်ကျော် Deadpool ရုပ်ရှင်ရဲ့ နောက်ကွယ်က ဖန်တီးသူစာရေးဆရာတွေကတော့ X- Force ရုပ်ရှင်ဟာ Deadpool 3 မထွက်ခင်မှာပဲ အရင်ဦးဆုံး ထွက်လာမယ်လို့ ပြောကြားထားခဲ့ကြပါတယ်။ “Once Upon A Deadpool” ဆိုတဲ့ စကားနဲ့ အတူ ကလေးငယ်တွေနဲ့လည်း သင့်တော်တဲ့ Deadpool 2 ဇာတ်ကား ရုံတင်ခဲ့တဲ့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် မေလ နောက်ပိုင်းကစပြီး ရယ်ရွှင်ဖွယ်ရာတွေနဲ့ ပေါက်ကရတွေ ပြောလေ့ရှိတဲ့ ဒီစူပါဟီးရိုးဆီကနေ နောက်ထပ်ဘာအကြောင်းအရာမှ ထပ်မံကြားသိရခြင်းမရှိသေးပါဘူး။

ရွိုင်ယန်ရေးနိုးစ်လို့ အမည်ရတဲ့ Deadpool မင်းသားကြီးကတော့ နောက်ထပ် ရုပ်ရှင်အသစ် ထပ်မံထွက်လာဖို့ရှိတယ်လို့ ပြောကြားထားပေမယ့် ဇာတ်ကားအသစ် ရုံတင်မယ့် နေ့ရက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာကို ဖွင့်ဟပြောကြားသွားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ရွိုင်ယန်ရေးနိုးစ်က Deadpool 2 ဇာတ်ကား မထွက်ခင် Lorraine ဆိိုတဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ခဏတာပါဝင်ခဲ့ပြီး တတိယမြောက် Deadpool ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “ဒါပေါ့။ ကျွန်တော်တို့ဆီမှာ ဝတ်စုံရှိပါတယ်။ ဟုချ်ဂျက်မန်းကိုလည်း အနောက်မှာ လက်သည်းတွေ ပြန်ထည့်ပေးဖို့ ကျွန်တော် အမြဲတမ်း နားပူနားဆာလုပ်နေတာပါ။” ဆိုပြီး တုံ့ပြန်သွားခဲ့ပါတယ်။

Screen Rant နဲ့ အင်တာဗျူးတစ်ခုမှာလည်း Deadpool ရဲ့ တွဲဖက်ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ ရက်ရီစီနဲ့ပေါလ်ဝါနစ်ခ်တို့က Deadpool 3 ထွက်လာဦးမှာဖြစ်ကြောင်း ၊ ဒါပေမယ့် ဒီဇာတ်ကားမတိုင်ခင် X- Force ရုပ်ရှင်ဇာတ်ကား အရင်ထွက်လာဖို့ ရှိကြောင်းကိုုလည်း ရှင်းလင်းထားပါသေးတယ်။ “သမိုင်းကြောင်း ကို ပြန်ကြည့်လိုက်မယ်ဆိုရင် Deadpool 3 မတိုင်ခင် X- Force က အရင်ထွက်လာပါလိမ့်မယ်။ Iron Man 1, Iron Man 2, ပြီးတော့ The Avengers, Iron Man 3 အဲ့လိုပုံစံမျိးပေါ့။ X- Force ကိုတော့ ကျွန်တော်တို့ ရေးမှာ မဟုတ်ပါဘူး။ အဲ့ဒီရုပ်ရှင်ကို Drew Goddard တစ်ယောက်တည်းက ဖန်တီးပြီး ရိုက်ကူးပါလိမ့်မယ်။ လောလောဆယ်ဆွဲထားတဲ့ ပလန်အရဆိုရင်တော့ အဲ့ဒီလိုပဲပေါ့။ ကျွန်တော်တို့တော့ ဒီဇာတ်ကားမှာ ပါဝင်ဖြစ်မှာ မဟုတ်ပါဘူး။ Deadpool 3 ရဲ့ တချို့နေရာတွေမှာတော့ ကျွန်တော်တို့ ပြန်ပါလာမှာပါ။ ဒါပေမဲ့ ဒါက နည်းနည်းလေးစောနေသေးတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ကာလအရကြည့်ရင် X- Force က Deadpool 3 ထက် သေချာပေါက် အရင်ထွက်မှာပါ။” ဆိုပြီး ပြောကြားထားပါတယ်။

“ကျွန်တော်တို့က ရိုင်ယန်နဲ့လည်း မကြာခဏ အဆက်အသွယ်ရှိနေမှာဖြစ်ပြီး ဒီ Deadpool 3 ဇာတ်လမ်းက ကျွန်တော်တို့ စိတ်ထဲမှာ အမြဲတမ်း နေရာယူထားမှာပါ။ အချိန်အခါကောင်းတစ်ခုရောက်လာရင်တော့ ကျွန်တော်တို့ရဲ့ Deadpool 3 ဇာတ်ကား ထွက်လာပါလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ X- Force ဇာတ်ကားက အရင်လာပါလိမ့်မယ်။” လို့လည်း ရက်ရီစီနဲ့ ပေါလ်ဝါနစ်ခ်တို့ က အဆုံးသတ်ပြောကြားသွားခဲ့ပါသေးတယ်။

<Unicode Version>

 

 

ဇာတ္ညႊန္းေရးဆရာေတြေျပာၾကားခ့ဲတ့ဲ Deadpool 3 ရုပ္ရွင္အေၾကာင္း။

နာမည္ေက်ာ္ Deadpool ရုပ္ရွင္ရဲ႕ ေနာက္ကြယ္က ဖန္တီးသူစာေရးဆရာေတြကေတာ့ X- Force ရုပ္ရွင္ဟာ Deadpool 3 မထြက္ခင္မွာပဲ အရင္ဦးဆံုး ထြက္လာမယ္လုိ႔ ေျပာၾကားထားခ့ဲၾကပါတယ္။ “Once Upon A Deadpool” ဆိုတ့ဲ စကားနဲ႔ အတူ ကေလးငယ္ေတြနဲ႔လည္း သင့္ေတာ္တ့ဲ Deadpool 2 ဇာတ္ကား ရံုတင္ခ့ဲတ့ဲ ၿပီးခ့ဲတ့ဲ (၂၀၁၈) ခုႏွစ္ ေမလ ေနာက္ပိုင္းကစၿပီး ရယ္ရႊင္ဖြယ္ရာေတြနဲ႕ ေပါက္ကရေတြ ေျပာေလ့ရွိတ့ဲ ဒီစူပါဟီးရုိးဆီကေန ေနာက္ထပ္ဘာအေၾကာင္းအရာမွ ထပ္မံၾကားသိရျခင္းမရွိေသးပါဘူး။

ရြိဳင္ယန္ေရးႏုိးစ္လို႔ အမည္ရတ့ဲ Deadpool မင္းသားႀကီးကေတာ့ ေနာက္ထပ္ ရုပ္ရွင္အသစ္ ထပ္မံထြက္လာဖို႔ရွိတယ္လုိ႔ ေျပာၾကားထားေပမယ့္ ဇာတ္ကားအသစ္ ရံုတင္မယ့္ ေန႔ရက္နဲ႔ ပတ္သက္ၿပီး တစ္စုံတစ္ရာကို ဖြင့္ဟေျပာၾကားသြားခ့ဲျခင္းမရွိခ့ဲပါဘူး။ ဒါ့အျပင္ ရြိဳင္ယန္ေရးႏိုးစ္က Deadpool 2 ဇာတ္ကား မထြက္ခင္ Lorraine ဆိုိတ့ဲ ရုပ္သံအစီအစဥ္တစ္ခုမွာ ခဏတာပါဝင္ခ့ဲၿပီး တတိယေျမာက္ Deadpool ရုပ္ရွင္ဇာတ္ကားနဲ႔ ပတ္သက္ၿပီး ေမးျမန္းခ့ဲရာမွာေတာ့ “ဒါေပါ့။ ကြ်န္ေတာ္တုိ႔ဆီမွာ ဝတ္စံုရွိပါတယ္။ ဟုခ်္ဂ်က္မန္းကုိလည္း အေနာက္မွာ လက္သည္းေတြ ျပန္ထည့္ေပးဖုိ႔ ကြ်န္ေတာ္ အၿမဲတမ္း နားပူနားဆာလုပ္ေနတာပါ။” ဆုိၿပီး တုံ႔ျပန္သြားခ့ဲပါတယ္။

Screen Rant နဲ႔ အင္တာဗ်ဴးတစ္ခုမွာလည္း Deadpool ရဲ႕ တြဲဖက္ဇာတ္ညႊန္းဆရာေတြျဖစ္တ့ဲ ရက္ရီစီနဲ႔ေပါလ္ဝါနစ္ခ္တုိ႔က Deadpool 3 ထြက္လာဦးမွာျဖစ္ေၾကာင္း ၊ ဒါေပမယ့္ ဒီဇာတ္ကားမတုိင္ခင္ X- Force ရုပ္ရွင္ဇာတ္ကား အရင္ထြက္လာဖုိ႔ ရွိေၾကာင္းကုိုလည္း ရွင္းလင္းထားပါေသးတယ္။ “သမုိင္းေၾကာင္း ကို ျပန္ၾကည့္လုိက္မယ္ဆုိရင္ Deadpool 3 မတုိင္ခင္ X- Force က အရင္ထြက္လာပါလိမ့္မယ္။ Iron Man 1, Iron Man 2, ၿပီးေတာ့ The Avengers, Iron Man 3 အ့ဲလုိပုံစံမ်ိးေပါ့။ X- Force ကိုေတာ့ ကြ်န္ေတာ္တုိ႔ ေရးမွာ မဟုတ္ပါဘူး။ အ့ဲဒီရုပ္ရွင္ကို Drew Goddard တစ္ေယာက္တည္းက ဖန္တီးၿပီး ရုိက္ကူးပါလိမ့္မယ္။ ေလာေလာဆယ္ဆြဲထားတ့ဲ ပလန္အရဆုိရင္ေတာ့ အ့ဲဒီလုိပဲေပါ့။ ကြ်န္ေတာ္တုိ႔ေတာ့ ဒီဇာတ္ကားမွာ ပါဝင္ျဖစ္မွာ မဟုတ္ပါဘူး။ Deadpool 3 ရဲ႕ တခ်ိဳ႕ေနရာေတြမွာေတာ့ ကြ်န္ေတာ္တို႔ ျပန္ပါလာမွာပါ။ ဒါေပမ့ဲ ဒါက နည္းနည္းေလးေစာေနေသးတယ္လို႔ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အခ်ိန္ကာလအရၾကည့္ရင္ X- Force က Deadpool 3 ထက္ ေသခ်ာေပါက္ အရင္ထြက္မွာပါ။” ဆိုၿပီး ေျပာၾကားထားပါတယ္။

“ကြ်န္ေတာ္တို႔က ရိုင္ယန္နဲ႔လည္း မၾကာခဏ အဆက္အသြယ္ရွိေနမွာျဖစ္ၿပီး ဒီ Deadpool 3 ဇာတ္လမ္းက ကြ်န္ေတာ္တုိ႔ စိတ္ထဲမွာ အၿမဲတမ္း ေနရာယူထားမွာပါ။ အခ်ိန္အခါေကာင္းတစ္ခုေရာက္လာရင္ေတာ့ ကြ်န္ေတာ္တုိ႔ရဲ႕ Deadpool 3 ဇာတ္ကား ထြက္လာပါလိမ့္မယ္။ ဒါေပမ့ဲ ေလာေလာဆယ္မွာေတာ့ X- Force ဇာတ္ကားက အရင္လာပါလိမ့္မယ္။” လို႔လည္း ရက္ရီစီနဲ႔ ေပါလ္ဝါနစ္ခ္တို႔ က အဆံုးသတ္ေျပာၾကားသြားခ့ဲပါေသးတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ကိုရီးယားသမိုင်းကြောင်းကို လူ့အသိုင်းအဝိုင်းရဲ့ ဘဝမှန်တွေနဲ့ သရုပ်ဖော်ပြထားတဲ့ “Squid Game”

“Squid Game” မှာ “The Hunger Games” ရဲ့ Dystopian Setting နဲ့ ဆင်တူတဲ့ ဇာတ်ကွက်တွေ ပါဝင်နေတာကို သတိထားမိတယ်ဆိုရင် “Squid …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro