နွားရိုင်းစွမ်းရည် ပြသရာတွင် ကျွမ်းကျင်သူတစ်ဦး စွမ်းရည်ပြသနေစဉ်အတွင်း တက်နင်းခံရ၍ သေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု အမေရိကန်နိုင်ငံ၊ မစ်ဆိုရီပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် မေဆန်လူဝီလို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ နွားရိုင်းစွမ်းရည်ပြသရာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဇန်နဝါရီ (၁၅)ရက်နေ့က National Western Stock Show မှာ ပြုလုပ်ခဲ့တဲ့ နွားရိုင်းစွမ်းရည်ပြပွဲမှာ နွားရိုင်းတက်နင်းခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
The bull riding community is mourning the loss of #MasonLowe, a professional rider who was ranked 18th in the world in the sport. He died Tuesday evening after he was injured in competition in Denver. https://t.co/cCC2SUQX43 (Video courtesy of @PBR) pic.twitter.com/mDwhn2TIdU
— Denver7 News (@DenverChannel) January 17, 2019
နွားရိုင်းစီးနင်းရာတွင် ကမ္ဘာ့အဆင့် (၁၈)အဖြစ် သတ်မှတ်ခြင်းခံထားရသူ မေဆင်ဟာ ပေါင်ချိန် (၁၇၀၀)ကျော်ရှိတဲ့ Hard Times လို့ခေါ်တဲ့ နွားရိုင်းကြီးရဲ့ ရင်ဘတ်တည့်တည့် တက်နင်းတာခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။ မျက်မြင်သက်သေအချို့ရဲ့ ပြောပြချက်တွေအရ မေဆင်ဟာ ရင်ဘတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် မြေကြီးပေါ် ပစ်လဲကျခဲ့ကာ ဆေးရုံသို့ ပို့ဆောင်နေချိန်အတွင်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
#ST(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share