HomeEntertainmentBlake Shelton နဲ့ Gwen Stefani တို့ရဲ့ စေ့စပ်ပွဲအခမ်းအနား။

Blake Shelton နဲ့ Gwen Stefani တို့ရဲ့ စေ့စပ်ပွဲအခမ်းအနား။

- Advertisement -

အမေရိကန် ကန်းထရီးအဆိုတော် ဘလိတ် ရှလ်တန်နဲ့ အဆိုတော်၊ သရုပ်ဆောင် စတီဖနီတို့ရဲ့ စေ့စပ်ပွဲအခမ်းအနားကို မကြာခင် ထုတ်ပြန်ကြေငြာသွားမယ်လို့ သိရှိရပါတယ်။

US Weekly Magazine ရဲ့ ဖော်ပြချက်အရ ဘလိတ်နဲ့ စတီဖနီတို့ဟာ (၃) နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးနောက် ယခုလို စေ့စပ်ပွဲပြုလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်ဆိုလို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က ပြုလုပ်ခဲ့တဲ့ Ellen DeGeneres ဖျော်ဖြေပွဲမှာလည်း အသက် ၄၉နှစ်အရွယ်ရှိ စတီဖနီမှ သူမအနေနဲ့ အသက် ၄၂နှစ်အရွယ်ရှိ ကန်းထရီးအဆိုတော် ဘလိတ်ကို မင်္ဂလာဆောင်ဖို့ စဉ်းစားနေပြီဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း  အတွင်းလူတွေရဲ့  ပြောပြချက်အရ စတီဖနီဟာ ၂၀၁၅ ခုနှစ်က ယောက်ျားနဲ့ ကွာရှင်းထားတဲ့အတွက် သူမရဲ့ သားသမီးတွေမှာ စိတ်ခံစားမှုတွေ ရှိနေသေးပြီး အခြေအနေအားလုံး တည်ငြိမ်သွားပြီဆိုတော့မှ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#ST(soshwe)

- Advertisement -

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read