HomeSport၂၀၁၉ ၾသစေၾတးလ် တင်းနစ်ပြိုင်ပွဲမှာ အစိမ်းရောင်အားကစားဝတ်စုံနဲ့တွေ့မြင်ရတဲ့ ဆရီနာ ဝီလျံ။

၂၀၁၉ သြစတြေးလျ တင်းနစ်ပြိုင်ပွဲမှာ အစိမ်းရောင်အားကစားဝတ်စုံနဲ့တွေ့မြင်ရတဲ့ ဆရီနာ ဝီလျံ။

- Advertisement -

ဆရီနာဝီလျံဟာ သူမရဲ့ ပထမဦးဆုံး သြစတြေးလျ တင်းနစ်ပြိုင်ပွဲ ပွဲဦးထွက်မှာ အစိမ်းရောင် အားကစားဝတ်စုံကို ဝတ်ဆင်ပြီး အပီအပြင် ပွဲကြမ်းခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး တင်းနစ်အားကစားသမားများတွင် တစ်ဦးအပါအဝင်ဖြစ်တဲ့ ဆရီနာဟာ သူမရဲ့ ပွဲဦးထွက်ပြိုင်ပွဲကို ဂျာမနီမှ တဒ်ဂျနာ မာရီယာနဲ့ ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိခဲ့ပါတယ်။

သူမရဲ့ ကံကောင်းစေတဲ့ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်သားတဲ့ အားကစားဖိနပ်ကို ပြန်လည် ဝတ်ဆင်ပြီး ပွဲထွက်လာခဲ့ခြင်း ဖြစ်ကာ သူမဝတ်ဆင်ထားတဲ့ ခြေစွပ်ကလည်း သမီးငယ်လေး မွေးဖွားပြီးနောက်ပိုင်းကတည်းက အကြိမ်ပေါင်းမြောက်မြားစွာ ဝတ်ဆင်လာခဲ့တဲ့ ခြေစွပ်ပဲဖြစ်ပါတယ်။

- Advertisement -

- Advertisement -

ပြီးခဲ့တဲ့နှစ်က ဆရီနာဟာ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ ကိုယ်ကြပ်အင်္ကျီနဲ့ ဘောင်းဘီကို ပြိုင်ပွဲတွေမှာဝတ်ဆင်ဖို့ စိတ်ဆန္ဒရှိသော်လည်း ပြင်သစ် တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဘားနက်က ထိုကဲ့သို့ တစ်ကိုယ်လုံးဖုံးအုပ်ထားတဲ့ ကိုယ်ကြပ်အင်္ကျီနဲ့ဘောင်းဘီဟာ အငြင်းပွားမှုကို ဖြစ်စေနိုင်တဲ့အတွက် ပြင်သစ် တင်းနစ်ကစားပြိုင်ပွဲတွေမှာ ဝတ်ဆင်ဖို့အတွက် တားမြစ်ခဲ့ပါတယ်။

ယခုပြိုင်ပွဲမှာ အနိုင်ရရှိပြီးနောက် ဆရီနာဝီလျံက သူမဝတ်ဆင်ထားတဲ့ ကိုယ်ကျပ်အင်္ကျီကို “ Serena – Tard ” လို့ နံမည်ပေးထားပြီး ဝတ်ဆင်ဖို့ ရွေးချယ်ဖြစ်ပုံကို “ Nike Brand ဟာ မယုံကြည်နိုင်လောက်အောင်  အံ့အားသင့်ဖွယ်ကောင်းတဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ပြီး ပြိုင်ပွဲထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ကျွန်မကိုလည်း အလွန်အထောက်အကူ ဖြစ်စေပါတယ် . . . ” ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − four =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...