Breaking News

ကမ္ဘာတစ်ဝှမ်း လူကြိုက်များတဲ့ ချားရဟတ်များ။

တကယ်လို့ သင်ဟာ အမြင့်ကြောက်တတ်သူတစ်ယောက် မဟုတ်ဘူးဆိုရင် ကမ္ဘာတစ်ဝှမ်းက လူကြိုက်များပြီး နာမည်ကျော်ကြားတဲ့ ချားရဟတ်တွေကို စီးကြည့်ဖို့အတွက် အစီအစဉ်ဆွဲသင့်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်ကတော့ အမေရိကန်နိုင်ငံမှာ တည်ရှိပြီး အခြားသမိုင်းဝင် ချားရဟတ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

 

၁။ The Singapore Flyer, Singapore

၂ နှစ်ကျော်ကြာ တည်ဆောက်ပြီးနောက်ပိုင်း The Singapore Flyer ကို ၂၀၀၈ ခုနှစ်မှာ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ အာရှတွင် အရှည်ဆုံးချားရဟတ် ဖြစ်ရုံသာမက ကမ္ဘာ့အရှည်ဆုံး ချားရဟတ်တွေထဲမှာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ The Singapore Flyer ကိုစီးပြီး စင်္ကာပူမြစ်၊ Merlion ပန်းခြံ၊ တောင်တရုတ်ပင်လယ်နဲ့ မလေးရှားနိုင်ငံတို့ရဲ့ အလှအပကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

၂။ Cosmo Clock 21 in Yokahama, Japan

Cosmo Clock 21 ကလည်း အလွန်ကြီးမားတဲ့ ချားရဟတ်ကြီးတစ်ခုဖြစ်ပါတယ်။ တွဲလောင်းကျနေတဲ့့ မှန်လုံခန်းအဖြစ် တည်ဆောက်ထားပြီး ယိုကိုဟားမားမြို့တော်ရဲ့ အလှအပကို ရှင်းရှင်းလင်းလင်း ခံစားရမှာဖြစ်ပါတယ်။

၃။ Melbourne Star, Australia

Melbourne Star ဆိုတဲ့ ချားရဟတ်ကြီးဖြစ်လာဖို့အတွက် ၁၀ စုနှစ်တစ်ခုကြာ အချိန်ယူခဲ့ရပါတယ်။ Melbourne Star မှာ အပူချိန်ကို ထိန်းညှိပေးတဲ့ လေအေးပေးစနစ်ပါဝင်တဲ့ မှန်လုံခန်း (၂၁) ခု ဖြင့် ဖွဲ့စည်းထားပြီး Melbourne မြို့ကို ၃၆၀ ဒီဂရီအပြည့် ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

၄။ High Roller, Nevada

အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ် လက်စ်ဗီးဂတ်စ်ရှိ High Roller မှာ ကမ္ဘာ့အရှည်ဆုံး ချားရဟတ်ဖြစ်ပြီး အမြင့်ပေ (၅၅၀) အထိ မြင့်မားပါတယ်။ မှန်ဖြင့်အလုံပိတ်ထားတဲ့ ချားရဟတ်ကြီးဟာ အဆင့်မြင့်နည်းပညာတွေနဲ့ တည်ဆောက်ထားပြီး စီးနင်းတဲ့ ခရီးသည်တွေအားလုံးအနေနဲ့ မြို့ရဲ့ အထင်ကရရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် စီးနင်းလိုက်ပါနေစဉ်အတွင်း ချော့ကလက်မျိုးစုံကို မြည်းစမ်းနိုင်ရုံသာမက ယောဂကျင့်စဉ်တွေကိုလည်း ပြုလုပ်လို့ရအောင် စီစဉ်ပေးထားပါတယ်။

၅။ Weiner Riesenrad, Australia

သြစတြေးလျနိုင်ငံ ဗီယင်နာမှာရှိတဲ့ Weiner Reisenrad ချားရဟတ်ဟာ ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး ချားရဟတ်ကြီးဖြစ်သော်ငြားလည်း ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ချားရဟတ်ကြီးကို ၁၈၉၇ ခုနှစ်မှာ Emperor Franz Josef 1’s ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗီယင်နာမြို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ချားရဟတ်ကြီးကို မြို့ရဲ့ အထင်ကရပန်းခြံဖြစ်တဲ့ ပရာတာမှာ တည်ဆောက်ခဲ့ပြီး ထူးခြားတဲ့မြင်ကွင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၂၁၃ ပေ ရှည်လျားတဲ့ ချားရဟတ်ကြီးဟာ ကမ္ဘာ့အရှည်ဆုံး မဟုတ်ပေမယ့် ကမ္ဘာ့သမိုင်းဝင်ရဟတ်ကြီး တစ်ခုပဲဖြစ်ပါတယ်။

၆။ The Wonder Wheel, New York

Wonder Wheel ချားရဟတ်ကလည်း ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ The Wonder Wheel ကို ၁၉၁၈ ကနေ ၁၉၂၀ ခုနှစ်အထိ (၂) နှစ်ကြာ တည်ဆောက်ခဲ့ကာ ချားလ်စ်ဟားမန်းက စိတ်ကူးစိတ်သန်းဖြင့် ဒီဇိုင်းဖန်တီးခဲ့ပြီး The Eccentric ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကိုနေးကျွန်းစုမှာ စိတ်ခံစားမှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ ချားရဟတ်ဖြစ်ကာ သက်တမ်းရှည်ကြာနေတဲ့ ချားရဟတ်တစ်ခုလည်း ဖြစ်ပါတယ်။

၇။ Bohai Eye, China

Bohai Eye ချားရဟတ်ဟာ ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဝီဖန်မြို့ရှိ ဘိုင်လန်းမြစ်ပေါ်မှာတည်ရှိကာ ပေပေါင်း ၄၇၅ ပေ မြင့်မားပါတယ်။ Bohai Eye ကို သိပ်မကြာသေးခင်ကမှ ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး အခန်းတစ်ခုစီတွင် လူ ၁၀ ယောက်စီ စီးနင်းလိုက်ပါလို့ရပါတယ်။ ကိုယ်ထည်ကြီးကလည်း ရွေ့လျားမှုမရှိဘဲ လမ်းကြောင်းအတိုင်း လှည့်လည်သွားလာလျက်ရှိကာ အခန်းတွေထဲမှာလည်း TV နဲ့ Wi-Fi တို့ကို တပ်ဆင်ပေးထားပါတယ်။

၈။ The London Eye, England

တကယ်လို့ သင်ဟာ လန်ဒန်ကို အလည်အပတ်သွားရောက်ဖို့ စီစဉ်ထားတယ်ဆိုရင်တော့ မြို့ရဲ့ နံမည်ကြီးလည်ပတ်စရာတစ်ခုဖြစ်တဲ့ The London Eye ချားရဟတ်ကြီးကို စီးနင်းလည်ပတ်သင့်ပါတယ်။ The London Eye ဟာ ဥရောပမှာ အရှည်ဆုံး ချားရဟတ်တစ်ခုဖြစ်ပြီး ဘက်ကင်ဟမ်နန်းတော်၊ ဘစ်ဘန်းနာရီစင်အပါအဝင် စိန့်ပေါ ကက်သလစ်ချာ့ဂျ်သာမက အခြားနံမည်ကြီး အထင်ကရနေရာတွေကိုပါ ကြည့်ရှုခံစားလို့ရနိုင်မှာဖြစ်ပါတယ်။

<Unicode Version>

 

 

ကမာၻတစ္ဝွမ္း လူႀကိဳက္မ်ားတ့ဲ ခ်ားရဟတ္မ်ား။

တကယ္လို႕ သင္ဟာ အျမင့္ေၾကာက္တတ္သူတစ္ေယာက္ မဟုတ္ဘူးဆိုရင္ ကမာၻတစ္ဝွမ္းက လူႀကိဳက္မ်ားၿပီး နာမည္ေက်ာ္ၾကားတ့ဲ ခ်ားရဟတ္ေတြကို စီးၾကည့္ဖို႕အတြက္ အစီအစဥ္ဆြဲသင့္ပါတယ္။ ကမာၻ႕အျမင့္ဆုံး ခ်ားရဟတ္ကေတာ့ အေမရိကန္ႏိုင္ငံမွာ တည္ရွိၿပီး အျခားသမိုင္းဝင္ ခ်ားရဟတ္ေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

 

၁။       The Singapore Flyer, Singapore

၂ ႏွစ္ေက်ာ္ၾကာ တည္ေဆာက္ၿပီးေနာက္ပိုင္း The Singapore Flyer ကို ၂၀၀၈ ခုႏွစ္မွာ တရားဝင္ ဖြင့္လွစ္ခ့ဲပါတယ္။ အာရွတြင္ အရွည္ဆုံးခ်ားရဟတ္ ျဖစ္ရုံသာမက ကမာၻ႕အရွည္ဆုံး ခ်ားရဟတ္ေတြထဲမွာလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ The Singapore Flyer ကိုစီးၿပီး စကၤာပူျမစ္၊ Merlion ပန္းၿခံ၊ ေတာင္တရုတ္ပင္လယ္နဲ႕ မေလးရွားႏိုင္ငံတို႕ရဲ႕ အလွအပကို ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ပါတယ္။

 

၂။       Cosmo Clock 21 in Yokahama, Japan

Cosmo Clock 21 ကလည္း အလြန္ႀကီးမားတ့ဲ ခ်ားရဟတ္ႀကီးတစ္ခုျဖစ္ပါတယ္။ တြဲေလာင္းက်ေနတ့့ဲ မွန္လုံခန္းအျဖစ္ တည္ေဆာက္ထားၿပီး ယိုကိုဟားမားၿမိဳ႕ေတာ္ရဲ႕ အလွအပကို ရွင္းရွင္းလင္းလင္း ခံစားရမွာျဖစ္ပါတယ္။

 

၃။       Melbourne Star, Australia

Melbourne Star ဆိုတ့ဲ ခ်ားရဟတ္ႀကီးျဖစ္လာဖို႕အတြက္ ၁၀ စုႏွစ္တစ္ခုၾကာ အခ်ိန္ယူခ့ဲရပါတယ္။ Melbourne Star မွာ အပူခ်ိန္ကို ထိန္းညွိေပးတ့ဲ ေလေအးေပးစနစ္ပါဝင္တ့ဲ မွန္လုံခန္း (၂၁) ခု ျဖင့္ ဖြဲ႕စည္းထားၿပီး Melbourne ၿမိဳ႕ကို ၃၆၀ ဒီဂရီအျပည့္ ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ပါတယ္။

 

၄။       High Roller, Nevada

အေမရိကန္ႏိုင္ငံ၊ နီဗားဒါးျပည္နယ္ လက္စ္ဗီးဂတ္စ္ရွိ High Roller မွာ ကမာၻ႕အရွည္ဆုံး ခ်ားရဟတ္ျဖစ္ၿပီး အျမင့္ေပ (၅၅၀) အထိ ျမင့္မားပါတယ္။ မွန္ျဖင့္အလုံပိတ္ထားတ့ဲ ခ်ားရဟတ္ႀကီးဟာ အဆင့္ျမင့္နည္းပညာေတြနဲ႕ တည္ေဆာက္ထားၿပီး စီးနင္းတ့ဲ ခရီးသည္ေတြအားလုံးအေနနဲ႕ ၿမိဳ႕ရဲ႕ အထင္ကရရႈခင္းေတြကို ၾကည့္ရႈခံစားႏိုင္မွာျဖစ္ပါတယ္။ ထို႕အျပင္ စီးနင္းလိုက္ပါေနစဥ္အတြင္း  ေခ်ာ႕ကလက္မ်ိဳးစုံကို ျမည္းစမ္းႏိုင္ရုံသာမက  ေယာဂက်င့္စဥ္ေတြကိုလည္း  ျပဳလုပ္လို႕ရေအာင္ စီစဥ္ေပးထားပါတယ္။

 

၅။       Weiner Riesenrad, Australia

ၾသစေၾတးလ်ႏိုင္ငံ ဗီယင္နာမွာရွိတ့ဲ Weiner Reisenrad ခ်ားရဟတ္ဟာ ကမာၻ႕သက္တမ္း အရွည္ၾကာဆုံး ခ်ားရဟတ္ႀကီးျဖစ္ေသာ္ျငားလည္း ဆက္လက္အသုံးျပဳေနဆဲ ျဖစ္ပါတယ္။ ခ်ားရဟတ္ႀကီးကို ၁၈၉၇ ခုႏွစ္မွာ Emperor Franz Josef 1’s ကို ဂုဏ္ျပဳေသာအားျဖင့္ တည္ေဆာက္ခ့ဲျခင္းျဖစ္ၿပီး ဗီယင္နာၿမိဳ႕ရဲ႕ ဆြဲေဆာင္မႈအရွိဆုံးေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ခ်ားရဟတ္ႀကီးကို ၿမိဳ႕ရဲ႕ အထင္ကရပန္းၿခံျဖစ္တ့ဲ ပရာတာမွာ တည္ေဆာက္ခ့ဲၿပီး ထူးျခားတ့ဲျမင္ကြင္းေတြကို ခံစားႏိုင္မွာ ျဖစ္ပါတယ္။ ၂၁၃ ေပ ရွည္လ်ားတ့ဲ ခ်ားရဟတ္ႀကီးဟာ ကမာၻ႕အရွည္ဆုံးမဟုတ္ေပမယ့္ ကမာၻ႕သမိုင္းဝင္ရဟတ္ႀကီးတစ္ခု ျဖစ္ပါတယ္။

 

၆။       The Wonder Wheel, New York

Wonder Wheel ခ်ားရဟတ္ကလည္း ရွည္လ်ားတ့ဲ သမိုင္းေၾကာင္းေတြ ရွိခ့ဲပါတယ္။ The Wonder Wheel ကို ၁၉၁၈ ကေန ၁၉၂၀ ခုႏွစ္အထိ (၂) ႏွစ္ၾကာ တည္ေဆာက္ခ့ဲကာ ခ်ားလ္စ္ဟားမန္းက စိတ္ကူးစိတ္သန္းျဖင့္ ဒီဇိုင္းဖန္တီးခ့ဲၿပီး The Eccentric ကုမၸဏီမွ တည္ေဆာက္ခ့ဲျခင္းျဖစ္ပါတယ္။ ကိုေနးကၽြန္းစုမွာ စိတ္ခံစားမႈအျပည့္နဲ႕ တည္ေဆာက္ထားတ့ဲ ခ်ားရဟတ္ျဖစ္ကာ သက္တမ္းရွည္ၾကာေနတ့ဲ ခ်ားရဟတ္တစ္ခုလည္း ျဖစ္ပါတယ္။

 

၇။       Bohai Eye, China

Bohai Eye ခ်ားရဟတ္ဟာ ကမာၻ႕အျမင့္ဆုံး ခ်ားရဟတ္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ၿပီး ဝီဖန္ၿမိဳ႕ရွိ ဘိုင္လန္းျမစ္ေပၚမွာတည္ရွိကာ ေပေပါင္း ၄၇၅ ေပ ျမင့္မားပါတယ္။ Bohai Eye ကို သိပ္မၾကာေသးခင္ကမွ ဖြင့္လွစ္ထားခ့ဲျခင္းျဖစ္ၿပီး အခန္းတစ္ခုစီတြင္ လူ ၁၀ ေယာက္စီ စီးနင္းလိုက္ပါလို႕ရပါတယ္။ ကိုယ္ထည္ႀကီးကလည္း ေရြ႕လ်ားမႈမရွိဘဲ လမ္းေၾကာင္းအတိုင္း လွည့္လည္သြားလာလ်က္ရွိကာ အခန္းေတြထဲမွာလည္း TV နဲ႕ Wi-Fi တို႕ကို တပ္ဆင္ေပးထားပါတယ္။

 

၈။       The London Eye, England

တကယ္လို႕ သင္ဟာ လန္ဒန္ကို အလည္အပတ္သြားေရာက္ဖို႕ စီစဥ္ထားတယ္ဆိုရင္ေတာ့ ၿမိဳ႕ရဲ႕ နံမည္ႀကီးလည္ပတ္စရာတစ္ခုျဖစ္တ့ဲ The London Eye ခ်ားရဟတ္ႀကီးကို စီးနင္းလည္ပတ္သင့္ပါတယ္။ The London Eye ဟာ ဥေရာပမွာ အရွည္ဆုံး ခ်ားရဟတ္တစ္ခုျဖစ္ၿပီး ဘက္ကင္ဟမ္နန္းေတာ္၊ ဘစ္ဘန္းနာရီစင္အပါအဝင္ စိန္႕ေပါ ကက္သလစ္ခ်ာ့ဂ်္သာမက အျခားနံမည္ႀကီး အထင္ကရေနရာေတြကိုပါ ၾကည့္ရႈခံစားလို႕ရႏိုင္မွာျဖစ္ပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro