Breaking News

ကမ္ဘာတစ်ဝှမ်း အောင်မြင်မှုအကြီးအကျယ်ရရှိနေတဲ့ Aquaman

အခုချိန်မှာတော့ Aquaman ဟာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံသား ဒါရိုက်တာ ဂျိမ်းစ်ဝမ်ရဲ့ Animation ဖန်တီးမှုတွေနဲ့ Aquaman ရုပ်ရှင်ဇာတ်ကားဟာ Global Box Office မှာ ဝင်ငွေ ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ်ကတော့ DC Comics တွေရဲ့ ဒုတိယအကြိမ် အောင်မြင်မှုပဲဖြစ်ပါတယ်။ ပထမအကြိမ်က ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်ရဲ့ The Dark Knight Rises ပဲဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဝင်ငွေဒေါ်လာ ၁.၀၈ ဘီလျံထိ ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာလည်း အခြားရုပ်ရှင်တွေဖြစ်တဲ့ Avengers: Infinity War, Black Panther, Jurassic World: Fallen Kingdom နဲ့ Incridibles 2 တို့ဟာလည်း ဝင်ငွေဒေါ်လာ ဘီလျံချီ ရရှိခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Aquaman ဟာ ဒေါ်လာ ၁ ဘီလျံထိ ရရှိခဲ့တဲ့ (1209၃၇) ကားမြောက် ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ ဂျိမ်းစ်ဝမ်ကိုလည်း အခြားနံမည်ကြီး ဒါရိုက်တာတွေဖြစ်တဲ့ နိုလန်း၊ မိုက်ကယ် ဘေး၊ ပီတာ ဂျက်ဆန်နဲ့ ဂျိမ်းစ် ကန်မရွန်းတို့ကဲ့သို့ပင် ပုရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ ဒါရိုက်တာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အခုချိန်ထိ ဝင်ငွေအများဆုံးရရှိပြီး အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့တဲ့ဇာတ်ကားကတော့ ဒေါ်လာ ၂.၈ ဘီလျံထိ ဝင်ငွေရရှိခဲ့တဲ့ ဒါရိုက်တာ ဂျိမ်းစ် ကန်မရွန်းရဲ့ Avatar ဇာတ်ကားပဲဖြစ်ပါတယ်။

 

#ST(1209Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About Kyaw Naing Oo

Check Also

ဟင်းချက်ဆီကနေ လေယာဉ်လောင်စာဆီထုတ်ပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခု။

အမေရိကန်နိုင်ငံ တက္ကဆက်မြောက်ပိုင်းက Dellas Fort Worth နိုင်ငံတကာလေဆိပ်ဟာ စားသောက်ဆိုင်တွေက အကြော်ဆီကို သန့်စင်ပြီး ဂျက်လောင်စာဆီအဖြစ် ပြောင်းလဲဖို့ ကြိုးစားတဲ့ ကမ္ဘာ့ပထမဆုံး အထင်ကရလေဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro