လူကြည့်အများဆုံး ဂီတဖျော်ဖြေပွဲကြီးတစ်ခုရဲ့ အဓိက ဖျော်ဖြေတင်ဆက်မယ့်သူတွေကို တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါပြီ။
ပြီးခဲ့တဲ့ တနင်္ဂနွေက ထုတ်ပြန်ကြေငြာချက်တွေအရ Maroon 5 မှာ Pepsi မှ ကျင်းပပြုလုပ်တဲ့ Super Bowl LIII Halftime Show ပွဲတွင် Travis Scott နဲ့ Big Boi တို့နဲ့အတူ ဖျော်ဖြေတင်ဆက်မယ်လို့ သိရှိရပါတယ်။
#SBLIII pic.twitter.com/dWKJQDS9ap
— Maroon 5 (@maroon5) January 13, 2019
Travis Scott ဟာ မတရားတဲ့ ကိစ္စရပ်တွေကို ကူညီဖြေရှင်းပေးနေတဲ့ အမြတ်အစွန်းအတွက် ရည်ရွယ်ဖန်တီးထားခြင်းမဟုတ်သော Dream Corps သို့ ဒေါ်လာ (၅) သိန်း လှူဒါန်းနိုင်ရန် အမေရိကန် ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ National Football League နဲ့ ပူးပေါင်းခဲ့ခြင်း ဖြစ်တယ်လို့ သတင်းတစ်ခုရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
#SBLIII ATL let’s get it ! pic.twitter.com/L7LUk2MV5e
— Big Boi (@BigBoi) January 13, 2019
Scott မှ “ ကျွန်တော့်အနေနဲ့ Super Bowl Half Time Show မှာ ဖျော်ဖြေတင်ဆက်ဖို့ အတည်မပြုခင် NFL နဲ့ ပူးပေါင်းပြီး ယုံကြည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ Dream Corps ကို လှူဒါန်းခွင့်ရရှိတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ် . . . ” ဆိုပြီး သတင်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share