HomeEntertainmentGame of Thrones (Season 8) ရဲ့ ပထမဦးဆုံး Trailer ထွက်ရှိလာပြီး ထုတ်လွှင့်ပြသမယ့်ရက်အတိအကျကို ထုတ်ပြန်ကြေငြာ။

Game of Thrones (Season 8) ရဲ့ ပထမဦးဆုံး Trailer ထွက်ရှိလာပြီး ထုတ်လွှင့်ပြသမယ့်ရက်အတိအကျကို ထုတ်ပြန်ကြေငြာ။

- Advertisement -

Game of Thrones မှ Season 8 Trailer ကို ပြီးခဲ့တဲ့ တနင်္ဂနွေညက ထုတ်လွှင့်ပြသခဲ့ပြီး တရားဝင် ထုတ်လွှင့်ပြသမယ့်ရက်ကိုလည်း အတိအကျ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Season အသစ်ဖြစ်တဲ့ Season 8 ကို April 14, 2019 ခုနှစ်မှစတင်ကာ HBO ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမည်ဖြစ်ပြီး Season 8 ရဲ့ ဇာတ်သိမ်းပိုင်းကတော့ May 19 မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

- Advertisement -

ပထမဦးဆုံးထွက်ရှိလာတဲ့ Trailer မှာတော့ Winterfall ကနေ စတင်ခဲ့ပြီး John Snow, Sansa Stark နဲ့ Arya Stark တို့ မောင်နှမသုံးယောက်ဟာ သူတို့မိဘတွေနဲ့ ပုံတူ ပြုလုပ်ထားတဲ့ရုပ်ထုတွေရှိရာ လိုဏ်ဂူထဲကို လမ်းလျှောက်လာရင်း သူတို့ရဲ့ ပုံတူရုပ်ထုနားကို ရောက်ရှိလာကြပါတယ်။ ထို့နောက် ရုတ်တရက်ဆိုသလို ထူးထူးဆန်းဆန်းအသံတွေကြားရ၍  လှည့်ကြည့်ရာ ရုပ်တုတွေဟာ စတင်အေးခဲလာပြီး Night King ဟာ အနီးအနားသို့ ရောက်ရှိနေပြီဖြစ်တယ်ဆိုတာကို အရိပ်အမြွက် ဖော်ပြနေတဲ့ Trailer ပဲဖြစ်ပါတယ်။

- Advertisement -

- Advertisement -

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read