Breaking News
ကိုယ် ချစ်ခင်မြတ်နိုးသူတွေကို ချစ်ခင်မြတ်နိ်ုးတဲ့အကြောင်း ဘယ်လိုထုတ်ဖော်ပြသမလဲ ? ? ?
၁။ အလုပ်ပြီးချိန် ခေတ္တခဏ အချိန်ပေးပါ။
သင်နဲ့ သင့်လက်တွဲဖော် အလုပ်မှ အိမ်သို့ ပြန်ရောက်ချိန်တွင် ခေတ္တခဏအချိန်ပေးပြီး လုပ်ငန်းခွင်ထဲက အခြေအနေတွေ အဆင်ပြေမှုရှိ၊ မရှိ နွေးနွေးထွေးထွေး မေးမြန်းရပါမယ်။ ပြီးတော့မှ ညစာစားခြင်း၊ အနားယူခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
၂။ ဖုန်းလုံးဝ အသုံးမပြုပါနဲ့။
သင့်ရဲ့ လက်တွဲဖော်နဲ့ တွေ့ဆုံနေတဲ့အခါမျိုးတွေမှာ ဖုန်းလုံးဝ အသုံးမပြုမိပါစေနဲ့။ တစ်ဖက်လူကို ဂရုမစိုက်ဘဲ ဖုန်းပဲအသုံးပြုနေခြင်းဟာ ရိုင်းပျတဲ့ အပြုအမူပဲဖြစ်ပါတယ်။
၃။ နံနက်ခင်းကော်ဖီ ပြင်ဆင်ပေးပါ။
သင့်လက်တွဲဖော် အိပ်ယာမနိုးခင် နံနက်ခင်း စောစောထ၍ ကော်ဖီပူပူလေးတစ်ခွက် ပြင်ဆင်ပေးခြင်းကလည်း စိတ်ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။
၄။ အထိမ်းအမှတ်နေ့တွေ၊ အခမ်းအနားနေ့တွေမှာ ပန်းစည်းပေးဖို့ မမေ့ပါနဲ့။
မွေးနေ့ပဲဖြစ်စေ၊ နှစ်ပတ်လည် အထိမ်းအမှတ်ပဲဖြစ်စေ၊ ပျော်ရွှင်စရာကိစ္စတစ်ခုခု ရှိလို့ပဲဖြစ်စေ သင့်ချစ်သူကို ပန်းစည်းပေးဖို့ မမေ့ပါနဲ့။
၅။ ညနေခင်းအတူတူ လမ်းလျှောက်ထွက်ပါ။
အလုပ်အားလပ်ရက်တွေမှာ နှစ်ယောက်အတူတူ လမ်းလျှောက်ထွက်ပြီး နေဝင်ချိန်ကို ကြည့်ရှုပါ။
၆။ ညစာအတူတူ မကြာခဏ သုံးဆောင်ပါ။
ကောင်းမွန်ခမ်းနားတဲ့ စားသောက်ဆိုင်တွေမှာ ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ပြီး သင့်ချစ်သူကို မကြာခဏ ညစာ လိုက်ကျွေးပါ။
၇။ နေ့လည်စာ ပို့ပေးပါ။
သင့်ချစ်သူ အလုပ်များနေလို့ မအားမလပ်ဖြစ်နေတဲ့ အခါမျိုးတွေမှာ နေ့လည်စာပို့ပေးပါ။
၈။ အများအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးပါ။
နှစ်ယောက်အတူတူ အများအကျိုးပြုလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခြင်းဖြင့်လည်း အချင်းချင်း နားလည်မှုတွေ ပိုမို ရရှိနိုင်ပါတယ်။
၉။ ဓာတ်ပုံအတူတူရိုက်ပါ။
နှစ်ယောက်အတူတူ တွေ့ဆုံချိန်တိုင်းမှာ ဓာတ်ပုံအတူတူရိုက်ပြီး အမှတ်တရလေးတွေကို ကိုယ်တိုင်ဖန်တီးပါ။
၁၀။ ရုပ်ရှင်အတူတူကြည့်ပါ။
အားလပ်ရက်တွေမှာလည်း ရုပ်ရှင်အတူတူကြည့်ပြီး ကိုယ့်ချစ်သူကို အချိန်ပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။
၁၁။ နေ့လည်စာ အတူ သုံးဆောင်ပါ။
တကယ်လို့ သင့်ချစ်သူနဲ့ အလုပ်နေရာချင်းနီးတယ်ဆိုရင် နေ့လည်စာအတူတူ သုံးဆောင်နိုင်အောင် ကြိုးစားပါ။ ကိုယ်ချစ်တဲ့သူနဲ့ နေ့လည်စာအချိန်ကုန်ဆုံးခြင်းဖြင့်လည်း အလုပ်ထဲမှာ လိုအပ်တဲ့ခွန်အားတွေကို ဖြစ်စေပါတယ်။
၁၂။ ခရီးအတူတူထွက်ပါ။
ရက်ရှည်ပိတ်ရက်တွေမှာလည်း ခရီးအတူတူထွက်ခြင်းဖြင့် တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုမိုရရှိစေရုံသာမက ယုံကြည်မှုပိုတိုးစေပါတယ်။
၁၃။ အတူတူချက်ပြုတ်စားသောက်ပါ။
မိမိချစ်ခင်သူနဲ့ အတူတူ ချက်ပြုတ်စားသောက်ခြင်းကလည်း တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းချင်စိတ်ကို ဖြစ်စေပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဟင်းချက်ပြုတ်ရာမှာ ကျွမ်းကျင်မှု မရှိဘူးဆိုရင် ဟင်းချက်ပြုတ်ပြီးနောက် ရှင်းလင်းရေးကိစ္စရပ်တွေကို ပြုလုပ်ပေးသင့်ပါတယ်။
၁၄။ မကျွမ်းကျင်တဲ့ကိစ္စရပ်တွေကိုလည်း အတူတူ လေ့လာကြည့်ပါ။
ကျွမ်းကျင်မှုမရှိတဲ့ကိစ္စရပ်တွေကိုလည်း အတူတူ လေ့လာခြင်းဖြင့် အတွေ့အကြုံသစ်တွေကို ရရှိစေပြီး အချင်းချင်း ယုံကြည်နားလည်မှု ရရှိနိုင်ပါတယ်။
<Unicode Version>
ကိုယ် ချစ်ခင်မြတ်နိုးသူတွေကို ချစ်ခင်မြတ်နိုးတဲ့အကြောင်း ဘယ်လိုထုတ်ဖော်ပြသမလဲ ? ? ?
၇။       နေ့လည်စာ ပို့ပေးပါ။
၉။       ဓာတ်ပုံအတူတူရိုက်ပါ။
၁၂။     ခရီးအတူတူထွက်ပါ။
<Zawgyi Version>
#ST(Soshwe)
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share
About admin
Check Also
သူနာပြုတစ်ဦးရဲ့ကြင်နာမှုကြောင့် အသက်ဆက်ရှင်ခွင့်ရခဲ့တဲ့ ၈ နှစ်အရွယ်ကလေးငယ်။
Wrightstown ပြည်နယ်မှာနေထိုင်တဲ့ James Auten နဲ့ Ruth Auten တို့ရဲ့ အသက် ၈ နှစ်အရွယ်သားလေး Brayden Auten ဟာ ၂၀၂၀ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro