Breaking News

ရွှေကမ္ဘာလုံးဆုပေးပွဲသို့ တက်ရောက်လာသော Emma Stone ရဲ့ ဝတ်စုံ ပြုလုပ်ရန်အတွက် နာရီ (၈၀၀) ကျော်ကြာ ပြင်ဆင်ခဲ့ရ။

၂၀၁၉ ရွှေကမ္ဘာလုံးဆုပေးပွဲသို့ တက်ရောက်လာတဲ့ အမ်မာရဲ့ဖက်ရှင်ဒီဇိုင်းကတော့ လူတော်တော်များများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ မင်းသမီးဟာ ပန်းရောင်ဖျော့ဖျော့ Louis Vuitton ဂါဝန်ရှည်ကို ဝတ်ဆင်ပြီး မိတ်ကပ်အဖျော့နဲ့ ဆံပင်ကို Wave ပုံစံ အနည်းငယ် ကောက်ထားကာ ဆလင်ဒါပုံစံ လက်ကိုင်အိတ်နဲ့ ဆုပေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

People Magazine ရဲ့ ဖော်ပြချက်အရ သူမဝတ်ဆင်ထားတဲ့ ဂါဝန်ရှည်မှာ ဖန်စပေါင်း ၆၃၀၀၀ ကျော်နဲ့ အလှဆင်ထားပြီး ၄၉ ပေ ရှည်လျားတဲ့ ပန်းရောင် ပိတ်စကိုအသုံးပြုကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အမ်မာဟာ သူ့စိတ်တိုင်းကျ အဝတ်အစားဗီရိုထဲမှ  ရွေးချယ်ဝတ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနှစ်ဆုပေးပွဲမှာတော့ အသက် ၃၀ အရွယ်ရှိ မင်းသမီးဟာ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “ The Actress ” ဆိုတဲ့ဇာတ်ကားဖြင့်  Best Supporting Actress ဆုကို အမည်တင်သွင်းခြင်းခံထားရပါတယ်။ သူမရဲ့ ပထမဦးဆုံး ရွှေကမ္ဘာလုံးဆုကိုတော့ La LA Land ဇာတ်ကားဖြင့် ၂၀၁၇ခုနှစ်က ရရှိခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro