American Got Talent ရဲ့ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူ Mel B မှ ပထမဦးဆုံး Golden Buzzer စတင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
American Got Talent ပြိုင်ပွဲဟာ အကောင်းဆုံးသောသူတွေသာလျှင် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်တဲ့အတွက် အလွန်တရာမှ ပြိုင်ဆိုင်မှုအား ပြင်းထန်လှပါတယ်။ ပွဲအစီအစဉ်တင်ဆက်သူ Terry Crews အပါအဝင် အကဲဖြတ်ဒိုင်တွေဖြစ်ကြတဲ့ Simon Cowell, Heidi Klum, Mel B နဲ့ Howie Mandel တို့ အားလုံးပါ စိတ်လှုပ်ရှားကြတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ထို့ကြောင့်လည်း ပြိုင်ပွဲဝင် အများကြီးထဲကမှ အရမ်းကံကောင်းတဲ့ ပါရမီရှင် အနည်းစုကသာလျှင် Golden Buzzer ဆုကို ရရှိကြတာဖြစ်ပါတယ်။
Golden Buzzer ဆုကို ရရှိတဲ့သူတွေကတော့ ပြိုင်ပွဲအဆင့်ဆင့်ကို ယှဉ်ပြိုင်စရာမလိုတော့ဘဲ နောက်ဆုံး Final အဆင့်သို့ တိုက်ရိုက် တက်ရောက်နိုင်ခွင့် ရရှိခြင်းပဲဖြစ်ပါတယ်။ အကဲဖြတ် ဒိုင်လူကြီးတွေသာမက အစီအစဉ်တင်ဆက်သူတွေကပါ Golden Buzzer ဆုကို တစ်ကြိမ်စီ ပေးခွင့်ရှိပါတယ်။
Golden Buzzer ဆုကို ပေးအပ်ခံရသူမှာ Susan Boyle ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး The Rolling Stones ရဲ့ Wild Horses ကို သီဆိုခဲ့ခြင်းဖြစ်ပါတယ်။ Mel B မှလည်း “ Susan မှာ နတ်သမီးတစ်ယောက်လို အသုံမျိုး ပိုင်ဆိုင်ထားတဲ့အတွက် အခုလို Golden Buzzer ပေးရခြင်းဖြစ်တယ် . . . ” ဆိုပြီး ရှင်းပြခဲ့ပါတယ်။
https://www.youtube.com/watch?v=wGhXkzb0cHM&feature=youtu.be
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share