၂၀၁၉ မှာ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းလာပါပြီ။ ဇာတ်လမ်းအသစ်တွေသာမက အရင်တုန်းက လူကြိုက်များခဲ့တဲ့ ကာတွန်းကားတွေ၊ ရုပ်ရှင်တွေကို ပြန်လည်ပုံဖော်ရိုက်ကူးမယ့် ဇာတ်ကားတွေလည်း အများကြီးရှိပါတယ်။
Turner Classic Movie ရုပ်သံလိုင်းမှ ရုပ်ရှင်ဇာတ်ကားဟောင်း စုစုပေါင်း (၁၄)ကားကို ပြန်လည်ရိုက်ကူးပြီး ထုတ်လွှင့်ပြသမယ်လို့ ဖော်ပြခဲ့ပါတယ်။ သူတို့ ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်စာရင်းထဲမှာတော့ တစ်ချိန်က လူကြိုက်များပြီး ပုရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြတဲ့ The Wizard of OZ သာမက Steel Magnolias လည်း ပါဝင်လာပါတယ်။
တစ်ချိန်က နံမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုတော့ Turner Class Movie မှ ဘယ်လို ပြန်လည်ပုံဖော်မလဲဆိုတာကိုတော့ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share