Breaking News
Valentine’s Day မှာ ချစ်သူစုံတွဲတွေအနေနဲ့ ပြုုလပ်သင့်တဲ့အချက်များ။
Valentine’s Day မှာ ဘယ်နေရာမှ မသွားချင်လောက်အောင် Valentine’s Day ကို မုန်းတီးတဲ့သူတွေလည်းရှိသလို၊ မိမိရဲ့ ချစ်ခင်သူ၊ ကြင်နာသူနဲ့ တစ်နေ့တာလုံး အချိန်ကုန်ဆုံးချင်တဲ့သူတွေလည်း ရှိပါတယ်။ ချစ်သူလေးနဲ့အတူ Valentine’s Day ကို ကုန်ဆုံးချင်တဲ့သူတွေအတွက် အကြံညဏ်ကောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကြည်နူးဖွယ်ကောင်းတဲ့ ညစာကို အတူတူဖန်တီးပါ။
တကယ်လို့ သင့်အနေနဲ့ Valentine’s Day မှာ ကိုယ့်ချစ်သူနဲ့ အေးအေးချမ်းချမ်း ညစာလုပ်စားချင်တယ်ဆိုရင်တော့ ကိုယ်စားချင်တာတွေကို စာရွက်ပေါ်မှာချရေးပြီး စတင် အကောင်အထည်ဖော်ပါ။ မိမိကိုယ်တိုင် အချိန်ပေးပြီး စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ ညစာလောက် ဘယ်အရာကမှ ကောင်းမွန်မှာ မဟုတ်ပါဘူး။
၂။ ဒါမှမဟုတ် ကောင်းမွန်တဲ့စားသောက်ဆိုင်မှာ အရသာရှိရှိသုံးဆောင်ပါ။
တကယ်လို့ သင့်အနေနဲ့ စားသောက်ဆိုင်မှာ အေးအေးလူလူ စားသောက်ချင်တယ်ဆိုရင်တော့ ကောင်းမွန်တဲ့စားသောက်ဆိုင်တစ်ခုခုမှာ စကားပြောရင်း အချိန်ကုန်ဆုံးသင့်ပါတယ်။
၃။ Live Concert နားထောင်ပါ။
ကိုယ်ချစ်တဲ့သူနဲ့ အတူတူ Live Band လေးနားထောင်ပြီး Valentine’s Day မှာ အချိန်ကုန်ဆုံးရတာကလည်း ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းပါတယ်။
၄။ အနုပညာကိစ္စရပ်တစ်ခုခု ပြုလုပ်ပါ။
ပန်းချီဆွဲခြင်း၊ ပန်းပုထုခြင်း၊ ဒါမှမဟုတ် မိမိအကျွမ်းတဝင်ရှိတဲ့ အနုပညာရပ်တစ်ခုခုကို မိမိချစ်ခင်သူနဲ့ အတူတူ ပြုလုပ်ခြင်းဖြင့်လည်း သင့်ရဲ့ Valentine’s Day ကို အမှတ်တရဖြစ်စေမှာ ကျိန်းသေပါတယ်။
၅။ ခန္ဓာကိုယ်ကို နှိပ်နယ်ခြင်းဖြင့် အပန်းဖြေပါ။
အေးအေးချမ်းချမ်း အနားယူချင်သူတွေအတွက်ကတော့ အကြံညဏ်ကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။
၆။ တားရော့ဗေဒင်မေးပါ။
ဗေဒင်မေးခြင်းဟာလည်း အန္တရာယ်များတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပေမယ့် တစ်ယောက်အကြောင်းတစ်ယောက် သိဖို့အတွက်တော့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
၇။ သူငယ်ချင်းစုံတွဲတွေနဲ့အတူ အပြင်ထွက်လည်ပါ။
အခြား သူငယ်ချင်းစုံတွဲတွေနဲ့ ချိန်းဆိုပြီး လျှောက်လည်ခြင်းဟာလည်း တစ်ဦးနဲ့တစ်ဦး ခင်မင်မှုကို ပိုတိုးစေပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့အမှတ်တရတွေကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။
၈။ ရုပ်ရှင်အတူကြည့်ပါ။
များသောအားဖြင့် ချစ်သူ စုံတွဲတိုင်းလိုလို ရုပ်ရှင်အတူတူ ကြည့်ဖူးကြမှာပါ။ သို့ပေမယ့်လည်း ရုပ်ရှင်ရုံမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် Valentine’s Day ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ အချစ်ဇာတ်မြူးကားလေးတွေကို ကြည့်ချင်းအားဖြင့်လည်း သင့်ရဲ့ Valentine’s Day ကို အမှတ်တရဖြစ်စေမှာ ကျိန်းသေပါတယ်။
<Unicode Version>
Valentine’s Day မှာ ချစ်သူစုံတွဲတွေအနေနဲ့ ပြုလပ်သင့်တဲ့အချက်များ။
၆။       တားရော့ဗေဒင်မေးပါ။
၈။       ရုပ်ရှင်အတူကြည့်ပါ။
<Zawgyi Version>
#ST(Soshwe)
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share
About admin
Check Also
သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။
Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro