ချစ်သူ၊ ရည်းစားတွေ ပထမဦးဆုံးအကြိမ်အဖြစ် အပြင်မှာ ချိန်းတွေ့တယ်ဆိုတာဟာ ထင်သလောက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အလုပ်အကိုင်အင်တာဗျူးလိုပဲ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါပေမယ့်လည်း သိပြီးသားမေးခွန်းတွေကို ထပ်တလဲလဲမေးနေမယ့်အစား အခြားအကြောင်းအရာတွေကို ပြောခြင်းဖြင့်လည်း တစ်ဦးနဲ့တစ်ဦး ပိုမိုခင်မင်မှုကို ရရှိနိုင်ပါတယ်။
အရင်ဦးဆုံး သင်နဲ့ချိန်းတွေ့တဲ့သူကို သင်နဲ့ပက်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို အရဲစွန့်ပြီး အရင်ဆုံးမေးလိုက်ပါ။ သို့ပေမယ့်လည်း ဘာသာရေး၊ နိုင်ငံရေးနဲ့ ရည်စားဟောင်းတွေအကြောင်းကိုတော့ လုံးဝမမေးမိစေဖို့ အရေးကြီးပါတယ်။ တကယ်လို့ တစ်ဖက်လူက သိချင်တဲ့ မေးခွန်းတွေ မေးလာတဲ့အခါမျိုးမှာလည်း သင့်အနေနဲ့ စဉ်းစားတွေဝေမနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ မှန်မှန်ကန်ကန်ဖြေပေးဖို့ အရေးကြီးပါတယ်။ သို့မှသာလည်း တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေလေးနဲ့ အခက်အခဲမရှိဘဲ ပထမဦးဆုံးချိန်းတွေ့တဲ့နေ့လေးကို အကောင်းဆုံးဖြစ်စေမှာပါ။
တကယ်လို့ မိန်းကလေးတွေအနေနဲ့ အရင်တုန်းက အရက်အလွန်အကျွံသောက်သုံးသူတွေ၊ ဆေးသုံးစွဲသူတွေနဲ့ ချစ်ကြိုက်ဖူးတယ်ဆိုရင်တော့ အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို ပြောပြပြီး သင်နဲ့ အခုလက်ရှိ ချိန်းတွေ့နေသူက အရက်အလွန်အကျွံ သောက်သုံးခြင်း ရှိ၊ မရှိ၊ ဆေးသုံးစွဲခြင်း ရှိ၊ မရှိတို့ကို ပွင့်ပွင့်လင်းလင်း မေးမြန်းသင့်ပါတယ်။ “ အခုလိုမျိုး ပွင့်ပွင့်လင်းလင်း မေးမြန်းပြောဆိုခြင်းတွေဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကို တည်ဆောက်ရာမှာ အကူအညီဖြစ်စေနိုင်ခြင်း၊ ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး အဆင်ပြေလိုက်လျောညီထွေမှုရှိခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် . . .” ဆိုပြီး စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာ ရှားမန်းက ပြောကြားခဲ့ပါတယ်။
<Unicode Version>
ပထမဦးဆုံးအႀကိမ္ ခ်ိန္းေတြ႕တ့ဲအခါမ်ိဳးမွာ အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုျပင္ဆင္မလဲ ? ? ?
ခ်စ္သူ၊ ရည္းစားေတြ ပထမဦးဆုံးအႀကိမ္အျဖစ္ အျပင္မွာ ခ်ိန္းေတြ႕တယ္ဆိုတာဟာ ထင္သေလာက္ လြယ္ကူတ့ဲကိစၥေတာ့ မဟုတ္ပါဘူး။ ေယဘုယ်အားျဖင့္ ေျပာရမယ္ဆိုရင္ အလုပ္အကိုင္အင္တာဗ်ဴးလိုပဲ စိတ္လႈပ္ရွားဖို႕ေကာင္းပါတယ္။ ဒါေပမယ့္လည္း သိၿပီးသားေမးခြန္းေတြကို ထပ္တလဲလဲေမးေနမယ့္အစား အျခားအေၾကာင္းအရာေတြကို ေျပာျခင္းျဖင့္လည္း တစ္ဦးနဲ႕တစ္ဦး ပိုမိုခင္မင္မႈကို ရရွိႏိုင္ပါတယ္။
အရင္ဦးဆုံး သင္နဲ႕ခ်ိန္းေတြ႕တ့ဲသူကို သင္နဲ႕ပက္သက္ၿပီး သိခ်င္တ့ဲအေၾကာင္းအရာေတြကို အရဲစြန္႕ၿပီး အရင္ဆုံးေမးလိုက္ပါ။ သို႕ေပမယ့္လည္း ဘာသာေရး၊ ႏိုင္ငံေရးနဲ႕ ရည္စားေဟာင္းေတြအေၾကာင္းကိုေတာ့ လုံးဝမေမးမိေစဖို႕ အေရးႀကီးပါတယ္။ တကယ္လို႕ တစ္ဖက္လူက သိခ်င္တ့ဲ ေမးခြန္းေတြ ေမးလာတ့ဲအခါမ်ိဳးမွာလည္း သင့္အေနနဲ႕ စဥ္းစားေတြေဝမေနဘဲ ေပါ့ေပါ့ပါးပါးနဲ႕ မွန္မွန္ကန္ကန္ေျဖေပးဖို႕ အေရးႀကီးပါတယ္။ သို႕မွသာလည္း တစ္ဦးနဲ႕တစ္ဦး အဆင္ေျပေျပေလးနဲ႕ အခက္အခဲမရွိဘဲ ပထမဦးဆုံးခ်ိန္းေတြ႕တ့ဲေန႕ေလးကို အေကာင္းဆုံးျဖစ္ေစမွာပါ။
တကယ္လို႕ မိန္းကေလးေတြအေနနဲ႕ အရင္တုန္းက အရက္အလြန္အကၽြံေသာက္သုံးသူေတြ၊ ေဆးသုံးစြဲသူေတြနဲ႕ ခ်စ္ႀကိဳက္ဖူးတယ္ဆိုရင္ေတာ့ အရင္တုန္းက ျဖစ္ပ်က္ခ့ဲတ့ဲ ကိစၥရပ္ေတြကို ေျပာျပၿပီး သင္နဲ႕ အခုလက္ရွိ ခ်ိန္းေတြ႕ေနသူက အရက္အလြန္အကၽြံ ေသာက္သုံးျခင္း ရွိ၊ မရွိ၊ ေဆးသုံးစြဲျခင္း ရွိ၊ မရွိတို႕ကို ပြင့္ပြင့္လင္းလင္း ေမးျမန္းသင့္ပါတယ္။ “ အခုလိုမ်ိဳး ပြင့္ပြင့္လင္းလင္း ေမးျမန္းေျပာဆိုျခင္းေတြဟာ တစ္ဦးနဲ႕တစ္ဦး ယုံၾကည္မႈကို တည္ေဆာက္ရာမွာ အကူအညီျဖစ္ေစႏိုင္ျခင္း၊ ပိုမိုရင္းႏွီးကၽြမ္းဝင္မႈရွိျခင္းနဲ႕ တစ္ဦးနဲ႕တစ္ဦး အဆင္ေျပလိုက္ေလ်ာညီေထြမႈရွိျခင္းတို႕ကို ျဖစ္ေစႏိုင္ပါတယ္ . . .” ဆိုၿပီး စိတ္ေရာဂါအထူးကုဆရာဝန္ ေဒါက္တာ ရွားမန္းက ေျပာၾကားခ့ဲပါတယ္။
<Zawgyi Version>
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share