Breaking News

ဂရိမှာ စီးပွားရေး အင်ပါယာကြီးတစ်ခု တည်ဆောက်နေတဲ့ Lindsay Lohan

လင်ဆေးလိုဟန်ရဲ့ Mykonos မှာရှိတဲ့ Beach Club ဟာ အခုဆို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး သူမအနေနဲ့ ဂရိမှာ စီးပွားရေးအင်ပါယာကြီးတစ်ခု တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ ဒါ့အပြင် ဂရိနိုင်ငံ အေသင်မြို့မှာ Night Club တစ်ခု ပိုင်ဆိုင်သလို ရို့ဒ်မြို့မှာလည်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခုကို ဖွင့်လှစ်ထားပါတယ်။ ၂၀၀၇ ခုနှစ်ကနေ စတင်ပြီး လင်ဆေးအနေနဲ့ ဂရိမှာ စီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်လာခဲ့ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း

Lohan Mykonos ဆိုတဲ့ Beach Club ကို ကာလိုလီဗာဒီ ကမ်းခြေမှာ တည်ဆောက်ခဲ့ပါတယ်။ Website တစ်ခုမှာ ဖော်ပြချက်အရ “ Lohan Mykonos ကမ်းခြေအပန်းဖြေကလပ်ဟာ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေပြီး စိတ်ကူးယဉ်ဆန်ဆန် တည်ဆောက်ထားခြင်းဖြစ်ပါတယ် . . . ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

၂။ စားသောက်ဆိုင်

Lohan Beach House မှာလည်း စားသောက်ဆိုင်ပါရှိပြီး မြေထဲပင်လယ်နဲ့ သက်ဆိုင်တဲ့ အစားအစာတွေကို မမျှော်လင့်ထားတဲ့ အရသာလေးတွေနဲ့ ပေါင်းစပ်ထားသဖြင့် စားသုံးသူတွေကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့သင်ဟာ သက်သက်လွတ်စားသုံးတစ်ဦးဆိုရင်တော့ ၂၅ ဒေါ်လာကနေ ၇၅ ဒေါ်လာအတွင်း သင့်စိတ်တိုင်းကျ သုံးဆောင်လို့ရပါတယ်။

၃။ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်

ကော့တေးအနည်းငယ်သောက်ပြီးနောက် အင်္ဂလန်စတိုင် အပြင်အဆင်အခမ်းအနားနဲ့ လင်ဆေးရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်မှာလည်း ဝင်ရောက်ကြည့်ရှုပြီး လက်ဆောင်ပစ္စည်းတွေ ဝယ်ယူလို့ရပါတယ်။

၄။ အညောင်းအညာပြေစေရန်နှင့် အပန်းဖြေအနားယူနိုင်ရန် ဖွင့်လှစ်ထားသော အနှိပ်ခန်း။

ပင်လယ်ကမ်းခြေသို့ အပန်းဖြေလာရောက်သူများ အဆင်ပြေနိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

လင်ဆေးအနေနဲ့ Lohan Beach Club အပြင် အခြားစီးပွားရေးတွေလည်း ရှိသေးတာကြောင့် အလုပ်များနေမှာ ကျိန်းသေပြီး သူမရဲ့ အပန်းဖြေကလပ်မှာ အချိန်ပြည့်ရှိနေနိုင်မယ် မထင်ပါဘူး။ သို့သော်လည်းပဲ သူမရဲ့ Instagram Story တွေမှာတော့ သူမရဲ့ အပန်းဖြေကလပ်မှာ အချိန်ကုန်ဆုံးနေတဲ့ပုံတွေကို အများဆုံး တွေ့မြင်ရမှာဖြစ်ပါတယ်။

<Unicode Version>

 

 

 

ဂရိမွာ စီးပြားေရး အင္ပါယာႀကီးတစ္ခု တည္ေဆာက္ေနတ့ဲ Lindsay Lohan

လင္ေဆးလိုဟန္ရဲ႕ Mykonos မွာရွိတ့ဲ Beach Club ဟာ အခုဆို တရားဝင္ ဖြင့္လွစ္လိုက္ၿပီျဖစ္ၿပီး သူမအေနနဲ႕ ဂရိမွာ စီးပြားေရးအင္ပါယာႀကီးတစ္ခု တည္ေဆာက္ရန္ ႀကိဳးပမ္းလ်က္ရွိပါတယ္။ ဒါ့အျပင္ ဂရိႏိုင္ငံ ေအသင္ၿမိဳ႕မွာ Night Club တစ္ခု ပိုင္ဆိုင္သလို ရို႕ဒ္ၿမိဳ႕မွာလည္း ပင္လယ္ကမ္းေျခ အပန္းေျဖစခန္းတစ္ခုကို ဖြင့္လွစ္ထားပါတယ္။ ၂၀၀၇ ခုႏွစ္ကေန စတင္ၿပီး လင္ေဆးအေနနဲ႕ ဂရိမွာ စီးပြားေရးလုပ္ငန္းေတြ စတင္လုပ္ေဆာင္လာခ့ဲပုံေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

 

၁။       ပင္လယ္ကမ္းေျခ အပန္းေျဖစခန္း

Lohan Mykonos ဆိုတ့ဲ Beach Club ကို ကာလိုလီဗာဒီ ကမ္းေျခမွာ တည္ေဆာက္ခ့ဲပါတယ္။ Website တစ္ခုမွာ ေဖာ္ျပခ်က္အရ “ Lohan Mykonos ကမ္းေျခအပန္းေျဖကလပ္ဟာ သဘာဝအလွတရားေတြနဲ႕  ျပည့္ႏွက္ေနၿပီး စိတ္ကူးယဥ္ဆန္ဆန္ တည္ေဆာက္ထားျခင္းျဖစ္ပါတယ္ . . . ” ဆိုၿပီး ေရးသားေဖာ္ျပထားပါတယ္။

 

၂။       စားေသာက္ဆိုင္

Lohan Beach House မွာလည္း စားေသာက္ဆိုင္ပါရွိၿပီး ေျမထဲပင္လယ္နဲ႕ သက္ဆိုင္တ့ဲ အစားအစာေတြကို မေမွ်ာ္လင့္ထားတ့ဲ အရသာေလးေတြနဲ႕ ေပါင္းစပ္ထားသျဖင့္ စားသုံးသူေတြကို စိတ္ေက်နပ္မႈ ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။  တကယ္လို႕သင္ဟာ သက္သက္လြတ္စားသုံးတစ္ဦးဆိုရင္ေတာ့ ၂၅ ေဒၚလာကေန ၇၅ ေဒၚလာအတြင္း သင့္စိတ္တိုင္းက် သုံးေဆာင္လို႕ရပါတယ္။

 

၃။       အမွတ္တရ လက္ေဆာင္ပစၥည္းဆိုင္

ေကာ့ေတးအနည္းငယ္ေသာက္ၿပီးေနာက္ အဂၤလန္စတိုင္ အျပင္အဆင္အခမ္းအနားနဲ႕ လင္ေဆးရဲ႕ အမွတ္တရ လက္ေဆာင္ပစၥည္းဆိုင္မွာလည္း ဝင္ေရာက္ၾကည့္ရႈၿပီး လက္ေဆာင္ပစၥည္းေတြ ဝယ္ယူလို႕ရပါတယ္။

 

၄။       အေညာင္းအညာေျပေစရန္ႏွင့္ အပန္းေျဖအနားယူႏိုင္ရန္ ဖြင့္လွစ္ထားေသာ အနွိပ္ခန္း။

ပင္လယ္ကမ္းေျခသို႕ အပန္းေျဖလာေရာက္သူမ်ား အဆင္ေျပႏိုင္ေအာင္ ရည္ရြယ္ၿပီး ဖြင့္လွစ္ထားျခင္းျဖစ္ပါတယ္။

 

လင္ေဆးအေနနဲ႕ Lohan Beach Club အျပင္ အျခားစီးပြားေရးေတြလည္း ရွိေသးတာေၾကာင့္ အလုပ္မ်ားေနမွာ က်ိန္းေသၿပီး သူမရဲ႕ အပန္းေျဖကလပ္မွာ အခ်ိန္ျပည့္ရွိေနႏိုင္မယ္ မထင္ပါဘူး။ သို႕ေသာ္လည္းပဲ သူမရဲ႕ Instagram Story ေတြမွာေတာ့ သူမရဲ႕ အပန္းေျဖကလပ္မွာ အခ်ိန္ကုန္ဆုံးေနတ့ဲပုံေတြကို အမ်ားဆုံး ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro