(1209၁၁) လသားအရွယ် သမီးလေး စတော်မီဟာ မိခင်ဖြစ်သူ ကိုင်လီနဲ့အတူတူ နိုဘူလို့ခေါ်တဲ့ ဂျပန်စားသောက်ဆိုင်မှာ ပထမဦးဆုံး ညစာစားသုံးခဲ့ပါတယ်။ အခုလို နိုဘူလိုဆိုင်ကြီးမျိုးမှာ ညစာ စားသုံးခွင့်ရတဲ့အတွက် စတော်မီအနေနဲ့ အလွန်ပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။ ဘာလို့လဲဆိုတော့ နိုဘူ ဂျပန်စားသောက်ဆိုင်ဟာ ဈေးကြီးတဲ့ ထိပ်တန်း စားသောက်ဆိုင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
ရက်ပ်အဆိုတော် Future နဲ့ ဒေးဗစ်ဘက်ခမ်းတို့လို အာင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ၊ ငွေကြေးချမ်းသာသူတွေရဲ့ အကြိုက်ဆုံးစားသောက်ဆိုင်ဖြစ်ရုံသာမက Dating Application တစ်ခုဖြစ်တဲ့ “ Bumble ” Application မှလည်း စုံတွဲတွေ ချိန်းတွေ့ရာမှာ စိတ်ကူးယဉ်ဆန်ဆန် တွေ့ဆုံနိုင်စေရန် ရည်ရွယ်၍ တွေ့ဆုံရန်အကောင်းနေရာတစ်ခုအဖြစ် Application ထဲတွင် ထည့်သွင်းဖော်ပြပေးထားပါတယ်။
စတော်မီအနေနဲ့ ပထမဦးဆုံးအဖြစ် “ Sashimi ” ကို စားသုံးရန် ရွေးချယ်ခဲ့ပါတယ်။ ကိုင်လီမှလည်း သူတို့သားအမိနှစ်ယောက်ရဲ့ ညစာ သုံးဆောင်နေပုံကို Instagram Story မှာ ဖော်ပြခဲ့ပြီး သူတို့သားအမိဟာ ၆၃ ဒေါ်လာတန်တဲ့ “ White Sashimi ” ကို မှာယူစားသုံးခဲ့ခြင်းဖြစ်ပါတယ်။
#ST(1209Soshwe)
#SoshweForYourDailyLife
#SoshweCelebrity
#Like&Share