အသက် (၃၃)နှစ်အရွယ်ရှိ ရာမီဟာ ရွှေကမ္ဘာလုံးဆု ရရှိပြီးနောက် ဇာတ်ကားထဲမှ ကူညီပံ့ပိုးသူတော်တော်များများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပေမယ့် ဒါရိုက်တာဖြစ်သူ ဘရိုင်ယန်ကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
အသက် (၅၃)နှစ်အရွယ် ဒါရိုက်တာ ဘရိုင်ယန်ဟာ Bohemian Rhapsody ဇာတ်ကားကို ရိုက်ကူးနေစဉ်အတွင်း ရက်အနည်းငယ်ကြာ အကြောင်းကြားခြင်းမရှိဘဲ ပျက်ကွက်ခဲ့သဖြင့် ဒါရိုက်တာအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ထိုသို့ထုတ်ပယ်ခံရခြင်းကလည်း ဘရိုင်ယန်နဲ့ မင်းသား ရာမီတို့အကြား တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဘရိုင်ယန်က လိင်အကြမ်းဖက်မှုကိစ္စနဲ့ စွပ်စွဲခံရပါတယ်။ ၂၀၁၇ ခုနှစ်က ဘရိုင်ဟာ အသက် (၁၇)နှစ်အရွယ် ကောင်လေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဘရိုင်ယန်အနေနဲ့ စွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပြီး “ အခုလို အချိန်အခါမျိုးမှာ လူတွေရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေကို အလွယ်တကူ ထိခိုက်ပျက်စီးအောင် ပြုလုပ်နိုင်ပါတယ်။ အခုလို သတင်းတွေ ထွက်ပေါ်လာတာဟာ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွှမ်းအောင် ပြုလုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ပါတယ်။ အခြေအမြစ်မရှိတဲ့ သတင်းဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ပြန်လည်ဖြေရှင်းနေမှာ မဟုတ်ပါဘူး . . . ” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ရာမီမှလည်း သူ့ရဲ့ကျေးဇူးတင်စကားပြောကြားရာမှာ ဘရိုင်ယန်ကို ချန်လှပ်ထားခဲ့ခြင်းနဲ့ပက်သက်ပြီး ယခုလို ရှင်းပြခဲ့ပါတယ်။ “ ကျွန်တော်တို့အနေနဲ့ အခုချိန်မှာ ပြုလုပ်ရမှာက ဖရက်ဒီ မာကျူရီရဲ့ အောင်ပွဲကို ဂုဏ်ပြုပေးဖို့အတွက်ပဲဖြစ်ပါတယ်။ ဖရက်ဒီဟာ အဲ့သြဖွယ်ကောင်းလောက်အောင် အရမ်းတော်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖရက်ဒီဆိုတာ တစ်ယောက်တည်းပဲရှိပြီး မည်သည့်ကိစ္စရပ်ကမှ ဖရက်ဒီကို ချစ်ခင်တာတွေ၊ သူ့ရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ပြုပေးတာတွေ၊ သူရဲ့ အောင်မြင်မှုတွေနဲ့ ထိုက်တန်တဲ့ ကိစ္စရပ်တွေကို ပြုလုပ်ပေးရာမှာ တားဆီးနှောက်ယှက်လို့ ရမှာ မဟုတ်ပါဘူး . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ထို့နောက် ရာမီမှ The Queen အဖွဲဝင်များဆီသို့ သွားရောက်ပြီး “ ကျွန်တော်တို့အားလုံးအတွက်သာမက တစ်ကမ္ဘာလုံးအတွက် ဂီတလောကမှာ စစ်မှန်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့တဲ့ ဘရိုင်ယန်မေနဲ့ ရော်ဂျာတေလာတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
#ST(1209Soshwe)
#SoshweForYourDailyLife
#SoshweEntertainment
#Like&Share