Breaking News

Lady Gaga ရဲ့ ရှိုးပွဲမှာ ပွဲကြမ်းခဲ့တဲ့ Celine Dion

ပြီးခဲ့တဲ့ အားလပ်ရက်တွေတုန်းက အီတလီ – အမေရိကန် အဆိုတော် လေဒီဂါဂါမှ လတ်စ်ဗီးဂတ်စ်မှာ ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဘရက်တလေ ကူပါးနဲ့အတူတူ သရုပ်ဆောင်ထားတဲ့ “ A Star is Born ”  ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးပြီးနောက်ပိုင်း ပထမဦးဆုံး ပြန်လည်ဖျော်ဖြေခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာတော့ လူထာင်ကျော်လောက်က သူမရဲ့ သီချင်းတွေနဲ့အတူ  မြူးတူးခုန်ပေါက်ကာ ပျော်ပါးခဲ့ကြပါတယ်။ ထိုအထဲမှာတော့ ကမ္ဘာကျော် ပေါ့အဆိုတော် ဆီလင်း ဒီယွန်းလည်း အပါအဝင်ဖြစ်ပါတယ်။ ဆီလင်းဟာလည်း သူမကို ထောက်ခံအားပေးသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ပုရိသတ်တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဖျော်ဖြေနေစဉ်အတောအတွင်းမှာလည်း လေဒီဂါဂါမှ ပုရိသတ်တွေကြား အားပေးနေတဲ့ ဆီလင်း ဒီယွန်ကို ဝမ်းသာအားရ ပုရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

 

#ST(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro