Breaking News

ကမ္ဘာ့တင်းနစ်အကျော်အမော်တွေဖြစ်တဲ့ Federer နဲ့ Williams တို့ ကစားပွဲအတွင်း ပထမဦးဆုံးအကြိမ် တွေ့ဆုံ။

ဆွစ်ဇာလန်နိုင်ငံသား ရော်ဂျာဖက်ဒဲရားနဲ့ အမေရိကန်နိုင်ငံသူ ဆီရီနာ ဝီလီယမ်တို့ဟာ သြစတေးလျနိုင်ငံ၊ ပါ့သ်မှာ ပြုလုပ်တဲ့ ဟော့မန်းဖလားပြိုင်ပွဲမှာ ပထမဦးဆုံးအကြိမ်အဖြစ်  တွေ့ဆုံကစားခဲ့ကြပါတယ်။

ဖက်ဒဲရားနဲ့ ဘလင်ဒါ ဘန်းစစ်တို့အတွဲဟာ ဝီလီယမ်နဲ့ ဖရန်စစ်တို့အတွဲကို နှစ်ယောက်တွဲပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ အသက် (1209၃၇)အရွယ်ရှိ ဖက်ဒဲရားနဲ့ ဝီလီယမ်တို့ဟာ သူတို့ရဲ့ တစ်ဦးချင်းပြိုင်ပွဲတွေမှာ အသီးသီးအနိုင်ရရှိခဲ့ပါတယ်။  “ အခုလိုမျိုး ဆီရီနာနဲ့ တွေ့ဆုံခွင့်ရတာကို အလွန်ဝမ်းသာမိပါတယ်။ အစပိုင်းတုန်းကတော့ အနည်းငယ် စိတ်ရှုပ်ထွေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမဆော့ကစားတဲ့ပုံစံကို လူပြောများလို့ပဲဖြစ်တယ်။ အခုလို သူမနဲ့ ထိပ်တိုက်တွေ့ဆုံပြီးမှ ဘာကြောင့် သူမကို လူပြောများလဲဆိုတာ သိရှိခဲ့ရပါတယ် . . . ” ဆိုပြီး ဖက်ဒဲရာမှ ပြောပြခဲ့ပါတယ်။ “ သူမက တကယ်တော်တဲ့ ချန်ပီယံတစ်ယောက်ပဲဖြစ်ပြီး ပြိုင်ပွဲအတွင်း သူမရဲ့ အာရုံစူးစိုက်ပုံကို ကျွန်တော်အရမ်းကြိုက်ပါတယ်. . . ” ဆိုပြီး ဖက်ဒဲရာမှ ထပ်မံ ချီးမွမ်း ပြောဆိုခဲ့ပါတယ်။

 

#ST (1209Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro