မင်းသားကြီး Tom Hanks ဆိုတာကတော့ ဟောလီးဝုဒ်မှာ နာမည်ရပြီးသား မင်းသားကြီးတစ်ယောက်ပဲဖြစ်ပါတယ်။
အသက် (၆၂)နှစ်အရွယ် မင်းသားကြီးကတော့ ဒီတစ်ပတ်အစောပိုင်းတုန်းက မိသားစုနဲ့အတူ ကယ်လီဖိုးနီးယားကို ခရီးထွက်ခဲ့ပါတယ်။ ခရီးသွားနေရင်းနဲ့ လမ်းတစ်ဝက်မှာ ဗိုက်ဆာလာတော့ In-N-Out ဆိုတဲ့ ဘာဂါဆိုင်မှာ ခေတ္တရပ်နားပြီး မိသားစုလိုက် ဝင်ရောက်စားသောက်ကြပါတယ်။ အော်စကာဆုရှင် မင်းသားကြီးဖြစ်တဲ့ Tom Hanks ဟာ သူရပ်နားခဲ့တဲ့ဘာဂါဆိုင်မှာ စားသုံးနေကြသူအားလုံးရဲ့ ကုန်ကျစားရိတ်ကို ရှင်းပေးခဲ့ရုံမက ပုရိသတ်တွေနဲ့အတူတူ ဓာတ်ပုံတွဲရိုက်ကာ Surprise ပြုလုပ်ခဲ့ပါတယ်။ Tom ရဲ့ ဇနီး Rita Wilson မှလည်း ပုရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူပြန်ထွက်တဲ့အခါမှာလည်း ယာဉ်ရပ်နားထားတဲ့နေရာက ကားသမားတွေကို နေ့လည်စာဖိုး ရှင်းပေးခဲ့ပါသေးတယ်။
http://www.facebook.com/renee.chavez.9210/videos/2277405559248827/
http://www.instagram.com/p/BrqYjdLnBIo/?utm_source=ig_embed
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share