တကယ်လို့သင်ဟာ မိန်းကလေးတစ်ယောက်ဆိုရင် သင့်အနေနဲ့ ချစ်သူ၊ ရည်းစား ထားတော့မယ်လို့ ဆုံးဖြတ်လိုက်သည်ဖြစ်စေ၊ လက်ရှိ ချစ်သူရည်းစား ရှိတဲ့သူပဲဖြစ်စေ ယခုပြောပြချင်တဲ့ အကြောင်းအရာကို ဂရုတစိုက်နဲ့ အလေးထားဖို့ အကြံပေးချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လက်ရှိလေ့လာတွေ့ရှိချက်တွေအရ အမျိုးသားတွေဟာ ချစ်သူ၊ ရည်စား ပေါင်းသင်းဆက်ဆံရေးထက်၊ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုပျော်ရွင်ကြလို့ပဲဖြစ်ပါတယ်။ မကြာသေးမီကပဲ ဆန့်ကျင်ဖက်လိင်ကိုသာ စိတ်ဝင်စားတဲ့ အမျိုးသား အယောက် (၃၀) ကို အင်တာဗျူးပြုလုပ်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့ အများစုက သူငယ်ချင်း၊ မိတ်ဆွေပေါင်းသင်းဆက်ဆံရေးဟာ လွတ်လပ်မှုရှိခြင်း၊ ရင်ဖွင့်ထုတ်ဖော် ပြောပြလို့ရခြင်း၊ အဆင်မပြေမှုများအတွက် တိုင်ပင်ဆွေးနွေးလို့ရခြင်း၊ နေ့စဉ်လုပ်ငန်းခွင်အတွေ့အကြုံတွေကို မျှဝေလို့ရခြင်းနဲ့ ချစ်သူရည်းစားအကြောင်း တိုင်ပင်ဆွေးနွေးလို့ရခြင်း စတဲ့အချက်တွေကြောင့် သူငယ်ချင်း၊ မိတ်ဆွေ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုကြိုက်နှစ်သက်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ရည်းစားထားတော့မယ်ဆိုရင် သင့်ကောင်လေးချစ်သူက သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို အလေးထားသူတစ်ယောက် ဖြစ်တယ်ဆိုရင် သင့်အနေနဲ့ ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်လေးတွေကိုလည်း သတိထားဖို့ လိုအပ်ပါတယ်နော် . . .
<Unicode Version>
အမျိုးသားအများစုဟာ ချစ်သူ၊ ရည်းစား ဆက်ဆံရေးထက် သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုအလေးထား။
<Zawgyi Version>
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share