Breaking News

မင်္ဂလာဆောင်သို့ ဖိတ်ကြားခြင်းမပြုခဲ့သဖြင့် Nick Jonas ကို မကျေမနပ်ဖြစ်နေတဲ့ Demi Lovato

Camp Rock ရုပ်ရှင်ဇာတ်ကားရိုက်ကူးကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ Nick နဲ့ Demi တို့ရဲ့ ခင်မင်မှုသက်တမ်းဟာ (၁၀)နှစ်နီးပါရှိသော်လည်း Nick မှ ဒီဇင်ဘာ (၁)ရက်နေ့က ပြုလုပ်တဲ့ သူ့ရဲ့မင်္ဂလာပွဲသို့ ဖိတ်ကြားခြင်းမရှိခဲ့သဖြင့် Demi မှ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။

Nick Jonas နဲ့ Priyanka Chopra တို့ဟာ အိန္ဒိယနိုင်ငံ၊ Jodhpur မှာ (1209၅)ရက်ကြာ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ သူတို့ မင်္ဂလာပွဲကျင်းပတဲ့အချိန်မှာတော့ အသက် (၂၆)နှစ်အရွယ် Demi ဟာ  ဆေးအလွန်အကျွံသုံးစွဲရာကနေ ပြန်လည်နာလန်ထူလာတာ (၁)လပြည့်ပြီးတဲ့ အချိန်လည်းဖြစ်နေပါတယ်။ ထိုစဉ်အခါကလည်း အသက် (၂၆)နှစ်အရွယ်ရှိ Joe Jonas မှ Demi နဲ့ ပက်သက်ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ “ Demi အကြောင်းကြားကြားချင်း အရမ်းစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့အားလုံး သူမအမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့အတွက် ဆုတောင်းပေးလိုက်ကြရအောင် . . .” ဆိုပြီး ပုရိသတ်တွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။

သို့ပေမယ့်လည်း အခုလက်ရှိအခြေအနေမှာတော့ Demi မှ Nick ကို Instagram မှာ Follow လုပ်ထားခြင်း မရှိတော့ပါဘူး။ နီးစပ်ရာအသိုင်းအဝိုင်းရဲ့ ပြောကြားချက်အရ Demi ကလည်း Nick ရဲ့ မင်္ဂလာဆောင်နဲ့ပက်သက်ပြီး ကောင်းချီးပေးခဲ့တယ်လို့ သိရှိရပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro